အသေးစား အလတ်စားလုပ်ငန်း (SME) အဖွဲ့ဝင်ကတ်

ဆောင်းပါးကို ဝေမျှရန်

SME အဖွဲ့ဝင်ကတ်ဆိုတာ အသေးစား အလတ်စားလုပ်ငန်း (SME) အဖြစ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးမှ  အသိအမှတ်ပြုတဲ့ အသင်းဝင်ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ 

SME အဖွဲ့ဝင်ကတ်ကို အောင်မြင်စွာ လျှောက်ထားရရှိပြီးတဲ့ အသေးစား အလတ်စားလုပ်ငန်းတွေက SME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (SME Development Agency) မှ ပြုလုပ်တဲ့ စွမ်းရည်မြင့်တင်ခြင်း၊ ဗဟုသုတဝေမျှခြင်း၊ လုပ်ငန်းတူများ ချိတ်ဆက်ပေးခြင်း အစရှိတဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် SME အဖွဲ့ဝင်ကတ် ပြုလုပ်ထားခြင်းဖြင့် Credit Guarantee Insurance (CGI) မှ အသေးစား အလတ်စားလုပ်ငန်းချေးငွေ အပါအဝင် မြန်မာ့စီးပွားရေးဘဏ် (MEB)၊ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMEDB) နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) မှလည်း အသေးစား အလတ်စားလုပ်ငန်း (SME) ချေးငွေတွေကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်dingarအစိုးရဘဏ်များအကြောင်းဒီမှာလေ့လာပါ။

အဖွဲ့ဝင်ကတ်လျှောက်မယ်ဆိုရင် ပထမဦးဆုံး သက်ဆိုင်ရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ရုံးခွဲ (DISI) မှာ လိုအပ်ချက်တွေကို စစ်ဆေးပါdingar။ ရုံးခွဲစာရင်းကို ဒီဆောင်းပါးရဲ့ အောက်ဆုံးမှာ ပေးထားတဲ့ လင့်ခ် (link) ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

အဖွဲ့ဝင်ကတ်လျှောက်ထားမယ့် လုပ်ငန်းက ၂၀၁၅ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ SME အဖြစ် သတ်မှတ်ခြင်း ခံရဖို့ လိုပါတယ်dingarSME ရဲ့ အဓိပ္ပာယ်ကို ဒီမှာလေ့လာနိုင်ပါတယ်Tank

လျှောက်ထားလိုတဲ့ လုပ်ငန်းက သက်ဆိုင်တဲ့ လုပ်ငန်းလိုင်စင်၊ ခွင့်ပြုချက်ရှိဖို့ လိုပါတယ်dingar။ လုပ်ငန်းလိုင်စင်၊ ခွင့်ပြုချက် သို့မဟုတ် မှတ်ပုံတင်ဖို့ မလိုအပ်တဲ့ လုပ်ငန်းဆိုရင်တော့ အောက်က အချက်လေးတွေနဲ့ ကိုက်ညီမှုရှိရပါမယ်။

  • ပတ်ဝန်းကျင်ရှိ နေထိုင်သူများ၏ ကျန်းမာရေးကို ထိခိုက်မှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ခြင်း၊ အလုပ်သမားများ၏ ကျန်းမာရေးအပေါ် ထိခိုက်မှုမရှိခြင်း။
  • ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မီးဘေးအန္တရာယ်ကင်းရှင်းခြင်း၊ အလုပ်ခွင် အန္တရာယ်ကင်းရှင်းခြင်း။

SME အဖွဲ့ဝင်ကတ်လျှောက်ထားတဲ့အခါ လျှောက်လွှာများကို သက်ဆိုင်ရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှာ တင်သွင်းရမှာဖြစ်ပြီး ဝန်ဆောင်ခ အနည်းငယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။  

ပိုပြီး အသေးစိတ်ကျကျ သိချင်တယ်ဆိုရင်တော့ နီးစပ်ရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (DISI) ကို ဆက်သွယ်မေးမြန်းပါdingarDISI ရုံးခွဲများ

SME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအကြောင်းနဲ့ ဝန်ဆောင်မှုတွေကို ဆက်လက်လေ့လာချင်တယ်ဆိုရင် သူတို့ရဲ့ ဝက်ဘ်ဆိုက် (Website) မှာ လေ့လာနိုင်ပါတယ်dingarSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ

SME အဖွဲ့ဝင်ကတ်ကို msmewebportal.gov.mm တွင် အွန်လိုင်းမှတစ်ဆင့် ပြန်လည် လျှောက်ထားနိုင်ပါပြီdingar။ ဒါပေမယ့် အဆင်မပြေမှုတစ်ချို့ကို တွေ့ရတဲ့အတွက် မလျှောက်ထားခင် ကိုယ့်နဲ့နီးစပ်ရာ DISI ဌာနမှာ အရင်ဆုံးမေးမြန်းကြည့်ဖို့ အကြံပေးချင်ပါတယ်Tank

အသေးစားအလတ်စားလုပ်ငန်းအဖွဲ့ဝင်ကတ် SMEအဖွဲ့ဝင်ကတ် SMEအဖွဲ့ဝင် DISIရုံးခန်း DISIရုံး SME အဖွဲ့ဝင်ကတ် ဘယ်လိုလျှောက်ရမှာလဲ DISIရုံးခန်း DISIရုံး sme member card how to apply disi office

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။