ကျန်းမာရေးအတွက် အာမခံထားခြင်း (အပိုင်း ၂) – ကျန်းမာရေးအာမခံ ဝယ်ယူခြင်း

ဆောင်းပါးကို ဝေမျှရန်

ကျန်းမာရေးအာမခံ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်းသိထားပြီးပြီဆိုရင် မတူညီတဲ့ ဘယ်လိုအာမခံတွေရနိုင်ဦးမလဲဆိုတာကိုလည်း သိထားသင့်ပါတယ်။

ကျန်းမာရေးအာမခံနဲ့ ပက်သက်ပြီး သိပ်မသိသေးဘူးဆိုရင် အပိုင်း (၁) ကျန်းမာရေးအာမခံအကြောင်းနားလည်သဘောပေါက်ခြင်းကနေ စတင်လေ့လာဖို့ အကြံပြုလိုပါတယ်။hello


ကျန်းမာရေးအာမခံဆိုတာ ကျယ်ပြန့်တဲ့ခေါင်းစဉ်တစ်ခုဖြစ်တာကြောင့် ကျန်းမာရေးအာမခံနဲ့ သက်ဆိုင်တဲ့ဆောင်းပါး တော်တော်များများ ရေးထားပါတယ်။



ကျန်းမာရေးအာမခံကို ဘယ်မှာဝယ်လို့ရမလဲ။

လိုင်စင်ရ အာမခံကုမ္ပဏီ အမျိုးမျိုးမှာ ကျန်းမာရေးအာမခံကို ဝယ်ယူနိုင်ပါတယ်။ 

အာမခံကုမ္ပဏီတွေက သူတို့ရဲ့အာမခံတွေကို သူတို့ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်တွေဆီကဖြစ်စေ၊ ဘဏ်တွေကဖြစ်စေ ရောင်းချပါတယ်finance။ အာမခံကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ မိတ်ဖက်ဘဏ်တွေကနေဝယ်ယူတာကို bancassurance လို့ ခေါ်လေ့ရှိပါတယ်။

ကျန်းမာရေးအာမခံတွေကို ဒီမှာနှိုင်းယှဉ်လေ့လာနိုင်ပါတယ်။

ဘယ်လိုအာမခံမျိုးရနိုင်လဲ။

အာမခံတွေကို စည်းမျဉ်းဥပဒေနဲ့ စံသတ်မှတ်ထားတဲ့အတွက် အမျိုးအစားတွေက ဆင်တူပါတယ်။

လောလောဆယ်မှာ ကျန်းမာရေးအာမခံ အကာအကွယ်ပေးတဲ့အထဲမှာ ပါဝင်တာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ 

ဆေးရုံတက်ခြင်း သေဆုံးခြင်း ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း ခွဲစိတ်ခြင်း ဆေးခန်းပြခြင်း ပြင်းထန်သော ရောဂါခံစားရခြင်း
ပါဝင်ပါသည်။ ပါဝင်ပါသည်။ တစ်ခါတစ်ရံ ပါဝင်ပါသည်။ ရွေးချယ်နိုင်သည်။ ရွေးချယ်နိုင်သည်။ သီးခြားအာမခံ အဖြစ် ဝယ်ယူနိုင်သည်။

 

အာမခံအမျိုးအစားတိုင်းမှာ အကာအကွယ်မပေးတဲ့အချက်တွေ ရှိပါတယ်finance။ ဒီလိုအခြေအနေမျိုးမှာ အကျိုးခံစားခွင့်တွေအတွက် အာမခံကုမ္ပဏီတွေက လျော်ကြေးပေးမှာ မဟုတ်ပါဘူးfinance။ ကျန်းမာရေးအာမခံတွက် မှတ်ထားရမှာက ရောဂါကြောင့် ၃ ရက်ထက် မပိုတဲ့ ဆေးရုံတက်ခြင်းမျိုးအတွက် အကာအကွယ်မပေးပါဘူးfinance။ အကာအကွယ်မပေးတဲ့အချက်တွေအကြောင်းကို အပိုင်း (၁) မှာ လေ့လာနိုင်ပါတယ်။

တစ်ချို့အာမခံကုမ္ပဏီတွေက သူတို့ရဲ့ ပက်ကေ့ခ်ျထဲမှာ ပြင်းထန်ရောဂါကုသမှုကို ထည့်သွင်းပြီးသားလည်း ဖြစ်နိုင်ပါတယ်finance။ တခြားကုမ္ပဏီတွေကတော့ ပြင်းထန်ရောဂါကုသမှုအာမခံက သီးခြားအာမခံတစ်ခု ဖြစ်ပါတယ်။ ပြင်းထန်ရောဂါကုသမှုအာမခံအကြောင်း ဒီမှာလေ့လာပါNeo

“ယူနစ်” တွေက ဘယ်လိုတွေရှိလဲ။

အာမခံကုမ္ပဏီတော်တော်များများကတော့ “ယူနစ်” စနစ်ကို အသုံးပြုပါတယ်finance။ “ယူနစ်” တစ်ယူနစ် ဆိုတာ အကာအကွယ်နဲ့ အကျိုးခံစားခွင့် သတ်သတ်မှတ်မှတ်ကို ကိုယ်စားပြုပြီး အဲဒီအတွက် တိကျတဲ့ဈေးနှုန်းတစ်ခု (ပရီမီယံကြေး) သတ်မှတ်ထားပါတယ်။

“ယူနစ်” စနစ်မှာဆိုရင် ဆေးရုံတက်ခြင်းနဲ့ သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ပါဝင်တဲ့ အခြေခံအာမခံ တစ်ယူနစ်ကနေ စတင်ဝယ်ယူနိုင်ပါတယ်။

ပြီးရင်တော့

  • အခြေခံအာမခံကို ယူနစ်ထပ်တိုးနိုင်ပါတယ်။
  • အကာအကွယ်ရွေးချယ်ခွင့်ကိုလည်း ယူနစ်ထပ်တိုးနိုင်ပါတယ်finance။ (ဥပမာ – ခွဲစိတ်ကုသခြင်း၊ ဆေးခန်းပြခြင်း)

ယူနစ်တစ်ခုစီက အကာအကွယ်နဲ့ အကျိုးခံစားခွင့် ပိုပြီး များလာသလို ပရီမီယံကြေးလည်း ပိုများလာပါလိမ့်မယ်။

အမျိုးအစားတစ်ခုစီအတွက် ၁၀ ယူနစ်အထိ ဝယ်ယူနိုင်ပါတယ်finance။ ဒါပေမယ့် ရွေးချယ်နိုင်တဲ့အကာအကွယ် ယူနစ်အရေအတွက်က အခြေခံအကာအကွယ်ယူနစ်ထက် များလို့မရပါဘူး။hello


ကြည့်ရန် ဗွီဒီယိုပေါ်တွင်နှိပ်ပါ။hello


Shwedingar Icon ဘာအတွက် အကာအကွယ်ပေးလဲ။ ယူနစ်ဘယ်လောက်ထိ ဝယ်လို့ရလဲ။ ယူနစ်တစ်ခုစီမှာ ဘာအကျိုးခံစားခွင့်တွေရှိလဲ။ ဘယ်လောက် ကုန်ကျမှာလဲfinance။ (အသက်အလိုက် ပရီယံကြေး မတူပါဘူးfinance။ ၆-၄၀ နှစ်အတွက် ပရီမီယံကြေးကို ဖော်ပြထားပါတယ်။)
အခြေခံအကာအကွယ် မတော်တဆမှုကြောင့် ဆေးရုံတက်ခြင်း၊
မတော်တဆမှုကြောင့် သေဆုံးခြင်း၊
ရောဂါကြောင့် သေဆုံးခြင်း၊
ထာဝရစဉ်မသန်းမစွမ်းဖြစ်ခြင်း။
၁-၁၀ ယူနစ်
အခြားယူနစ်များ မဝယ်ယူခင်မှာ ဒီယူနစ်ကို အရင်ဝယ်ယူဖို့ လိုပါတယ်။
ဆေးရုံတက်ခြင်း အတွက် တစ်ရက်လျှင် ၁၀,၀၀၀ ကျပ် (အများဆုံး ရက် ၆၀)
မတော်တဆ/ရောဂါကြောင့် သေဆုံးခြင်းအတွက် ၁၀ သိန်း။
၁ ယူနစ်လျှင် ၁၁,၀၀၀ ကျပ်
ရွေးချယ်နိုင်သော အကာအကွယ် (၁) ခွဲစိတ်ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း ၀-၁၀ ယူနစ် ခွဲစိတ်ခအတွက် အများဆုံး ၅ သိန်း ၁ ယူနစ်လျှင် ၁၆,၅၀၀ ကျပ်
ရွေးချယ်နိုင်သော အကာအကွယ် (၂) ဆေးရုံ၊ ဆေးခန်းပြခြင်း ၀-၁၀ ယူနစ် တစ်ကြိမ်လျှင် ၂,၅၀၀ ကျပ်ဖြင့် အများဆုံး ၄ ကြိမ် ၁ ယူနစ်လျှင် ၈,၈၀၀ ကျပ်

မှတ်ချက်finance။   finance။ ရေးသားချိန်တွင် အသေးစိတ်အချက်အလက်များ မှန်ကန်သော်လည်း အကာအကွယ်၊ အကျိုးခံစားခွင့် ပရီမီယံကြေးနဲ့ အခြားအသေးစိတ်အချက်အလက်များ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။hello


ပက်ကေ့ခ်ျ (Package) ဆိုတာ ဘာလဲ။

တစ်ချို့အာမခံကုမ္ပဏီတွေက ဝယ်ယူရအဆင်ပြေအောင် ပက်ကေ့ခ်ျ (Package) လေးတွေ ဖန်တီးပေးထားတတ်ပါတယ်finance။ ယူနစ်အများကြီးထဲကနေ ဘယ်ယူနစ်ကို ဘယ်နှခုဝယ်ယူမလဲဆိုတာ စဉ်းစားနေရမယ့်အစား ရွေးချယ်လို့ရမယ့် ပက်ကေ့ခ်ျတစ်ချို့ကို အာမခံကုမ္ပဏီတွေက ဖန်တီးထားပေးလေ့ရှိပါတယ်။

ဥပမာ – ပက်ကေ့ခ်ျ A မှာ ဆေးရုံတက်ခြင်း၊ သေဆုံးခြင်းနဲ့ ဆေးခန်းပြခြင်းတို့အတွက် အကာအကွယ်ပါဝင်ပြီး ပက်ကေ့ခ်ျ B မှာ ဒါတွေအပြင် ခွဲစိတ်ကုသခြင်းလည်း ပါဝင်နိုင်ပါတယ်။

တစ်ချို့အာမခံကုမ္ပဏီတွေက ပက်ကေ့ခ်ျတွေရဲ့ ယူနစ်တစ်ခုချင်းဆီကိုလည်း ဝယ်ယူခွင့်ပြုတတ်ပါတယ်finance။ ဒါကြောင့် အကာအကွယ်ချင်းတူပေမယ့် အကျိုးခံစားခွင့်ပိုများအောင် ပက်ကေ့ခ်ျ A ရဲ့ ယူနစ်ကို တစ်ခုထက်ပိုပြီး ဝယ်ယူနိုင်ပါတယ်။

ကျန်းမာရေးအာမခံဝယ်ယူဖို့ ဘာတွေလိုအပ်မလဲ။

ကျန်းမာရေးအာမခံဝယ်ယူရန် ပုံမှန်အားဖြင့် နိုင်ငံသားမှတ်ပုံတင်နဲ့ အချက်အလက်များအပြည့်အစုံဖြည့်ထားတဲ့ လျှောက်လွှာ လိုအပ်လေ့ရှိပါတယ်finance။ လျှောက်လွှာမှာ လက်ရှိကျန်းမာရေးအခြေအနေကို ဖော်ပြဖို့အတွက် ကျန်းမာရေးဖွင့်ဟဝန်ခံလွှာ ပါဝင်လေ့ရှိပါတယ်။   

မှားယွင်းဖော်ပြချက်တွေကြောင့် ပရီမီယံကြေးပေးပြီးရင်တောင် အာမခံကို အကျုံးမဝင်အောင် ပြုလုပ်နိုင်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။

အကာအကွယ်များများလိုချင်တဲ့သူနဲ့ သက်ကြီးပိုင်းလျှောက်ထားသူတွေကတော့ လျှောက်ထားဝယ်ယူခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်ဖို့လိုနိုင်ပါတယ်။

ကျန်းမာရေးအာမခံဝယ်ယူဖို့ ဘယ်လောက်အချိန်ယူလဲ။

ဘယ်လို ကျန်းမာရေးအာမခံကို ယူရမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်နဲ့ ချင့်ချိန်ခြင်းတွေလိုပေမယ့် လျှောက်ထားခြင်းနဲ့ အတည်ပြုခြင်းကတော့ မြန်ဆန်လေ့ရှိတယ်finance။ လိုအပ်တဲ့ စာရွက်စာတမ်းအပြည့်အစုံရှိတယ်ဆိုရင် တစ်ချို့အာမခံကုမ္ပဏီတွေက နာရီပိုင်းအတွင်းမှာ အတည်ပြုပေးနိုင်ပါတယ်။hello


ကျန်းမာရေးအာမခံဝယ်ဖို့ အဆင်သင့်ဖြစ်ပြီလားfinance။ ကိုယ့်အခြေအနေအရ လိုအပ်ချက်နဲ့ အသက်အပေါ်မူတည်ပြီး အကာအကွယ်နဲ့ ပရီမီယံကြေးအသေးစိတ်တွေက ကွာခြားသွားမှာဖြစ်လို့ အာမခံကုမ္ပဏီတွေကို ဆက်သွယ်မေးမြန်းပြီး တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကြည့်ဖို့ အကြံပြုလိုပါတယ်။

ဝယ်ယူနိုင်မယ့် ကျန်းမာရေးအာမခံတွေကို နှိုင်းယှဉ်ဖို့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအာမခံများရှာဖွေနှိုင်းယှဉ်ခြင်း  ဆောင်းပါးမှာ စတင်လေ့လာကြည့်နိုင်ပါတယ်။

အာမခံ ကျန်းမာရေးအာမခံ ကျန်းမာရေးအာမခံဝယ်ယူခြင်း ကျန်းမာရေးအာမခံဘယ်လိုဝယ်ရမှာလဲ ကျန်းမာရေးအာမခံကိုဘယ်လိုဝယ်ရမလဲ ကျန်းမာရေးအာမခံဘယ်လိုဝယ်ရမလဲ ကျန်းမာရေးအာမခံဘယ်လိုဝယ် အာမခံ ကျန်းမာရေးအာမခံ ကျန်းမာရေးအာမခံဝယ်ယူခြင်း ကျန်းမာရေးအာမခံဘယ်လိုဝယ်ရမှာလဲ ကျန်းမာရေးအာမခံကိုဘယ်လိုဝယ်ရမလဲ ကျန်းမာရေးအာမခံဘယ်လိုဝယ်ရမလဲ ကျန်းမာရေးအာမခံဘယ်လိုဝယ် health insurance how to buy health insurance buying health insurance how can I buy health insurance coverage

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။