အစုရှယ်ယာဖြင့် ကန့်သတ်ထားသော ပုဂ္ဂလိကပိုင်ကုမ္ပဏီနဲ့ အများပိုင်ကုမ္ပဏီဆိုတာ ဘာလဲ။
ဆောင်းပါးကို ဝေမျှရန်
မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက အမျိုးမျိုးရှိနိုင်ပါတယ်။
အဓိက ဖွဲ့စည်းပုံ (၂) မျိုးကတော့
  • ရှယ်ယာဖြင့် ကန့်သတ်ထားသော ပုဂ္ဂလိကပိုင်ကုမ္ပဏီ
  • ရှယ်ယာဖြင့် ကန့်သတ်ထားသော အများပိုင်ကုမ္ပဏီ
ဒါဆို အဓိကကွာခြားချက်က ဘာလဲfinance။ ကုမ္ပဏီတွေက ပုဂ္ဂလိကပိုင် (သို့) အများပိုင်ကုမ္ပဏီအဖြစ် ဘာလို့  ရွေးချယ်ကြတာလဲ။yes
yes
အများဆုံးတွေ့ရလေ့ရှိတဲ့ ပေါင်းစပ်ဖွဲ့စည်းပုံ က ဘယ်လိုမျိုးလဲ။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၆၆,၀၀၀ ကျော် ရှိပါတယ်finance။ (မေလ ၂၀၂၀ အထိ) 
အများစုကတော့ ရှယ်ယာဖြင့်ကန့်သတ်ထားတဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီတွေ ဖြစ်ပါတယ်။ 
ကုမ္ပဏီ အခု (၅၀) လောက်ကသာ ရှယ်ယာဖြင့်ကန့်သတ်ထားတဲ့ အများပိုင်ကုမ္ပဏီတွေ ဖြစ်ပါတယ်။ (မှတ်ချက် – ဒီအများပိုင်ကုမ္ပဏီအများစုက စာရင်းဝင်ကုမ္ပဏီတွေ မဟုတ်ဘူးဆိုတာကို အောက်မှာတွေ့နိုင်ပါတယ်။)
အခြားဖွဲ့စည်းပုံ အမျိုးမျိုးကတော့
  • ခံဝန်ချက်ဖြင့် ကန့်သတ်ထားသော ကုမ္ပဏီ (Company Limited by Guarantee)
  • မကန့်သတ်ထားသော ကုမ္ပဏီ (Unlimited Company)
  • စီးပွားရေးအဖွဲ့အစည်း (Business Association)
  • ပြည်ပကော်ပိုရေးရှင်း (Overseas Corporation)
“ရှယ်ယာဖြင့် ကန့်သတ်ထားသော” ဆိုတာ ဘာကိုဆိုလိုတာလဲ။
ကုမ္ပဏီတစ်ခုက “ရှယ်ယာဖြင့်ကန့်သတ်” ထားတယ်ဆိုရင် ရှယ်ယာရှင်များ (ကုမ္ပဏီကိုပိုင်ဆိုင်သူများ) ရဲ့ ပေးရန်ရှိစာရင်းကို မပေးဆောင်ရသေးတာမျိုးရှိခဲ့မယ်ဆိုရင် သူတို့တစ်ယောက်ချင်းစီပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေအပေါ်မှာပဲ ပမာဏတစ်ခု ကန့်သတ်ထားတယ် လို့ ဆိုလိုပါတယ်။
ဆိုလိုတာကတော့ ကုမ္ပဏီက အကြွေးတွေတင်နေပြီး ပြန်ဆပ်ဖို့ရာ ပိုက်ဆံမရှိတော့ဘူးဆိုတောင် ရှယ်ယာရှင်တွေက အဲဒီအကြွေးတွေကို ပေးဆောင်ဖို့အတွက် ပုဂ္ဂိုလ်ရေးအရ တာဝန်မရှိပါဘူး  (ဘာပြစ်မှုအမှားမှ မလုပ်ထားဘူးဆိုရင်ပေါ့)။ 
တစ်ကမ္ဘာလုံးမှာတော့ “ပေးရန်ရှိစာရင်းကို ကန့်သတ်ထားခြင်း” ဆိုတဲ့ ဖွဲ့စည်းပုံမျိုးကို အတွေ့ရများပါတယ်finance။ ဒီနည်းနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံတဲ့အခါ ပုဂ္ဂိုလ်ရေးအရပိုင်ဆိုင်ပစ္စည်းတွေကို ဆုံးရှုံးရမှာ စိတ်ပူစရာမလိုပဲ ရင်းနှီးမြှုပ်နှံနိုင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်။ 
သူနဲ့ပြောင်းပြန် “ကန့်သတ်မထားတဲ့ကုမ္ပဏီ” တွေကတော့ ပေးရန်ရှိစာရင်းတွေအပေါ်မှာ ကန့်သတ်ထားတာမျိုးမရှိပါဘူးfinance။ “အာမခံဖြင့် ကန့်သတ်ထားခြင်း” ဆိုတာကတော့ ရှယ်ယာရှင်တွေက သဘောတူထားတဲ့ အာမခံပမာဏအထိ ပေးဆောင်ဖို့ တာဝန်ရှိပါတယ်။yes
ကုမ္ပဏီတွေက ပုဂ္ဂလိကပိုင်နဲ့ အများပိုင်ကုမ္ပဏီကို ဘယ်လိုရွေးကြလဲ။
ကုမ္ပဏီအများစုက စစချင်းမှာဆိုရင် ရှယ်ယာပိုင်ရှင်လည်း နည်းနည်းပဲရှိ ပြီး အများပြည်သူတွေဆီကနေလည်း ရင်းနှီးငွေမြှင့်တင်ဖို့လည်း မလိုအပ်တာကြောင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီအဖြစ် စတင်တတ် ကြပါတယ်။
ဒါ့အပြင် ကုမ္ပဏီအပေါ် အနီးကပ်ထိန်းချုပ်မှု ရှိအောင် ရှယ်ယာများအလွှဲအပြောင်းပြုလုပ်ခြင်းကို တင်းကြပ်ထားချင်ကြပါတယ်။
အများပိုင်ကုမ္ပဏီတွေရဲ့ အဓိကအားသာချက်ကတော့ အများပြည်သူတွေဆီကနေ ရင်းနှီးငွေရရှိနိုင်တာပါပဲ
ဒါပေမယ့် အများပိုင်ကုမ္ပဏီတွေက အကုန်အကျများစေတဲ့ လိုက်နာဆောင်ရွက်ချက်တွေ၊ အစီရင်ခံချက် လိုအပ်မှုတွေ ရှိပါတယ်။
အများပိုင်ကုမ္ပဏီတွေက ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တာကြောင့် ပြည်သူတွေရဲ့ စိစစ်မှုတွေကို ပိုပြီး ခံရတတ်ပါတယ်finance။ ဒါ့အပြင် လူတိုင်းက ရှယ်ယာရှင်ဖြစ်နိုင်တာကြောင့် ကိုင်တွယ်စီမံရ ပိုခက်ပါတယ်။
ပုဂ္ဂလိကကုမ္ပဏီတွေက သတင်းအချက်အလက်အများကြီး ဖော်ပြပေးဖို့မလိုတာကြောင့် လုပ်ငန်းကို အဆင်ပြေသလို ဆောင်ရွက်နိုင်ပါတယ်။
ပုဂ္ဂလိကကုမ္ပဏီတွေက ကုမ္ပဏီကြီးဖြစ်လာရင်တောင် ပုဂ္ဂလိကပိုင်အနေနဲ့ပဲ လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နိုင်ပါတယ်finance။ အများပြည်သူတွေထံကနေ ရင်းနှီးငွေမရနိုင်ရင်တောင် အတွင်းရေးညှိနှိုင်းဆောင်ရွက်ချက်တွေနဲ့ ပိုများတဲ့ ပြင်ပရန်ပုံငွေတွေကိုတောင် ရရှိနိုင်ပါတယ်။
အများပိုင်ကုမ္ပဏီအဖြစ် ရပ်တည်ဖို့ အကုန်အကျများပြီး ခက်ခဲတာကြောင့် ကုမ္ပဏီတွေက အောက်ကအချက်တွေနဲ့ မရင်ဆိုင်ရမချင်းတော့ ပုဂ္ဂလိကပိုင်အဖြစ်ပဲ ဆက်လက်ရပ်တည်သွားကြမှာပါ။
  • အယောက် ၅၀ ထက်ပိုသော ရှယ်ယာရှင်များ လိုအပ်လာခြင်း။
  • အများပြည်သူထံမှ ရင်းနှီးငွေများ လိုအပ်လာခြင်း။
  • ရှယ်ယာရှင်များရဲ့ ရှယ်ယာများအား အလွယ်တကူလွှဲပြောင်းနိုင်ရန် လိုအပ်လာခြင်း။
အများပိုင်ကုမ္ပဏီတွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို သိရှိဖို့အတွက် စာရင်းဝင်ကုမ္ပဏီများ ဆောင်းပါးမှာ လေ့လာကြည့်လိုက်ပါ။yes
yes
ပုဂ္ဂလိကပိုင်ကုမ္ပဏီမှ အများပိုင် (သို့) အများပိုင်မှ ပုဂ္ဂလိကပိုင်သို့ ပြောင်းလဲလို့ရလား။
ရပါတယ်finance။ ကုမ္ပဏီတွေက အမျိုးအစားပြောင်းလိုက်လို့ ရပါတယ်
ဥပမာပြောရရင် ပုဂ္ဂလိကကုမ္ပဏီတွေက အရွယ်အစား ကြီးလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံငွေ၊ ရှယ်ယာရှင်တွေ ပိုလိုလာပါတယ်finance။ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလိုက်တယ်ဆိုရင်  ပြည်သူ့ဈေးကွက်ထဲရောက်ဖို့ ပိုပြီးလည်း လွယ်ကူလာမယ်၊ ရှယ်ယာရှင်တွေလည်း အယောက် ၅၀ ထက်မက ရှိလာပါလိမ့်မယ်။
လက်ရှိရှယ်ယာရှင်တွေကလည်း သူတို့ရဲ့ ရှယ်ယာတွေကို အလွယ်တကူရောင်းချနိုင်အောင် ပုဂ္ဂလိကပိုင်မှ အများပိုင်အဖြစ် ပြောင်းလဲဖို့ ဆန္ဒရှိတတ်ပါတယ်။
အပြန်အလှန်အားဖြင့် အများပိုင်ကုမ္ပဏီတွေကလည်း ပြည်သူ့ဈေးကွက်ထဲ ဝင်ရောက်ဖို့ မလိုအပ်တော့ဘူး၊ လိုက်နာမှုနဲ့ အစီရင်ခံမှုတွေအတွက် ကုန်ကျစရိတ်ကို လျှော့ချင်တယ်၊ ပြည်သူလူထုရဲ့စိစစ်မှုကိုလည်း လျှော့ချင်တယ်ဆိုရင် ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲဖို့ ရွေးချယ်ကောင်းရွေးချယ်နိုင်ပါတယ်။ yes
စာရင်းဝင်ကုမ္ပဏီဆိုတာဘာလဲ။
“စာရင်းဝင်” ကုမ္ပဏီဆိုတာက ရန်ကုန်စတော့အိပ်ချိန်းလို စတော့အိပ်ချိန်းတွေမှာ သူ့ရဲ့အစုရှယ်ယာတွေကို အရောင်းအဝယ်လုပ်ခွင့်ရှိတဲ့ အများပိုင်ကုမ္ပဏီတွေဖြစ်ပါတယ်finance။ ရှယ်ယာတွေကို အများပြည်သူများနဲ့ ပွင့်ပွင့်လင်းလင်း အရောင်းအဝယ်ပြုလုပ်နိုင်ပြီး ရှယ်ယာရှင်အရေအတွက်ကိုလည်း မကန့်သတ်ထားပါဘူးfinanceစာရင်းဝင်ကုမ္ပဏီများအကြောင်း ဒီမှာလေ့လာပါ။
အများပိုင်ကုမ္ပဏီတိုင်းက စာရင်းဝင်ကုမ္ပဏီ မဟုတ်ပါဘူးfinance။ စာရင်းမဝင်ထားတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေက စတော့အိပ်ချိန်းမှာ စာရင်းဝင်နေမှာ မဟုတ်ပါဘူးfinance။ အကျိုးဆောင်ကနေတစ်ဆင့်တော့ ကောင်တာဈေးကွက် (over-the-counter) မှာ အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။yes
အများပိုင်ကုမ္ပဏီတွေရဲ့ အဓိကအားသာချက်ကတော့ အများပြည်သူထံကနေ ရင်းနှီးငွေတွေ ရရှိနိုင်စွမ်းရှိတာပါပဲ။
ဒါပေမယ့် ဒီလိုရရှိခြင်းကလည်း အဲဒီအတွက် အကုန်အကျသိသိသာသာ ရှိပါတယ်။
ကုမ္ပဏီအများစုကတော့ ပုဂ္ဂလိကပိုင်အဖြစ် စတင်ပြီး လိုအပ်လာတဲ့အခါ အများပိုင်အဖြစ် ပြောင်းလဲကြတာများပါတယ်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။