မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရရှိနိုင်သော တောင်သူချေးငွေများ
ဆောင်းပါးကို ဝေမျှရန်
စိုက်ပျိုးရေးကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ အရေးပါဆုံးကဏ္ဍတွေထဲက တစ်ခု ဖြစ်ပြီး နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၃၀-၄၀% အထိ ဖြစ်စေပြီး လူဦးရေရဲ့ ၆၀-၇၀% အထိကို အလုပ်အကိုင်တွေ ဖန်တီးပေးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။
အစိုးရအနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) ကနေတစ်ဆင့် အတိုးနည်းချေးငွေသဘောမျိုးနဲ့ လုပ်ကွက်ငယ် တောင်သူလယ်သမားတွေကို ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။
တောင်သူလယ်သမားများအတွက် ချေးငွေများမှာ အောက်ပါချေးငွေများ ပါဝင်ပါတယ်။
  • စိုက်ပျိုးစရိတ်ချေးငွေ (နှစ်စဉ်ချေးငွေ)
  • နှစ်တို/နှစ်ရှည်ချေးငွေများ
  • ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA)
  • ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (MEB)
လျှောက်ထားနိုင်တဲ့ချေးငွေတွေဟာ စိုက်ပျိုးရာသီနဲ့ နေရာဒေသအလိုက် ကွဲပြားနိုင်တာကြောင့် တောင်သူလယ်သမားတွေအနေနဲ့ ကိုယ့်အတွက် ဘယ်လိုချေးငွေအမျိုးအစားရရှိနိုင်မလဲဆိုတာ သိရဖို့အတွက် သက်ဆိုင်ရာဒေသရဲ့  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ကို ဆက်သွယ်စုံစမ်းမေးမြန်းသင့်ပါတယ်။testing
စိုက်ပျိုးစရိတ်ချေးငွေ (နှစ်စဉ်ချေးငွေ)
သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် စရိတ်စကအဖြစ် ကာလတို သဘောမျိုးနဲ့ ထုတ်ချေးပေးတဲ့ ချေးငွေ အမျိုးအစား ဖြစ်ပါတယ်။
ဒီချေးငွေအမျိုးအစားက တစ်နှစ်မှာ ၃ ကြိမ် ထုတ်ချေးပေးပါတယ်shwedingar။ ချေးငွေသက်တမ်းကာလတွေကို အောက်မှာ ကွင်းနဲ့ ဖော်ပြထားပါတယ်shwedingar။ ချေးငွေလျှောက်ထားခြင်းကို ဖော်ပြပါ ကာလတွေ မတိုင်ခင်မှာ ဆောင်ရွက်နိုင်ပါတယ်။
  • မိုးကြိုချေးငွေ (ဇန်နဝါရီလ မှ မတ်လ)
  • မိုးချေးငွေ (မေလ မှ စက်တင်ဘာလ)
  • ဆောင်းချေးငွေ (အောက်တိုဘာလ မှ ဒီဇင်ဘာလ)
ချေးငွေပမာဏ
  • စပါး – ၁ ဧက လျှင် ၁၅၀၀၀၀ ကျပ် နှင့် တောင်သူတစ်ဦးလျှင် ၁၀ ဧက အထိ
  • အခြားသီးနှံများ – ၁ ဧက လျှင် ၁၀၀၀၀၀ ကျပ် နှင့် တောင်သူတစ်ဦးလျှင် ၁၀ ဧက အထိ (မြေပဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါ၊ ဂုန်လျှော်၊ ပြောင်း၊ ဆီမုန်ညင်း တို့ပါဝင်ပါတယ်shwedingar။ သက်ဆိုင်ရာ ဒေသရဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကို ဆက်သွယ်စုံစမ်းပါ။)
အတိုးနှုန်း
  • တစ်နှစ် ၅% (တစ်လကို ကျပ် ၁၀၀ မှာ ၄၂ ပြားနှုန်း)
ချေးငွေသက်တမ်း
  • မိုးရာသီချေးငွေက ပုံမှန်အားဖြင့် ၅ လ အထိရှိပြီး ဒေသနဲ့ သီးနှံအမျိုးအစားအလိုက် ကွဲပြားမှုရှိနိုင်ပါတယ်။
ပြန်လည်ပေးဆပ်ခြင်း
  • ချေးငွေသက်တမ်းပြီးဆုံးချိန် အတိုးအရင်း တစ်လုံးတစ်ခဲတည်း ပြန်ဆပ်ရမည်။
ဘယ်လိုလျှောက်ထားရမလဲ
  • သက်ဆိုင်ရာ MADB ဘဏ်ခွဲကို ဆက်သွယ်ပါ။
ပုံမှန်အားဖြင့် လိုအပ်သည့်အရာများ
  • နိုင်ငံသားမှတ်ပုံတင်
  • လျှောက်လွှာ
  • ပုံစံ ၇
  • ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးထောက်ခံစာ
အသေးစိတ်ကို သက်ဆိုင်ရာ MADB ဘဏ်ခွဲကို ဆက်သွယ်မေးမြန်းပါ။
နှစ်တို/နှစ်ရှည်ချေးငွေများ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ နှစ်တို/နှစ်ရှည်ချေးငွေအမျိုးအစားတွေလည်း ထုတ်ချေးပေးပါတယ်။
ချေးငွေပမာဏ
  • သီးနှံရာသီ၊ နေရာဒေသ၊ သီးနှံအမျိုးအစား နဲ့ တောင်သူရဲ့အခြေအနေပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။
အတိုးနှုန်း
  • တစ်နှစ် ၅% (တစ်လကို ကျပ် ၁၀၀ မှာ ၄၂ ပြားနှုန်း)
ချေးငွေသက်တမ်း
  • နှစ်တို – ၃ နှစ် အထိ
  • နှစ်ရှည် – ၅ နှစ် အထိ
ပြန်လည်ပေးဆပ်ခြင်း
  • နှစ်တို
    • ၃ လ တစ်ကြိမ် အတိုးသွင်းခြင်း
    • ၁ နှစ် တစ်ကြိမ် အရင်းဆပ်ခြင်း
  • နှစ်ရှည်
    • ၃ လ တစ်ကြိမ် အတိုးသွင်းခြင်း
    • ၂ နှစ် တစ်ကြိမ် အရင်းဆပ်ခြင်း
ဘယ်လိုလျှောက်ထားရမလဲ
  • သက်ဆိုင်ရာ MADB ဘဏ်ခွဲကို ဆက်သွယ်ပါ။
ပုံမှန်အားဖြင့် လိုအပ်သည့်အရာများ
  • နိုင်ငံသားမှတ်ပုံတင်
  • လျှောက်လွှာ
  • ပုံစံ ၇
  • ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးထောက်ခံစာ
အသေးစိတ်ကို သက်ဆိုင်ရာ MADB ဘဏ်ခွဲကို ဆက်သွယ်မေးမြန်းပါ။
ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA)
JICA နှစ်ဆင့်ချေးငွေဟာ JICA နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းထားတဲ့အစီအစဉ်ကနေ ထုတ်ချေးပေးတဲ့ ချေးငွေဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ၂၀၁၇ ခုနှစ်ကစပြီး ၂၀၂၁ ခုနှစ်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဒီချေးငွေအမျိုးအစားဟာ တောင်သူများအတွက် လယ်ယာသုံးစက်ကိရိယာဝယ်ယူရန်အတွက် ငွေကြေးအထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။
ချေးငွေပမာဏ
  • ချေးငွေပမာဏ အများဆုံး သိန်း ၅၀၀
အတိုးနှုန်း
  • တစ်နှစ် ၅% (တစ်လကို ကျပ် ၁၀၀ မှာ ၄၂ ပြားနှုန်း)
ပြန်လည်ပေးဆပ်ခြင်း
  • တစ်နှစ်တစ်ခါ အတိုးအရင်း ပြန်လည်ပေးဆပ်ရန်။
ဘယ်လိုလျှောက်ထားရမလဲ
  • သက်ဆိုင်ရာ MADB ဘဏ်ခွဲကို ဆက်သွယ်ပါ။
ပုံမှန်အားဖြင့် လိုအပ်သည့်အရာများ
  • နိုင်ငံသားမှတ်ပုံတင်
  • လျှောက်လွှာ
  • MADB ဘဏ်တွင် အပ်ငွေ သိန်း ၁၅၀ အပ်ထားရန်
  • ပုံစံ ၇
  • ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးထောက်ခံစာ
အသေးစိတ်ကို သက်ဆိုင်ရာ MADB ဘဏ်ခွဲကို ဆက်သွယ်မေးမြန်းပါ။
ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (MEB) (စိုက်ပျိုးရေးနှင့် မွေးမြူရေး ချေးငွေ)
ဒီချေးငွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် နဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ ပူးပေါင်းပြီးထုတ်ချေးပေးတဲ့ ချေးငွေဖြစ်ပါတယ်shwedingar။ ဒီချေးငွေကို မွေးမြူရေးအပါအဝင် စိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ စိုက်ပျိုးရေးသုံးစက်ကိရိယာများအတွက် ရည်ရွယ်ထုတ်ချေးပေးတဲ့ ချေးငွေဖြစ်ပါတယ်။
ချေးငွေပမာဏ
  • သီးနှံရာသီ၊ နေရာဒေသ၊ သီးနှံအမျိုးအစား နဲ့ တောင်သူရဲ့အခြေအနေပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်ပါတယ်။
အတိုးနှုန်း
  • တစ်နှစ် ၆.၅% (တစ်လ ကျပ် ၁၀၀ အတွက် ၅၄ ပြားနှုန်း)
ချေးငွေသက်တမ်း
  • ၃ နှစ် မှ ၅ နှစ် အထိ
ပြန်လည်ပေးဆပ်ခြင်း
  • ၃ နှစ် ချေးငွေ
    • ၃ လ တစ်ကြိမ် အတိုးသွင်းခြင်း
    • ၁ နှစ် တစ်ကြိမ် အရင်းဆပ်ခြင်း
  • ၅ နှစ် ချေးငွေ
    • ၃ လ တစ်ကြိမ် အတိုးသွင်းခြင်း
    • ၂ နှစ် တစ်ကြိမ် အရင်းဆပ်ခြင်း
ဘယ်လိုလျှောက်ထားရမလဲ
  • သက်ဆိုင်ရာ MADB ဘဏ်ခွဲကို ဆက်သွယ်ပါ။
ပုံမှန်အားဖြင့် လိုအပ်သည့်အရာများ
  • နိုင်ငံသားမှတ်ပုံတင်
  • လျှောက်လွှာ
  • အပေါင်ပစ္စည်း (ဥပမာ – အိမ်ဂရံ)
  • ပုံစံ ၇
  • အာမခံပေးသူ ၂ ဦး
  • ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးရုံးထောက်ခံစာ
အသေးစိတ်ကို သက်ဆိုင်ရာ MADB ဘဏ်ခွဲကို ဆက်သွယ်မေးမြန်းပါ။
မှတ်ချက်shwedingarshwedingar။ ချေးငွေအားလုံးကတော့ နေရာတိုင်း၊ ရာသီတိုင်းအတွက် ရရှိနိုင်မှာ မဟုတ်ပါဘူးshwedingar။ တခြားချေးငွေလျှောက်ထားခြင်းတွေလိုပဲ လျှောက်ထားသမျှကို အတည်ပြုမှာမဟုတ်ပါဘူးshwedingar။ ကိုယ့်ရဲ့အခြေအနေအတွက် ဘယ်လိုချေးငွေမျိုးကို ရရှိနိုင်မလဲဆိုတာကို သိရဖို့အတွက် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲကို ဆက်သွယ်စုံစမ်းပါ။
ချေးငွေရှာဖွေနေသူတောင်သူလယ်သမားအတွက် ကိုယ့်ရဲ့လိုအပ်ချက်အတွက် ပုဂ္ဂလိကဘဏ် တွေ နဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်း (MFI) တွေကို ဘယ်လိုချေးငွေမျိုးရနိုင်မလဲဆိုတာ စုံစမ်းဆွေးနွေးကြည့်နိုင်ပါတယ်။
ဘဏ်တွေအနေနဲ့ကတော့ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာတွေအတွက် ချေးငွေတွေ ရကောင်းရနိုင်သလို အပေါင်ပစ္စည်းမတတ်နိုင်တဲ့ လုပ်ကွက်ငယ်တောင်သူတွေအတွက်တော့ MFI တွေကနေ အထောက်အပံ့ ရကောင်းရနိုင်ပါတယ်။
စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေအတွက် SME ချေးငွေအမျိုးအစားနဲ့ ကိုက်ညီမှု ရှိကောင်းရှိနိုင်ပါတယ်shwedingar။ SME လုပ်ငန်းများအတွက် ရွေးချယ်နိုင်မယ့် ချေးငွေအမျိုးအစားတွေကို ဒီမှာ လေ့လာနိုင်ပါတယ်
SME လုပ်ငန်းတွေအတွက် အစိုးရပံ့ပိုးချေးငွေအကြောင်းကိုလည်း ဒီမှာ ဖတ်ရှုနိုင်ပါတယ်။testing
အခြား SME ချေးငွေအမျိုးအစားများ ရှာဖွေရန်
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများtesting
SME ဘဏ္ဍာငွေရှာဖွေခြင်း ရွေးချယ်မှုများ လေ့လာရန်
SME Financing Guide
SME Loans By Purpose
SME Loans By Loan Structure
SME Loans By Collateral
SME Loans By Lender Type
SME Loans Key Requirements
မှတ်ချက်shwedingarshwedingar။ Shwedingar.com သည် ချေးငွေကုမ္ပဏီ မဟုတ်ပါ shwedingar။ တာဝန်ယူမှုအပြည့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော ချေးငွေကုမ္ပဏီများကို ဆက်သွယ်ရာတွင် အဆင်ပြေစေရန် ကူညီပေးခြင်းသာဖြစ်သည်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။