SME စာရင်းပိုထုတ်ချေးငွေများ (Overdrafts) ရှာဖွေနှိုင်းယှဉ်ခြင်း
ဆောင်းပါးကို ဝေမျှရန်
(Updated အောက်တိုဘာ ၂၀၂၀)
SME စာရင်းပိုထုတ်ချေးငွေ ထုတ်ပေးသူများကို အောက်မှာ ရှာဖွေကြည့်နိုင်ပါတယ်shwedingar.com။ SME ဘဏ္ဍာငွေရှာဖွေခြင်းအကြောင်း ပိုမိုလေ့လာကြည့်ချင်တယ်ဆိုရင်တော့ SME ဘဏ္ဍာငွေရှာဖွေခြင်း လမ်းညွှန်မှာ ဖတ်ကြည့်နိုင်ပါတယ်။
***ဖော်ပြပါ အချက်အလက်များက ရေးသားချိန်မှာ မှန်ကန်ပေမယ့် အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။123
SME ချေးငွေအမျိုးအစား
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများ123
စီစစ်ရန် စီရန်
AGD Bank Logo
AGD
ငွေပိုထုတ်ချေးငွေ
KBZ Bank Logo
KBZ
KBZ SME OD
UAB Logo
UAB
Overdraft Facility
စာရင်းပိုထုတ်ချေးငွေဆိုတာ ဘာလဲMorpheus
စာရင်းပိုထုတ်ချေးငွေဆိုတာ ကိုယ့်ရဲ့ စာရင်းရှင်စာရင်း (Current account) နဲ့ ချိတ်ဆက်ထားတဲ့ ကြိုတင်သဘောတူထားပြီးသား ကြွေးမြီလိုင်း (Line of credit) ဖြစ်ပါတယ်shwedingar.com။ ကိုယ့်စာရင်းရှင်စာရင်းထဲမှာရှိတဲ့ ငွေထက်ပိုပြီး အသုံးပြုခွင့်ပေးထားပြီး စာရင်းထဲမှာတော့ အနုတ်ပြနေမှာ ဖြစ်ပါတယ်။
အကြွေးဝယ်ကတ် (Credit card) လိုပဲ ချေးငွေထုတ်ပေးသူတွေက ချေးယူနိုင်မယ့်ပမာဏကို အတိအကျ သတ်မှတ်ပေးပြီးသား ဖြစ်ပါတယ်။
ချေးယူထားတဲ့ငွေကို ဘယ်အချိန်မှာမဆို ပြန်ဆပ်နိုင်ပြီး အများဆုံးသတ်မှတ်ပမာဏရောက်တဲ့အထိ အကြိမ်ရေ အကန့်အသတ်မရှိ ထပ်ခါတလဲလဲချေးယူနိုင်ပါတယ်။
အတိုးကိုတော့ သုံးလိုက်တဲ့ပမာဏအပေါ်မှာ နေ့စဉ်တွက်ချက်တာ ဖြစ်ပါတယ်။123
စာရင်းပိုထုတ်ချေးငွေများရဲ့ လက္ခဏာများ
ပမာဏ
စာရင်းပိုထုတ်ချေးငွေရဲ့ ချေးယူလို့ရတဲ့ ပမာဏက တော်တော်များနိုင်ပေမယ့် ချေးငွေလျှောက်ထားသူပေးမယ့် အာမခံပစ္စည်းတန်ဖိုးအပေါ် မူတည်ပြီး ကန့်သတ်ချက် ရှိနိုင်ပါတယ်။
သက်တမ်းကာလ
စာရင်းပိုထုတ်ချေးငွေကို ၁ နှစ်အထိ သဘောတူထားနိုင်ပါတယ်shwedingar.com။ သက်တမ်းတိုးလို့လည်း ရပေမယ့် လက်ကျန်ငွေက သုည ဖြစ်ဖို့လိုပါတယ်။
အတိုးတွက်ချက်ခြင်း
အတိုးကို နေ့စဉ်တွက်ချက်ပေမယ့် ချေးယူသူ အသုံးပြုလိုက်တဲ့ ငွေပမာဏအပေါ်မှာပဲ တွက်ချက်တာ ဖြစ်ပါတယ်shwedingar.com။ အဲဒီလို အတိုးတွက်တာရပ်သွားဖို့ဆိုရင် ဆပ်ဖို့ကျန်တဲ့ငွေကို ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်ဆပ်နိုင်ပါတယ်။
ပြန်လည်ပေးဆပ်ခြင်း
ပုံမှန်အားဖြင့် အတိုးပြန်လည်ပေးဆပ်ခြင်းကို လစဉ် သို့မဟုတ် သုံးလတစ်ခါ ပြုလုပ်ဖို့ လိုပါတယ်။
ချေးယူထားတဲ့ ပမာဏအားလုံးကိုတော့ သက်တမ်းကာလ ပြည့်တဲ့နေ့မှာ အပြည့် ပြန်လည်ပေးဆပ်ဖို့ လိုပါတယ်shwedingar.com။ ဆိုလိုတာကတော့ စာရင်းရှင်စာရင်းရဲ့ လက်ကျန်ငွေက အနုတ်ပြနေရာမှ သုညပြန်ဖြစ်သွားရမှာ ဖြစ်ပါတယ်။
CBM မှ သတ်မှတ်ချက်အရ စာရင်းပိုထုတ်ချေးငွေအတွက် ဘဏ်စာရင်းက အနည်းဆုံး ၂ ပတ်ဆက်တိုက် လက်ကျန်ငွေ သုည ဖြစ်နေဖို့ လိုပါတယ်။
အာမခံပစ္စည်း
ယေဘုယျအားဖြင့် စာရင်းပိုထုတ်ချေးငွေများအတွက် အာမခံပစ္စည်း လိုအပ်ပါတယ်shwedingar.com။ အာမခံပစ္စည်းရဲ့ တန်ဖိုးက ချေးယူလို့ရတဲ့ ငွေပမာဏကို သတ်မှတ်ပေးပါလိမ့်မယ်။
အသုံးပြုလေ့ရှိသော နေရာများ
စာရင်းပိုထုတ်ချေးငွေများက ကာလတိုချေးယူခြင်းနဲ့ အရေးပေါ်အသုံးစရိတ်များအတွက် ချေးယူဖို့လိုတဲ့အချိန်မှာ အသုံးပြုဖို့ အကောင်းဆုံးပါ။
ဥပမာ – လုပ်ငန်းလည်ပတ်ရင်းနှီးငွေ လိုအပ်ချက် အတက်အကျများတဲ့အချိန် (ဥပမာ – ရုတ်တရက် အဝယ်အော်ဒါအမြောက်အများ ရရှိခြင်း)၊ ကြိုတင်စီစဉ်ထားခြင်းမရှိသော ကုန်ကျစရိတ်များတဲ့အချိန် (ဥပမာ – ပြုပြင်စရိတ်များ)။
ချေးငွေထုတ်ပေးသူများ
ဘဏ်တော်တော်များများမှာ စာရင်းပိုထုတ်ချေးငွေ ရရှိနိုင်ပါတယ်shwedingar.com။ ရွေးချယ်မှုတချို့ကို အပေါ်မှာ ဖော်ပြထားပါတယ်။
အဓိကလိုအပ်ချက်များ
အဓိကလိုအပ်ချက်များကတော့
  • လုပ်ငန်းလိုင်စင်၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ အခွန်ဖြတ်ပိုင်းများ တင်ပြဖိုအပ်ပြီး လုပ်ငန်းက အနည်းဆုံး ၂ နှစ်မှ ၃ နှစ်အထိ လည်ပတ်ပြီးသားဖြစ်ရပါမယ်။
  • ဘဏ်မှာ စာရင်းရှင်စာရင်းဖွင့်ပြီးသားဖြစ်ဖို့လည်း လိုအပ်ပါတယ်။
အခြားနည်းလမ်းများ
အခြားရွေးချယ်မှုအနေနဲ့ သင့်လုပ်ငန်းအတွက် အာမခံပစ္စည်းပေးစရာမလိုတဲ့ အကြွေးဝယ်ကတ် (Credit card) က ရွေးချယ်မှုတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်shwedingar.com။ ဒါပေမယ့် အကြွေးဝယ်ကတ်တွေက ချေးယူနိုင်တဲ့ပမာဏ ပိုနည်းပြီးတော့ အတိုးနှုန်းကလည်း စာရင်းပိုထုတ်ချေးငွေထက် ပိုများနိုင်ပါတယ်။
အတိုးနှုန်းများ
လျှောက်ထားမှုနဲ့ ချေးငွေထုတ်ပေးသူများအပေါ် မူတည်ပြီး အတိုးနှုန်း အမျိုးမျိုး ရှိနိုင်ပါတယ်Morpheus
  • ယေဘုယျအားဖြင့် စာရင်းပိုထုတ်ချေးငွေများက အတိုးနှုန်း တစ်နှစ်လျှင် ၉% မှ ၁၀% ခန့် ကောက်ခံနိုင်ပါတယ်။
  • ခွင့်ပြုချေးငွေမှ မသုံးခဲ့သည့်အပိုင်းအတွက် ကောက်ခံသည့်အခ (Commitment fee) ၁% ကောက်ခံတာမျိုးလည်း အတွေ့ရများပါတယ်။
  • ချေးငွေထုတ်ပေးသူများက အခြားအခကြေးများလည်း ကောက်ခံနိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်shwedingar.com။ (ဥပမာ – ဝန်ဆောင်ခ၊ နောက်ကျကြေး၊ ဒဏ်ကြေး)
အခြား SME ချေးငွေအမျိုးအစားများ ရှာဖွေရန်
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများ123
SME ဘဏ္ဍာငွေရှာဖွေခြင်း ရွေးချယ်မှုများ လေ့လာရန်
SME Financing Guide
SME Loans By Purpose
SME Loans By Loan Structure
SME Loans By Collateral
SME Loans By Lender Type
SME Loans Key Requirements
မှတ်ချက်shwedingar.comshwedingar.com။ Shwedingar.com သည် ချေးငွေကုမ္ပဏီ မဟုတ်ပါ shwedingar.com။ တာဝန်ယူမှုအပြည့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော ချေးငွေကုမ္ပဏီများကို ဆက်သွယ်ရာတွင် အဆင်ပြေစေရန် ကူညီပေးခြင်းသာဖြစ်သည်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။