YSX အကြောင်းတစ်စေ့တစ်စောင်း

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


စတော့ရှယ်ယာတွေအကြာင်း ပြောတတ်ကြ၊ ကြားဖူးကြမှာပါfinance။ စတော့ရှယ်ယာတွေကို အရင်းအနှီးလုပ်ချင်တဲ့ သူတွေလည်း ရှိပါတယ်finance။ ဒီစတော့ရှယ်ယာတွေကို စတော့အိပ်ချိန်းမှာ အများဆုံး အရောင်းအဝယ်လုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း စတော့အိပ်ချိန်းရှိတယ်ဆိုတာ သိပါသလားfinance။ သူကတော့ ရန်ကုန်မှာ အခြေစိုက်ပြီး ရန်ကုန်စတော့အိပ်ချိန်း (Yangon Stock Exchange) လို့ ခေါ်ပါတယ်။

စတော့ရှယ်ယာဆိုတာ ဘာလဲ သေချာမသိဘူးဆိုရင် ဒီမှာလေ့လာနိုင်ပါတယ်။yes


စတော့အိပ်ချိန်းဆိုတာဘာလဲ။

စတော့ရှယ်ယာတွေကို ကုန်သွယ်မှု (အရောင်းအဝယ်) ပြုလုပ်ဖို့  စည်းမျဉ်းတွေနဲ့ ကြီးကြပ်ထားတဲ့နေရာကို စတော့အိပ်ချိန်းလို့ ခေါ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အဓိကစတော့အိပ်ချိန်းတွေကို ဥပမာအဖြစ် ဖော်ပြပေးထားပါတယ်။

  • The New York Stock Exchange (NYSE), USA
  • NASDAQ, USA
  • Tokyo Stock Exchange (TSE), Japan
  • Shanghai Stock Exchange (SSE), China
  • Euronext, EU
  • London Stock Exchange (LSE), UK

ကုမ္ပဏီတွေက သူတို့ရဲ့ရှယ်ယာတွေကို ရင်းနှီးမြှုပ်နှံသူတွေ ဝယ်နိုင်ဖို့အတွက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ စတော့အိပ်ချိန်းတွေမှာ စာရင်းဝင်ထားလို့ရပါတယ်finance။ စတော့အိပ်ချိန်းတစ်ခုခုမှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီဖြစ်မှသာ အဲဒီစာရင်းဝင်ထားတဲ့ စတော့အိပ်ချိန်းမှာ အရောင်းအဝယ်ပြုလုပ်နိုင်မှာပါ။ 

စတော့အိပ်ချိန်းတွေက သူတို့ဆီမှာ စာရင်းဝင်ထားတဲ့ ကုမ္ပဏီတွေကို နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းဥပဒေတွေနဲ့ စတော့အိပ်ချိန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာစေဖို့ ထိန်းကြောင်းပေးရပါတယ်finance။ အရောင်းအဝယ်လုပ်ဖို့ ယုံကြည်ရပြီး စည်းစနစ်ကျတဲ့ ဈေးကွက် ဖြစ်အောင် ကြီးကြပ်ပေးရတာဖြစ်ပါတယ်။

စတော့ဈေးကွက်ဆိုတာဘာလဲ။

စတော့ဈေးကွက်ကို စတော့အိပ်ချိန်းလို့ ခေါ်တတ်ကြသလို စတော့အိပ်ချိန်းကိုလည်း စတော့ဈေးကွက်လို့ အပြန်အလှန် သုံးနှုန်းလေ့ရှိကြပါတယ်။

ဒါပေမယ့် စတော့ဈေးကွက်ဆိုတာက စတော့ကုန်သွယ်မှုအတွက် ပိုပြီးကျယ်ပြန့်တဲ့ ဝေါဟာရပါfinance။ ဒီဝေါဟာရမှာ စတော့အိပ်ချိန်းမှာ စာရင်းဝင်ပြီး ကုန်သွယ်မှုပြုလုပ်တာရော၊  Over-the-counter (OTC) လို့ခေါ်တဲ့ ကောင်တာဈေးကွက်ရော ပါဝင်ပါတယ်။

စတော့အိပ်ချိန်းဆိုတာကတော့ ယေဘုယျအားဖြင့် စတော့ဈေးကွက်ရဲ့ အစိတ်အပိုင်းကြီး တစ်ခုဖြစ်ပြီး စတော့ကုန်သွယ်မှုပြုလုပ်တဲ့ တိကျတဲ့နေရာတစ်ခုပါfinance။ ဥပမာ – The New York Stock Exchange (NYSE), USA

ရန်ကုန်စတော့အိပ်ချိန်း (YSX) ဆိုတာဘာလဲ။

မြန်မာနိုင်ငံရဲ့ ပထမဆုံးစတော့အိပ်ချိန်း ဖြစ်ပါတယ်finance။ စတော့ကုန်သွယ်မှုကိုတော့ ၂၀၁၆ မှာ စတင်ခဲ့ပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MOPFI) လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) မှ ရန်ကုန်စတော့အိပ်ချိန်းကို ကြီးကြပ်ထားတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်စတော့အိပ်ချိန်းမှာ စာရင်းဝင်ထားတဲ့ ကုမ္ပဏီ (၇) ခု ရှိပါတယ်Morpheus

ရန်ကုန်စတော့အိပ်ချိန်း (YSX) ဘယ်လို အလုပ်လုပ်လဲ။

ရန်ကုန်စတော့အိပ်ချိန်းက စတော့ရှယ်ယာရောင်းသူနဲ့ ဝယ်သူကြား အဆင်ပြေအောင် ထိန်းကြောင်းပေးပါတယ်finance။ အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ စတော့ရဲ့နောက်ဆုံးဈေး အပါအဝင် စတော့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ဖော်ပြပေးပါတယ်။

မြောက်များစွာသော အရောင်းအော်ဒါ၊ အဝယ်အော်ဒါတွေကို ကောင်းစွာစီမံနိုင်ဖို့အတွက် လိုင်စင်ရစတော့အကျိုးဆောင် (Stock brokers) များကသာ YSX ကို အော်ဒါတင်ခွင့် ရှိပါတယ်finance။ စတော့ကို အရောင်းအဝယ်ပြုလုပ်ချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက အကျိုးဆောင်တွေကနေတစ်ဆင့် အော်ဒါတင်ပြီး အကျိုးဆောင်တွေက ရင်းနှီးမြှုပ်နှံသူတွေကိုယ်စား YSX ကို အော်ဒါတင်ပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်စတော့အိပ်ချိန်းမှာ ဘယ်စတော့တွေကို အရောင်းအဝယ်လုပ်နိုင်လဲ။

လောလောဆယ်မှာတော့ ကုမ္ပဏီ (၇) ခုရဲ့ စတော့တွေကို အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်။

finance။ First Myanmar Investment Public Co., Ltd. (FMI)

finance။ Myanmar Thilawa SEZ Holdings Public Co. Ltd. (MTSH)

finance။ Myanmar Citizen Bank Ltd. (MCB)

finance။ First Private Bank Ltd. (FPB)

finance။ TMH Telecom Public Co., Ltd. (TMH)

finance။ Ever Flow River Public Co., Ltd. (EFR)

finance။ Amata Holding Public Co., Ltd. (AMATA)

မြန်မာစတော့ဈေးနှုန်းအညွှန်းကိန်း (MYANPIX) ဆိုတာ ဘာလဲ။

YSX က မြန်မာစတော့ဈေးကွက်အညွှန်းကိန်း (MYANPIX) ကိုလည်း ထုတ်ပြန်ပေးပါတယ်finance။ ဒီအညွှန်းကိန်းက YSX မှာ စာရင်းဝင်ထားတဲ့ စတော့တွေပါဝင်ပြီး စတော့တစ်ခုချင်းစီက သူ့ရဲ့ဈေးကွက်မတည်ရင်းနှီးငွေနဲ့ ဒီအညွှန်းကိန်းအပေါ်ကို သက်ရောက်မှုရှိစေပါတယ်။

 မြန်မာစတော့ဈေးကွက်အညွှန်းကိန်း MYANPIX က YSX ရဲ့ ဈေးနှုန်းစုစုပေါင်းအတက်အကျနဲ့ စတော့အိပ်ချိန်းမှာရှိတဲ့ ကုမ္ပဏီတွေရဲ့ စတော့ဈေးနှုန်း စွမ်းဆောင်ရည်တွေကို ရည်ညွှန်းဖော်ပြပါတယ်။yes


YSX မှာ ရှိတဲ့ စတော့ရှယ်ယာတွေကို အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင် ဒီမှာ လေ့လာပါ။yes


ဆောင်းပါးများ စုစည်းမှု –

စတော့ရှယ်ယာ နှင့် စတော့ဈေးကွက်

ရန်ကုန်စတော့အိပ်ချိန်း ရှယ်ယာ အစုရှယ်ယာ ရှယ်ယာဘယ်မှာဝယ်လို့ရလဲ ရှယ်ယာဝယ်ချင်တယ် ရှယ်ယာဘယ်မှာဝယ်ရမှာလဲ စတော့ဈေးကွက် ဈေးကွက် စတော့အိပ်ချိန်း စတော့ အိပ်ချိန်း အိတ်ချိန်း ရန်ကုန်စတော့အိတ်ချိန်း စတော့ရှယ်ယာအကြောင်း စတော့အကြောင်း ရှယ်ယာအကြောင်း ရောင်းဝယ်နည်း ရောင်းဝယ်ခြင်း စတော့ဈေးကွက် စတော့ဈေးကွက် အစုရှယ်ယာ ရှယ်ယာ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံ ငွေရင်းနှီးမြှုပ်နှံခြင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ shareဝင်ခြင်း ရှယ်ယာဝင်ခြင်း ဘဏ္ဍာရေးဈေးကွက် ရန်ကုန်စတော့အိပ်ချိန်း ရှယ်ယာ အစုရှယ်ယာ ရှယ်ယာဘယ်မှာဝယ်လို့ရလဲ ရှယ်ယာဝယ်ချင်တယ် ရှယ်ယာဘယ်မှာဝယ်ရမှာလဲ စတော့ဈေးကွက် ဈေးကွက် စတော့အိပ်ချိန်း စတော့ အိပ်ချိန်း အိတ်ချိန်း ရန်ကုန်စတော့အိတ်ချိန်း ရောင်းဝယ်နည်း ရောင်းဝယ်ခြင်း စတော့စျေးကွက် ရင်းနှီးမြှုပ်နှံ ငွေရင်းနှီးမြှုပ်နှံခြင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ shareဝင်ခြင်း ရှယ်ယာဝင်ခြင်း ဘဏ္ဍာရေးဈေးကွက် YSX stock shares trading securities stock market stock exchange about stock share trading trading stock buy sell stock yangon stock securities account security account

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။