ပြင်းထန်ရောဂါကုသမှုအာမခံ (Critical Illness Insurance) ဆိုတာဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

ကျန်းမာရေးအာမခံက မထင်မှတ်ထားတဲ့ ကျန်းမာရေးပြဿနာရဲ့ ကုန်ကျစရိတ်တွေအတွက် ကူညီပေးပါတယ်။

ပုံမှန်ကျန်းမာရေးအာမခံမှာတော့ ကင်ဆာ၊ နှလုံးဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်း စတဲ့ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေအတွက် အကာအကွယ်ပေးလေ့မရှိပါဘူးshwedingar.com။ ဒါတွေကြောင့် ပြင်းထန်ရောဂါကုသမှုအာမခံကို လိုအပ်တာဖြစ်ပါတယ်။

ပုံမှန်ကျန်းမာရေးအာမခံအကြောင်း ဒီမှာ လေ့လာနိုင်ပါတယ်။ 123



အသက်အန္တရာယ်ကို အဓိက ခြိမ်းခြောက်နိုင်တဲ့ ကျန်းမာရေးပြဿနာများအတွက် ကုန်ကျစရိတ်များကို ပေးချေရာမှာ ပြင်းထန်ရောဂါကုသမှုအာမခံက ကူညီပေးပါတယ်။

ပြင်းထန်တဲ့ရောဂါတစ်ခုခု ခံစားနေရပြီး ကုသမှုခံယူနေရတယ်ဆိုတာ ဆရာဝန်ဆီက ထောက်ခံချက်ရတာနဲ့ ပြင်းထန်ရောဂါကုသမှုအာမခံက လျော်ကြေးကို တစ်လုံးတစ်စုတည်း ထုတ်ပေးပါတယ်။ 

ပြင်းထန်ရောဂါကုသမှုအာမခံက လျော်ကြေးကို တစ်လုံးတစ်စုတည်း ထုတ်ပေးတဲ့အတွက် ရွေးချယ်နိုင်တဲ့ ခွဲစိတ်ကုသခြင်းအတွက် အကာအကွယ်နဲ့ မတူပါဘူးshwedingar.com။ ခွဲစိတ်ကုသခြင်းအတွက် အကာအကွယ်က ပုံမှန်အားဖြင့် အများဆုံးအကျိုးခံစားခွင့်ပမာဏအထိ ကုန်ကျစရိတ်ကိုပဲ ထုတ်ပေးပါတယ်။   

ပြင်းထန်ရောဂါကုသမှုအာမခံက ဘာတွေအတွက် အကာအကွယ်ပေးလဲ။

ပုံမှန်အားဖြင့် တွေ့ရလေ့ရှိတဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ရောဂါ အကာအကွယ် (၁၀) ခုရှိပါတယ်။  

  • နှလုံးဖောက်ခြင်း
  • လေဖြတ်ခြင်း
  • ကင်ဆာ (အသက်အန္တရာယ်ရှိသော)
  • ကျောက်ကပ်ပျက်စီးခြင်း
  • အကြီးစား အစားထိုးကုသခြင်း
  • နှလုံးအဆို့ရှင် အစားထိုးခြင်း (သို့) ပြုပြင်ခြင်း
  • နှလုံးသွေးကြောလမ်းကြောင်းလွှဲ ခွဲစိတ်ကုသခြင်း
  • ပြင်းထန်စွာမီးလောင်ခံရခြင်း
  • သတိမေ့ခြင်း (Coma)
  • ဘက်တီးရီးယားကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်း
  • သေဆုံးခြင်း (အချို့အာမခံကုမ္ပဏီသာ)

ဘာအကျိုးခံစားခွင့်ရှိလဲ။

ဆရာဝန်ရဲ့ထောက်ခံချက်နဲ့ ကုသခြင်းစတင်မှု အပေါ်မူတည်ပြီး ပြင်းထန်ရောဂါကုသမှုအာမခံ ၁ ယူနစ်လျှင် ၁၀ သိန်းကျပ် လျော်ပေးပါတယ်shwedingar.com။ သေဆုံးမှုအတွက်လည်း ၁၀ သိန်း ပေးလျော်လေ့ရှိပါတယ်shwedingar.com။ ဒါပေမယ့် အပေါ်မှာ ဖော်ပြထားတဲ့ ရောဂါများအတွက် ပေးလျော်ပြီးသားဆိုရင်တော့ သေဆုံးခြင်းအတွက် လျော်ကြေးထပ်ရမှာ မဟုတ်ပါဘူး။

ပြင်းထန်ရောဂါကုသမှုအာမခံကို ၁ ယူနစ်ထက်ပိုပြီး ဝယ်လို့ရလား။

ရပါတယ်shwedingar.com။ ကျန်းမာရေးအာမခံလိုပဲ ပိုများတဲ့ အကျိုးခံစားခွင့်အတွက် ပြင်းထန်ရောဂါကုသမှုအာမခံကိုလည်း ၁ ယူနစ်ထက်ပိုပြီး ဝယ်လို့ရပါတယ်shwedingar.com။ ပရီမီယံကြေးတော့ ပိုများသွားပါလိမ့်မယ်shwedingar.com။ ၁၀ ယူနစ်ထိ အများဆုံးဝယ်ယူလို့ ရပါတယ်။

ယူနစ်” တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ဒီမှာလေ့လာပါ။ 

ဘယ်လောက်ကုန်ကျလဲ။

အသက် ၁ ယူနစ်အတွက် ပရီမီယံကြေး (တစ်နှစ်လျှင်)
၆-၃၀ ၈,၈၀၀ ကျပ်
၃၁-၄၀ ၁၅,၄၀၀ ကျပ်
၄၁-၅၀ ၂၄,၂၀၀ ကျပ်
၅၁-၆၀ ၃၇,၄၀၀ ကျပ်

အုပ်စုလိုက်မဟုတ်ပဲ တစ်ဦးတည်းဝယ်ယူမယ်ဆိုရင် ပရီမီယံကြေးကို တစ်ဝက်စီ နှစ်ခါခွဲသွင်းလို့ရပါတယ်။

အာမခံသက်တမ်းက ဘယ်လောက်လဲ။

ပြင်းထန်ရောဂါကုသမှုအာမခံသက်တမ်းက ၁ နှစ်ဖြစ်ပါတယ်။

အကာအကွယ်မပေးတဲ့အရာတွေက

ကျန်းမာရေးအာမခံလိုပဲ တစ်ချို့အခြေအနေတွေမှာ လျော်ကြေးတောင်းခံခြင်းက အကျုံးဝင်မှာ မဟုတ်ပါဘူးshwedingar.com။ ပရီမီယံကြေးမပေးသွင်းခင်မှာ အသေးစိတ်ကို သိရှိထားဖို့ လိုပါတယ်shwedingar.com။ ပုံမှန်အားဖြင့် လျော်ကြေးမပေးတာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

  • အာမခံလျှောက်ထားစဉ်က ရှိပြီးသား ရောဂါများ
  • စိတ်ပိုင်းဆိုင်ရာ ရောဂါများ
  • ကိုယ်ဝန်ဖျက်ချခြင်းများ
  • အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းများ
  • အကြမ်းဖက်၊ အဓိကရုဏ်း၊ စစ်နှင့် စစ်ကဲ့သို့ဖြစ်ရပ်ကြောင့် ဆေးကုသမှုခံယူခြင်း
  • အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဆေးကုသခံယူခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် ဆေးကုသမှုခံယူခြင်း
  • သတ်သေခြင်း (သို့) သတ်သေရန်ကြံစည်ခြင်း
  • လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ

ဘယ်သူတွေ လျှောက်ထားနိုင်လဲ။

အသက် ၆ နှစ်မှ ၆၀ နှစ်အတွင်းရှိသူတိုင်း ပြင်းထန်ရောဂါကုသမှုအာမခံကို လျှောက်ထားနိုင်ပါတယ်shwedingar.com။ အသက် ၁၈ နှစ်အောက်ဆိုရင်တော့ မိဘ သို့မဟုတ် အုပ်ထိန်းသူမှတစ်ဆင့် လျှောက်ထားဖို့ လိုပါတယ်။

လိုအပ်ချက်တွေက

ကျန်းမာရေးအာမခံကိုဝယ်ယူရန် နိုင်ငံသားမှတ်ပုံတင်နဲ့ အချက်အလက်များ အပြည့်အစုံဖြည့်ထားတဲ့လျှောက်လွှာ လိုအပ်လေ့ရှိပါတယ်shwedingar.com။ ပုံမှန်အားဖြင့် ကျန်းမာရေးအာမခံလျှောက်ထားရာမှာ လက်ရှိကျန်းမာရေးအခြေအနေကို ဖော်ပြဖို့အတွက် ကျန်းမာရေးဖွင့်ဟဝန်ခံလွှာလည်း ပါဝင်လေ့ရှိပါတယ်။   

အကာအကွယ်များများလိုချင်တဲ့သူဖြစ်ဖြစ်၊ သက်ကြီးပိုင်းလျှောက်ထားသူတွေကတော့ လျှောက်ထားဝယ်ယူခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်ဖို့လိုပါလိမ့်မယ်။

ပြင်းထန်ရောဂါကုသမှုအာမခံကို ဘယ်မှာဝယ်ယူလို့ရလဲ။

ပြင်းထန်ရောဂါကုသမှုအာမခံကို ဝန်ဆောင်မှုပေးနေတဲ့ အာမခံကုမ္ပဏီတစ်ချို့ ရှိပါတယ်။ 

ပြင်းထန်ရောဂါကုသမှုအာမခံများနှိုင်းယှဉ်ခြင်းမှာ အာမခံတွေကို ကျွန်တော်တို့ စုစည်းဖော်ပြထားတဲ့အတွက် အလွယ်တကူဝင်ရောက် လေ့လာနိုင်ပါတယ်။

တစ်ချို့အာမခံကုမ္ပဏီတွေက သူတို့ရဲ့ ကျန်းမာရေးအာမခံပက်ကေ့ခ်ျထဲမှာ ပြင်းထန်ရောဂါကုသမှုအာမခံကိုပါ ထည့်သွင်းထားတတ်ပါတယ်။123


ပုံမှန်ကျန်းမာရေးအာမခံအကြောင်ကိုလည်း လေ့လာနိုင်ပါတယ်shwedingar.comပုံမှန်ကျန်းမာရေးအာမခံများကိုလည်း ဒီမှာနှိုင်းယှဉ်ကြည့်နိုင်ပါတယ်

ကျန်းမာရေးအာမခံ ဝယ်ယူထားပြီးပြီshwedingar.com။ ဘယ်လိုလျော်ကြေးတောင်းခံရမလဲဆိုတာ လေ့လာချင်တာဆိုရင် ကျန်းမာရေးအာမခံအတွက် လျော်ကြေးတောင်းခံခြင်းမှာ လေ့လာကြည့်ပါ။

အာမခံဆိုတာ ကိုယ့်အတွက် အသစ်အဆန်းဖြစ်နေတုန်းပဲ၊ သေချာလည်း နားမလည်သေးဘူးဆိုရင် ဒီမှာအာမခံအကြောင်း လေ့လာပါNeo

အာမခံ ကျန်းမာရေးအာမခံ ပြင်းထန်ရောဂါကုသမှုအာမခံ ပြင်းထန်ရောဂါအာမခံ ပြင်းထန်ရောဂါကုအာမခံ ပြင်းထန်ရောဂါ ပြင်းထန်ရောဂါကုသမှုအာမခံဆိုတာဘာလဲ အာမခံ ကျန်းမာရေးအာမခံ ပြင်းထန်ရောဂါကုသမှုအာမခံ ပြင်းထန်ရောဂါအာမခံ ပြင်းထန်ရောဂါကုအာမခံ ပြင်းထန်ရောဂါ ပြင်းထန်ရောဂါကုသမှုအာမခံဆိုတာဘာလဲ health insurance critical illness insurance coverage

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။