သင့်ကားရဲ့ အနာဂတ်အတွက် အာမခံချက် – မော်တော်ယာဉ်အာမခံ

ဆောင်းပါးကို ဝေမျှရန်

ကိုယ့်ရဲ့ပိုင်ဆိုင်ပစ္စည်းတွေအပေါ် မထင်မှတ်ထားတဲ့အရာတွေ ကြုံရတဲ့အခါ အကုန်အကျများပြီး တော်တော်လည်းဒုက္ခရောက်တတ်တာကြောင့် အကာအကွယ်ထားချင်တဲ့ အရာတွေရှိတတ်ကြပါတယ်dingar။ အထူးသဖြင့် မော်တော်ယာဉ်တွေလို တန်ဖိုးများတဲ့ ပိုင်ဆိုင်မှုတွေအတွက် အကာအကွယ်ထားချင်ကြပါတယ်Trinity

ဒီလိုအကုန်အကျများမယ့်ဒုက္ခတွေကို ရှောင်နိုင်ဖို့အတွက် သင့်ကားရဲ့အနာဂတ်ကို မော်တော်ယာဉ်အာမခံနဲ့ အာမခံချက်ထားလို့ရပါတယ်Trinity

မော်တော်ယာဉ်အာမခံအကြောင်း မသွားခင်မှာ အာမခံဆိုတာဘာလဲ သေချာနားလည်ဖို့အတွက် ဒီမှာပြန်လေ့လာနိုင်ပါတယ်world


မော်တော်ယာဉ်အာမခံဆိုတာဘာလဲ။

မော်တော်ယာဉ်အာမခံဆိုတာ အိမ်သုံးကား၊ လုပ်ငန်းသုံးကား၊ ကုန်တင်ကားနဲ့ ကုန်းလမ်းမှာသွားလာနေတဲ့ ယာဉ်တွေအတွက် အာမခံဖြစ်ပါတယ်dingar။ ဒီအာမခံရဲ့ အဓိကရည်ရွယ်ချက်ကတော့ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု အစရှိတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်းဆိုင်ရာပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ရှနာမှုများနဲ့ မတော်တဆမှုကြောင့် ပေးဆောင်စရာများအတွက် ဘဏ္ဍာရေးအကာအကွယ်ယူထားခြင်းပဲ ဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့်တော့ သူတစ်ပါးထိခိုက်မှုအာမခံ နဲ့ အလုံးစုံမော်တော်ယာဉ်အာမခံ ဆိုပြီး မော်တော်ယာဉ်အာမခံ (၂) မျိုးရှိပါတယ်dingar။ အောက်မှာ ဆက်လက်လေ့လာကြည့်ပါ။

world



သူတစ်ပါးထိခိုက်မှုအာမခံဆိုတာ အာမခံထားသူကြောင့် သူတစ်ပါး ထိခိုက်ပျက်စီးမှု ဖြစ်တဲ့အခါ ပေးဆောင်စရာများအတွက် အာမခံထားခြင်း ဖြစ်ပါတယ်dingar။ ဒီအာမခံကို မြန်မာ့အာမခံလုပ်ငန်းမှ အဓိကဝန်ဆောင်မှုပေးလျက်ရှိပြီး တည်ဆဲဥပဒေအရ မဖြစ်မနေထားရတဲ့ အာမခံပဲဖြစ်ပါတယ်။ 

ဘာတွေကို ကာကွယ်လို့ရလဲ။

အာမခံထားသူကြောင့်ဖြစ်တဲ့ မတော်တဆမှုမှာ သူတစ်ပါး သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ ပျက်စီးဆုံးရှုံးခြင်းတွေအတွက် ပေးဆောင်စရာများကို ကာကွယ်ထားလို့ရပါတယ်dingar။ ပရီမီယံကြေးသွင်းထားတယ်ဆိုရင် ဒီလိုမတော်တဆမှုတွေအတွက် အာမခံကုမ္ပဏီက ပေးလျော်ပေးပါတယ်။

အာမခံတစ်ခု ဘယ်လောက်တန်လဲdingar။ (ပရီမီယံကြေး)

အာမခံလျှောက်တဲ့အခါ အာမခံကုမ္ပဏီတွေက ကိုယ်ယူမယ့်အာမခံရဲ့တန်ဖိုးကို သတ်မှတ်ပေးပါလိမ့်မယ်dingar။ ဒီတန်ဖိုးကို ပရီမီယံကြေး (Premium) လို့ ခေါ်ပါတယ်dingar။ တင်ဆောင်နိုင်တဲ့ ခရီးသည်အရေအတွက်နဲ့ ကားတန်ချိန်အပေါ်မူတည်ပြီး ပရီမီယံကြေးက အိမ်သုံးကားတွေအတွက် တစ်နှစ်လျှင် ၅ ထောင်မှ ၁ သောင်းဖြစ်ပြီး လုပ်ငန်းသုံးယာဉ်တွေအတွက်တော့ ၁ သောင်းမှ ၁ သောင်းခွဲအထိ သတ်မှတ်ထားပါတယ်။

ဘယ်လောက် လျော်ပေးလဲ။

သူတစ်ပါးသေဆုံးမှုအတွက် အများဆုံး ၁၀ သိန်း၊ ဒဏ်ရာရခြင်းအတွက် အများဆုံး ၈ သိန်း၊ ပစ္စည်းပျက်စီးဆုံးရှုံးမှုအတွက် အများဆုံး ၅ သိန်း လျော်ပေးလေ့ရှိပါတယ်။

ကိုယ့်ရဲ့ကား သို့မဟုတ် ကိုယ်ကိုယ်တိုင် ထိခိုက်မှုအတွက်ရော

သူတစ်ပါးထိခိုက်မှုအာမခံမှာတော့ အာမခံထားသူကိုယ်တိုင်အတွက် အကာအကွယ်မပါပါဘူးdingar။ ဆိုလိုတာကတော့ အာမခံထားသူရဲ့ ကားဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ထိခိုက်မှုများအတွက် လျော်ကြေးငွေ ထုတ်ပေးမှာမဟုတ်ပါဘူးdingar။ ဒီလိုကိစ္စမျိုးအတွက်ဆိုရင် အလုံးစုံမော်တော်ယာဉ်အာမခံ ရှိပါတယ်။world



အလုံးစုံမော်တော်ယာဉ်အာမခံက မဖြစ်မနေရှိရတဲ့ အာမခံမျိုးတော့ မဟုတ်ပါဘူးdingar။ အာမခံသူကိုယ်တိုင်ရဲ့ ပျက်စီးဆုံးရှုံးမှုအတွက်ရော သူတစ်ပါးထိခိုက်မှုအတွက်ရော နှစ်မျိုးလုံး အကာအကွယ်ပေးပါတယ်။ 

ဘာတွေကို ကာကွယ်လို့ရလဲ။

အခြေခံအကာအကွယ်တွေကတော့ မတော်တဆမှု၊ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု၊ မီးလောင်ပျက်စီးမှု၊ မလိုတမာဖျက်ဆီးခံရမှု၊ ယာဉ်ပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျခြင်းများနဲ့ သူတစ်ပါးထိခိုက်နစ်နာမှုအတွက် ပေးဆောင်စရာများ ပါဝင်ပါတယ်dingar။ ပရီမီယံကြေးသွင်းထားတယ်ဆိုရင် ဒီလိုမတော်တဆမှုတွေအတွက် အာမခံကုမ္ပဏီက ပေးလျော်ပေးပါတယ်။

အပိုအကာအကွယ်ယူနိုင်တာတွေက ရေကြီးမှု၊ ငလျင်၊ မုန်တိုင်းစတဲ့ သဘာဝဘေးအန္တရာယ်များ၊ စစ်ဘေးအန္တရာယ်၊ ခိုးယူမှုနဲ့ လေကာမှန်ပျက်စီးမှုတွေအတွက် ဖြစ်ပါတယ်dingar။ ဒါပေမယ့် ပရီမီယံကြေးကတော့ ပိုများသွားပါလိမ့်မယ်။

အာမခံသက်တမ်း ဘယ်လောက်ရှိလဲ။

အာမခံသက်တမ်းကို ၃ လ၊ ၆ လ၊ ၉ လ၊ ၁ နှစ် အထိ ရွေးချယ်နိုင်ပါတယ်dingar။ သက်တမ်းဘယ်လောက်ပဲဖြစ်ဖြစ် ပရီမီယံကြေးကိုတော့ အရင်ဦးဆုံးကြိုသွင်းဖို့ လိုပါတယ်dingar။ ပရီမီယံကြေးသွင်းပြီးမှသာ အာမခံက အကျုံးဝင်မှာပါdingar။ သက်တမ်းတို အာမခံ (၃ လ၊ ၆ လ၊ ၉ လ) တွေက တစ်နှစ်အာမခံထက် ပိုပြီး ကြေးကြီးတတ်တာကိုတော့ သိထားဖို့လိုပါတယ်။

ဘယ်လောက်ပေးရလဲdingar။ (ပရီမီယံကြေး)

အာမခံလျှောက်တဲ့အခါ အာမခံကုမ္ပဏီတွေက ကိုယ်ယူမယ့်အာမခံရဲ့တန်ဖိုးကို သတ်မှတ်ပေးပါလိမ့်မယ်dingar။ ဒီတန်ဖိုးကို ပရီမီယံကြေး (Premium) လို့ ခေါ်ပါတယ်dingar။ ပရီမီယံကြေးကို ကားအသုံးပြုပုံ၊ ကားတန်ဖိုးနဲ့ ကားအင်ဂျင်ပါဝါ စတာတွေအပေါ် မူတည်ပြီး စုစုပေါင်းအာမခံထားနိုင်တဲ့တန်ဖိုးရဲ့ ၀.၈% မှ ၂% အထိ ကောက်ခံတတ်ပါတယ်။

စုစုပေါင်းအာမခံထားနိုင်တဲ့တန်ဖိုး (Sum insured) ဆိုတာဘာလဲ။ 

မော်တော်ယာဉ်အာမခံမှာတော့ စုစုပေါင်းအာမခံထားနိုင်တဲ့တန်ဖိုးဆိုတာ ကိုယ့်ရဲ့ကား ပျက်စီးဆုံးရှုံးမှုအတွက် အာမခံကုမ္ပဏီဖက်မှ ပေးလျော်နိုင်မယ့် အများဆုံးပမာဏဖြစ်ပါတယ်dingar။ ပုံမှန်အားဖြင့်တော့ အာမခံထားတဲ့ ကားရဲ့တန်ဖိုးကို ဆိုလိုပါတယ်dingar။ ဒီစုစုပေါင်းအာမခံထားနိုင်တဲ့တန်ဖိုးက သူတစ်ပါးထိခိုက်မှု၊ သေဆုံးစေမှု၊ ဒဏ်ရာရစေမှုများအတွက် ပေးဆောင်စရာများနဲ့တော့ မသက်ဆိုင်ပါဘူး။   

ဘယ်လောက် လျော်ပေးလဲ။

အာမခံသက်တမ်းအတွင်းမှာ မတော်တဆမှု တစ်ခုခုဖြစ်ပေါ်ခဲ့တယ်ဆိုရင် လျော်ကြေးငွေတောင်းခံနိုင်ပါတယ်dingar။ လျော်ကြေးငွေပမာဏနဲ့ သတ်မှတ်ချက်တွေကတော့ အာမခံကုမ္ပဏီအပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်dingar။ ဒါပေမယ့် လျော်ကြေးငွေပေးလေ့ရှိတာတွေက

  • သူတစ်ပါး – သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုအတွက် အများဆုံး ၁၀ သိန်း၊ ပိုင်ဆိုင်ပစ္စည်းပျက်စီးမှုအတွက် အဖြစ်အပျက်တစ်ခုလျှင် အများဆုံး သိန်း ၅၀၀ ကျပ်။
  • အာမခံသူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုအတွက် – အများဆုံး ၁၀ သိန်း (အာမခံသက်တမ်းကာလအတွင်း)။
  • အာမခံသူ ပိုင်ဆိုင်ပစ္စည်းပျက်စီးမှုအတွက် – စုစုပေါင်းအာမခံထားနိုင်တဲ့တန်ဖိုး။

ဘာတွေအတွက် အကာအကွယ် မပေးဘူးလဲdingar။ လျော်ကြေးမပေးဘူးလဲ။

အာမခံပေါ်လစီတော်တော်များများအရ အခြေအနေအမျိုးမျိုးကြောင့် သင့်ရဲ့အာမခံက အကျုံးမဝင်တာမျိုးလည်း ဖြစ်တတ်ပါတယ်dingar။ ဒီလိုအခြေအနေမှာဆိုရင် လျော်ကြေးငွေရရှိမှာ မဟုတ်ပါဘူးdingar။ ပရီမီယံကြေးမသွင်းခင် ကိုယ်ယူမယ့်အာမခံရဲ့ အသေးစိတ်ကို အရင်ဦးဆုံးလေ့လာသင့်ပါတယ်dingar။ လျော်ကြေးငွေမပေးတဲ့ အခြေအနေတစ်ချို့ကို ဥပမာဖော်ပြပေးထားပါတယ်။

  • အသုံးပြုခြင်းကြောင့် ယိုယွင်းပျက်စီးခြင်း။
  • ပြည်ပတွင် ဖြစ်ပေါ်သော မတော်တဆမှုများ။
  • တမင်ရည်ရွယ်ပြုလုပ်ထားသော ပျက်စီးဆုံးရှုံးမှုများ။
  • တန်ပို သယ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများ။
  • တရားဝင် ယာဉ်မောင်းလိုင်စင်မရှိသောသူကြောင့် ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများ။
  • အရက်သေစာမူးယစ်ခြင်းကြောင့် ဖြစ်ပေါ်သော ပျက်စီးဆုံးရှုံးမှုများ။

လျော်ကြေးမဲ့ဆု (No Claim Bonus)

အလုံးစုံမော်တော်ယာဉ်အာမခံကို တစ်နှစ်သက်တမ်းရယူခဲ့ပေမယ့် တစ်ခုမှ လျော်ကြေးမတောင်းဆိုခဲ့ဘူးဆိုရင် လျော်ကြေးမဲ့ဆု ရရှိနိုင်ပါတယ်dingar။ ဆိုလိုတာကတော့ ဒီအာမခံကို အရင်ကပြုလုပ်ခဲ့တဲ့ အာမခံကုမ္ပဏီမှာပဲ သက်တမ်းတိုးခဲ့မယ်ဆိုရင် နောက်သွင်းရမယ့် ပရီမီယံကြေးအပေါ်မှာ လျှော့ဈေးတွေပေးတတ်ပါတယ်dingar။ ပုံမှန်အားဖြင့် လျော်ကြေးဆုတွေက 

  • ၁ နှစ်ပြီးတဲ့အထိ လျော်ကြေးမတောင်းလျှင် အိမ်သုံးကားဖြစ်ပါက ၂၅% လျှော့ဈေး၊ လုပ်ငန်းသုံးကားဖြစ်ပါက ၁၅% လျှော့ဈေး။
  • ၂ နှစ်ပြီးတဲ့အထိ လျော်ကြေးမတောင်းလျှင် အိမ်သုံးကားဖြစ်ပါက ၃၀% လျှော့ဈေး၊ လုပ်ငန်းသုံးကားဖြစ်ပါက ၂၀% လျှော့ဈေး။
  • ၃ နှစ်ပြီးတဲ့အထိ လျော်ကြေးမတောင်းလျှင် အိမ်သုံးကားဖြစ်ပါက ၄၀% လျှော့ဈေး၊ လုပ်ငန်းသုံးကားဖြစ်ပါက ၂၅% လျှော့ဈေး။

Fleet Discount ဆိုတာဘာလဲ။

မော်တော်ယာဉ်အများကြီးကို တစ်ခါတည်း အာမခံထားတတ်တဲ့သူတွေအတွက် ပြုလုပ်ထားတဲ့ လျှော့ဈေးပါdingar။ ပုံမှန်အားဖြင့်တော့ ကား ၁၀ စီးကို တစ်ပြိုင်တည်း အာမခံထားတယ်ဆိုရင် Fleet Discount အနေနဲ့ အခြေခံပရီမီယံကြေးကို ၁၀% လျှော့ပေးပါလိမ့်မယ်။

လိုအပ်ချက်များ

အလုံးစုံမော်တော်ယာဉ်အာမခံ လျှောက်ချင်တယ်ဆိုရင် ပုံမှန်အားဖြင့် ​မော်တော်ယာဉ်မှတ်ပုံတင် (Owner book)၊ ဘီးခွန် (Wheel tax) ၊ မှတ်ပုံတင်မိတ္တူ၊ ယာဉ်မောင်းလိုင်စင်မိတ္တူနဲ့ အရောင်းအဝယ်စာချုပ် စတာတွေ လိုပါမယ်။

ဘယ်လိုလျှောက်ရမှာလဲ။ 

ကိုယ်နဲ့ သင့်တော်မယ့် အာမခံကုမ္ပဏီကို ရှာဖွေရလွယ်ကူအောင် မြန်မာနိုင်ငံမှာရှိတဲ့ အလုံးစုံမော်တော်ယာဉ်အာမခံရနိုင်မယ့် နေရာလေးတွေကို စုစည်းပေးထားပါတယ်dingar။ ကျွန်တော်တို့ရဲမော်တော်ယာဉ်အာမခံများနှိုင်းယှဉ်ချက်ထဲမှ ကိုယ်နဲ့အသင့်တော်ဆုံး အာမခံကိုရွေးချယ်နိုင်ပါတယ်။

အကာအကွယ်အကြောင်း အသေးစိတ်နဲ့ ဈေးနှုန်းသတ်မှတ်ချက်တွေက ကုမ္ပဏီအလိုက် အမျိုးမျိုးရှိတာမို့လို့ ကိုယ်တိုင်ဆက်သွယ်မေးမြန်းကြည့်ဖို့ အကြုံပြုပါတယ်။

အာမခံ အာမခံလုပ်ငန်း ကားအာမခံ မော်တော်ယာဉ်အာမခံ အလုံးစုံအာမခံ အလုံးစုံမော်တော်ယာဉ်အာမခံ သူတစ်ပါးထိခိုက်မှုအာမခံ အာမခံလုပ်ငန်း ကားအာမခံ မော်တော်ယာဉ်အာမခံ အလုံးစုံအာမခံ အလုံးစုံမော်တော်ယာဉ်အာမခံ သူတစ်ပါးထိခိုက်မှုအာမခံ Insurance Motor insurance Car insurance Third party insurance coverage

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။