လုပ်ငန်းကို ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းခြင်း (Incorporation) ဆိုတာ ဘာလဲ။
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
လုပ်ငန်းအသစ်ကို စတင်နေတာပဲဖြစ်ဖြစ်၊ ရှိပြီးလုပ်ငန်းကို စီမံနေတာဖြစ်ဖြစ် ဒီလုပ်ငန်းကို ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းချင်တဲ့ အချိန်တစ်ချိန်တော့ ရှိလာနိုင်ပါတယ်။yes
အဓိကအချက်များ
  • ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းခြင်းဆိုတာ ကိုယ့်ရဲ့လုပ်ငန်းကို ကုမ္ပဏီအဖြစ် ဖွဲ့စည်းခြင်းကို ဆိုလိုပါတယ်။
  • လုပ်ငန်းတွေအနေနဲ့ DICA မှာ မှတ်ပုံတင်ခြင်းဖြင့် ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းနိုင်ပါတယ်။
  • လုပ်ငန်းတွေအနေနဲ့ မှတ်ပုံ မတင်ပဲ ကော်ပိုရိတ်အဖြစ် မဖွဲ့စည်းလည်းပဲ ရပါတယ်။
  • တွေ့ရအများဆုံး ကုမ္ပဏီအမျိုးအစားကတော့ အစုအားဖြင့် တာဝန်ကန့်သတ်ထားတဲ့ အများနှင့်မသက်ဆိုင်တဲ့ ကုမ္ပဏီများပါပဲ။
ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းတယ်ဆိုတာ ဘာလဲ။
ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းတယ်ဆိုတာ ကိုယ့်ရဲ့လုပ်ငန်းကို ကုမ္ပဏီအဖြစ် ဖွဲ့စည်းခြင်း သို့မဟုတ် တရားဝင် သီးခြားရပ်တည်မှု ပြုလုပ်လိုက်ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) မှာ မှတ်ပုံတင်ခြင်းဖြင့် ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းနိုင်ပါတယ်။
DICA ဆိုတာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER)  လက်အောက်မှာရှိပြီး လုပ်ငန်းများနဲ့ အစိုးရကြားမှာ ပင်မကြားခံအဖြစ် ဆောင်ရွက်ပေးပါတယ်။yes
ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းဖို့လိုလား။
လုပ်ငန်းတွေက ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းဖို့တော့ မလိုပါဘူး။
တော်တော်များများ လုပ်ငန်းငယ်တွေက မှတ်ပုံတင်ဖို့မလိုအပ်တဲ့  ကော်ပိုရိတ်အဖြစ် မဖွဲ့စည်းထားတဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဖြစ်ပါတယ်။
တစ်ပိုင်တစ်နိုင်လုပ်ငန်းနဲ့ ကော်ပိုရိတ်ကုမ္ပဏီများရဲ့ ခြားနားချက်၊ အားသာချက်၊ အားနည်းချက်များကို ဒီမှာလေ့လာကြည့်ပါ။yes
ဖွဲ့စည်းနိုင်တဲ့ မတူညီတဲ့ ကုမ္ပဏီအမျိုးအစားတွေက ဘာလဲ။
မှတ်ပုံတင်နိုင်တဲ့ ကုမ္ပဏီအမျိုးအစားတွေကတော့
  • အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီ၊
  • အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီ၊
  • ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ၊
  • တာဝန်ကန့်သတ်မထားသည့် ကုမ္ပဏီ၊
  • စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့၊
  • ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သည့်ကုမ္ပဏီ၊
  • ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့်ကုမ္ပဏီ၊
  • ပြည်ပကော်ပိုရေးရှင်း။
အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီတွေကိုတော့ အများဆုံးတွေ့ရပြီး လုပ်ငန်းသစ်များအတွက်လည်း အသင့်တော်ဆုံးဖြစ်ပါတယ်။
အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီနဲ့ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများအကြောင်း ဒီမှာလေ့လာနိုင်ပါတယ်။yes
အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီဖြစ်ဖို့အတွက် လိုအပ်ချက်တွေက ဘာလဲ။
အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီဖြစ်ဖို့အတွက် အဓိကလိုအပ်ချက်တွေကတော့ 
  • ရှယ်ယာရှင် အနည်းဆုံးတစ်ယောက်နဲ့
  • ဒါရိုက်တာ အနည်းဆုံး တစ်ယောက် လိုပါတယ်။
ဆန္ဒရှိတယ်ဆိုရင်တော့ ကိုယ်တစ်ယောက်ထဲကပဲလည်း ဒီရှယ်ယာရှင်တစ်ဦးနဲ့ ဒါရိုက်တာတစ်ဦး၊ နှစ်မျိုးလုံးအတွက် လုပ်ဆောင်နိုင်ပါတယ်။ 
မတည်ရင်းနှီးငွေအတွက်တော့ အနည်းဆုံးအဖြစ် သတ်မှတ်ထားတာမျိုး မရှိပါဘူး။
မှတ်ပုံတင်ဖို့အတွက်ဆိုရင် အောက်ဖော်ပြပါများကို လိုအပ်နိုင်ပါတယ်။
  • အမည်တူမရှိတဲ့ ကုမ္ပဏီအမည်
  • ကုမ္ပဏီ၏ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ
  • ဒါရိုက်တာနှင့် အတွင်းရေးမှူးရဲ့ အသေးစိတ်အချက်အလက်
  • အစုရှယ်ယာမတည်ငွေရင်းနှင့် ကုမ္ပဏီတွင်ပါဝင်သူများရဲ့ အသေးစိတ်အချက်အလက်များ
  • ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း
yes
ကုမ္ပဏီကို ဘယ်လိုမှတ်ပုံတင်ရမလဲ။
မှတ်ပုံတင်ရတာက တော်တော်လေး ရိုးရှင်းပြီးတော့ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) ဝက်ဘ်ဆိုက်မှ ပြုလုပ်နိုင်ပါတယ်။ 
က်ာပိုရိတ်အဖြစ် ဖွဲ့စည်းခြင်း အဆင့်ဆင့်လမ်းညွှန် အသေးစိတ်ကို ဒီမှာလေ့လာပါ။yes
DICA မှာ ကုမ္ပဏီမှတ်ပုံတင်ရတာက တော်တော်လေး လွယ်ကူပါတယ်finance။ အကူအညီလိုချင်တယ်ဆိုရင်တော့ ကော်ပိုရိတ် ဖွဲ့စည်းခြင်းအတွက် ဝန်ဆောင်မှု သို့မဟုတ် အေးဂျင့်များကို ဆက်သွယ်နိုင်ပါတယ်finance။ ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးသူတွေက အကြံပေးနိုင်မှာ ဖြစ်ပြီး အခွန်စာရင်းသွင်းခြင်း၊ လုပ်ငန်းလိုင်စင်များ စတဲ့ ကုမ္ပဏီဖွဲ့စည်းရေး လိုအပ်ချက်များကိုပါ ကူညီဆောင်ရွက်ပေးပါလိမ့်မယ်Neo
ကိုယ့်ရဲ့လုပ်ငန်းကို ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခြင်းက တော်တော်လေးလွယ်ကူပြီး ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးနဲ့ လုပ်ငန်းကို သေချာခွဲခြားပေးပါတယ်finance။ ဒါပေမယ့် စာရွက်စာတမ်းများအချို့နဲ့ ကုန်ကျစရိတ်တွေတော့ ရှိပါတယ်။
ကော်ပိုရိတ်ကုမ္ပဏီနဲ့ တစ်ပိုင်တစ်နိုင်လုပ်ငန်းများရဲ့ အားသာချက်၊ အားနည်းချက်များကို ဒီမှာလေ့လာပါ။
မှတ်ပုံတင်ဖို့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အဆင့်ဆင့်လမ်းညွှန်ချက်ကို လေ့လာကြည့်နိုင်ပါတယ်။yes
ဆောင်းပါးများ စုစည်းမှု –
လုပ်ငန်းတည်ထောင်ခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။