အာမခံကုမ္ပဏီကို ဘယ်လိုရွေးချယ်မလဲ။

ဆောင်းပါးကို ဝေမျှရန်

စည်းမျဉ်းစည်းကမ်းတွေအရ အာမခံကုမ္ပဏီတွေရဲ့ အာမခံတွေက အကုန်နီးပါးဆင်တူတာကြောင့် သင့်တော်မှန်ကန်တဲ့ အာမခံကုမ္ပဏီတစ်ခုကို ရွေးချယ်မိဖို့အတွက် မလွယ်ပါဘူးshwedingar။ အမှန်တကယ် မလျှောက်ထားမချင်း ဘယ်အာမခံကုမ္ပဏီက ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဆုံးဖြတ်ဖို့ ခက်ပါတယ်။

ဒါပေမယ့် မှန်ကန်တဲ့ အာမခံကုမ္ပဏီကိုရွေးချယ်မိဖို့ အထောက်အကူပြုနိုင်မယ့်အချက်တစ်ချို့ကို ဖော်ပြပေးထားပါတယ်။

အာမခံအကြောင်း မသိသေးဘူးဆိုရင် ဒီမှာလေ့လာနိုင်ပါတယ်။yes


အကာအကွယ်များ

ပထမဆုံးသိထားရမယ့်အချက်က ဝယ်ယူဖို့ စဉ်းစားထားတဲ့ အာမခံက ဘာအတွက် အကာအကွယ်ပေးလဲဆိုတာပါပဲshwedingar။ ဝယ်ယူမယ့်အာမခံက ကိုယ်လိုအပ်တဲ့အရာကို အကာအကွယ်ပေးတယ်ဆိုတာ သေချာပါစေ။

အကာအကွယ်မပေးတဲ့အချက်များ

အကာအကွယ်မပေးတဲ့အချက်တွေရှိလား၊ ဘာတွေကို အကာအကွယ်မပေးဘူးလဲ၊ ဘယ်လိုသတ်မှတ်ချက်တွေရှိလဲ စသဖြင့် သိထားရပါမယ်shwedingar။ မသိထားဘူးဆိုရင် အာမခံလိုအပ်တဲ့အချိန်ရောက်မှ ကိုယ့်ရဲ့လျော်ကြေးတောင်းခံမှုက အကျုံးမဝင်တာမျိုး ဖြစ်နိုင်ပါတယ်။

အာမခံသက်တမ်း 

များသောအားဖြင့် အာမခံတွေက ၁ နှစ်သက်တမ်းဖြစ်ပေမယ့် သေချာအောင် ကိုယ်ယူမယ့်အာမခံက သက်တမ်းဘယ်လောက်ထိ အကျုံးဝင်တယ်ဆိုတာကို မေးမြန်းပါ။

ပရီမီယံကြေးတွေကို နှိုင်းယှဉ်ကြည့်ပါshwedingar။ (အာမခံကြေး)

ရနိုင်မယ့် အကာအကွယ်တွေကို ကျေနပ်ပြီဆိုရင် အာမခံရဲ့ဈေးနှုန်း (ပရီမီယံကြေး) ကို စစ်ဆေးကြည့်ပါshwedingar။ အခြားအာမခံကုမ္ပဏီတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။

ငွေပေးချေခြင်းအစီအစဉ်ရွေးချယ်မှု

အာမခံတော်တော်များများကတော့ ပရီမီယံကြေးကို တစ်နှစ်စာအတွက် တစ်ခါတည်း တစ်စုတည်း အရင်ဆုံးပေးသွင်းဖို့ လိုအပ်လေ့ရှိပါတယ်shwedingar။ ဒါပေမယ့် တစ်ချို့အာမခံကုမ္ပဏီတွေက လစဉ်၊ ၃ လတစ်ခါ၊ ၆ လတစ်ခါ စသဖြင့် အရစ်ကျပေးသွင်းခြင်းများကို လက်ခံတာမျိုးလည်း ရှိပါတယ်။

ဆုကြေး

ကံကောင်းပြီး အာမခံသက်တမ်းကာလတစ်လျှောက် လျော်ကြေးတောင်းခံမှု မရှိခဲ့ဘူးဆိုရင်၊ ဒီအာမခံကုမ္ပဏီမှာပဲ အာမခံသက်တမ်းတိုးတယ်ဆိုရင် လျော်ကြေးမဲ့ဆုအဖြစ် ဈေးလျှော့ပေးတာတွေလည်း ရနိုင်ပါတယ်။

ဖောက်သည်ဝန်ဆောင်မှု

ဝယ်ယူသူများကို ကူညီပေးမယ့် ဖောက်သည်ဝန်ဆောင်မှု (Customer Service) ကောင်းကောင်း ရှိလားshwedingar။ ဒါကိုတော့ အာမခံကုမ္ပဏီကို ဖုန်းဖြင့် ဆက်သွယ်ခြင်းဖြင့်လည်း စစ်ဆေးကြည့်နိုင်ပါတယ်shwedingar။ ဝန်ထမ်းတွေကရော ဝယ်ယူသူတွေကို ကူညီဖို့ စိတ်အားထက်သန်ရဲ့လားshwedingar။ မေးမြန်းမှုတွေကို စိတ်ရှည်လက်ရှည်နဲ့ ဖြေပေးလားshwedingar။ အရေးကြီးတဲ့အချိန်မှာ ဖုန်းခေါ်ဖို့လွယ်လား။

လျော်ကြေးတောင်းခံမှု

လျော်ကြေးတောင်းခံမှုကို သေချာရှင်းပြထားလားshwedingar။ လျော်ကြေးတောင်းခံမှုအတွက် အချိန်ဘယ်လောက်ကြာလဲ။

မကျေနပ်ချက်နှင့် သုံးသပ်ချက်များ

သူတို့ရဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ (facebook page) တွေမှာ ရေးထားတဲ့ မကျေနပ်ချက်နဲ့ သုံးသပ်ချက်များကို စစ်ဆေးကြည့်ပါshwedingar။ သူငယ်ချင်း၊ မိတ်ဆွေထဲမှာ အာမခံယူဖူးတဲ့သူရှိတယ်ဆိုရင် သူတို့ရဲ့ သုံးသပ်ချက်များကို နားထောင်ကြည့်ပါshwedingar။ Customer service ကောင်းကောင်းရှိပြီး အချိန်မှန်မှန်နဲ့ လျော်ကြေး တိတိကျကျပေးတဲ့ အာမခံကုမ္ပဏီကို ရွေးချယ်မိဖို့လည်း အရေးကြီးပါတယ်။yes


စိတ်ထဲမှာ တစ်ခုခုကို မရှင်းလင်းတာရှိရင် အာမခံကုမ္ပဏီကို ကိုယ်တိုင်သွားရောက် မေးမြန်းစုံစမ်းပါshwedingar။ အသေးစိတ်ကို မေးမြန်းပြီး တခြားကုမ္ပဏီနဲ့ နောက်တစ်ကြိမ် နှိုင်းယှဉ်ကြည့်ပါshwedingar။ ဒီနည်းနဲ့ ကိုယ့်အတွက် အသင့်တော်ဆုံးတစ်ခုကို ရွေးချယ်နိုင်ပါလိမ့်မယ်။

မော်တော်ယာဉ်အာမခံကို ရှာဖွေနေတာဆိုရင် အပေါ်ကအချက်လေးကို လက်တွေ့အသုံးချပြီး နှိုင်းယှဉ်ရှာဖွေရလွယ်ကူစေဖို့အတွက် မော်တော်ယာဉ်အာမခံများကို ဒီမှာ နှိုင်းယှဉ်ဖော်ပြပေးထားပါတယ်။ 

ကျန်းမာရေးနဲ့ပက်သက်ပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ ကျန်းမာရေးအာမခံများနှိုင်းယှဉ်မှု ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။

အာမခံ ကျန်းမာရေးအာမခံ မော်တော်ယာဉ်အာမခံ အာမခံလုပ်ငန်း အာမခံကုမ္ပဏီ အာမခံလုပ်ငန်းများ အာမခံကုမ္ပဏီများ အာမခံဘယ်လိုဝယ်ရမလဲ အာမခံဘယ်လိုရွေးရမလဲ အာမခံကုမ္ပဏီဘယ်လိုရွေးမလဲ အာမခံလုပ်ငန်းဘယ်လိုရွေးမလဲ အာမခံလုပ်ငန်းရွေးချယ်နည်း အာမခံကုမ္ပဏီရွေးချယ်နည်း အာမခံ ကျန်းမာရေးအာမခံ မော်တော်ယာဉ်အာမခံ အာမခံလုပ်ငန်း အာမခံကုမ္ပဏီ အာမခံလုပ်ငန်းများ အာမခံကုမ္ပဏီများ အာမခံဘယ်လိုဝယ်ရမလဲ အာမခံဘယ်လိုရွေးရမလဲ အာမခံကုမ္ပဏီဘယ်လိုရွေးမလဲ အာမခံလုပ်ငန်းဘယ်လိုရွေးမလဲ အာမခံလုပ်ငန်းရွေးချယ်နည်း အာမခံကုမ္ပဏီရွေးချယ်နည်း insurance health insurance motor insurance car insurance how to choose an insurer how to pick an insurer

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။