ကျန်းမာရေးအတွက် အာမခံထားခြင်း (အပိုင်း ၃) – ကျန်းမာရေးအာမခံ လျော်ကြေးတောင်းခံခြင်း

ဆောင်းပါးကို ဝေမျှရန်

ကျန်းမာရေးအာမခံတစ်ခုဝယ်ထားပြီးပြီဆိုရင် လျော်ကြေးတောင်းခံခြင်းလုပ်ငန်းစဉ် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိထားဖို့လိုပါတယ်shwedingar။ လျော်ကြေးတောင်းခံခြင်းက တစ်ခါတစ်ရံ တော်တော်လေး ရှုပ်ထွေးတတ်ပါတယ်shwedingar။ ဒါကြောင့် လျော်ကြေးတောင်းတဲ့အခါ ဘာတွေလိုအပ်တယ်ဆိုတာ ကြိုသိထားဖို့ အရေးကြီးပါတယ်။

ကျန်းမာရေးအာမခံကို ဝယ်သင့်၊ မဝယ်သင့် မသေချာသေးဘူးဆိုရင် အပိုင်း (၁) – ကျန်းမာရေးအာမခံအကြောင်း နားလည်သဘောပေါက်ခြင်နဲ့ အပိုင်း (၂) – ကျန်းမာရေးအာမခံ ဝယ်ယူခြင်ဆောင်းပါးတွေမှာ လေ့လာလိုက်ပါ။world


ကျန်းမာရေးအာမခံဆိုတာ ကျယ်ပြန့်တဲ့ခေါင်းစဉ်တစ်ခုဖြစ်တာကြောင့် ကျန်းမာရေးအာမခံနဲ့ သက်ဆိုင်တဲ့ဆောင်းပါး တော်တော်များများ ရေးထားပါတယ်။


ကျန်းမာရေးအာမခံအတွက် လျော်ကြေး ဘယ်လိုတောင်းခံရမှာလဲ။

မတူညီတဲ့အာမခံကုမ္ပဏီတွေမှာ မတူညီတဲ့ လျော်ကြေးတောင်းခံခြင်း လုပ်ငန်းစဉ်တွေရှိတာကြောင့် ကိုယ်ဝယ်ယူမယ့် အာမခံကုမ္ပဏီရဲ့ လုပ်ငန်းစဉ်တွေကို နားလည်ထားဖို့ အရေးကြီးပါတယ်။

ပုံမှန်အားဖြင့် သက်သေအဖြစ် ဆရာဝန်ရဲ့ ဆေးမှတ်တမ်းနဲ့ဖြတ်ပိုင်းစတဲ့ စာရွက်စာတမ်းတွေအပါအဝင် လျော်ကြေးတောင်းခံရတဲ့ အကြောင်းအရင်းကို ရှင်းလင်းဖော်ပြထားတဲ့ လျော်ကြေးတောင်းခံလွှာကို တင်ပြပေးဖို့လိုပါတယ်။

ဘယ်လိုအချိန်မှာ လျော်ကြေးတောင်းခံလို့ရလဲ။

ယေဘုယျအားဖြင့်တော့ အာမခံကုမ္ပဏီကို အတတ်နိုင်ဆုံး အမြန်ဆုံး ဆက်သွယ်သင့်ပါတယ်shwedingar။ ဖြစ်နိုင်ရင် ကုသမှုမခံယူခင်မှာ ကတည်းက အာမခံကုမ္ပဏီကို အကြောင်းကြားသင့်ပါတယ်shwedingar။ မတော်တဆမှုဖြစ်လို့ဖြစ်စေ၊ အရေးပေါ်ကုသဖို့ လိုအပ်လို့ဖြစ်စေ အာမခံကုမ္ပဏီကို အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။

ဆေးရုံဆင်းသွားပြီဆိုရင်တော့ ၁၀ ရက်အတွင်း လျော်ကြေးတောင်းခံဖို့ လိုအပ်ပါတယ်shwedingar။ ဒီအချိန်အတွင်း လျော်ကြေးမတောင်းခံဘူးဆိုရင် အာမခံကုမ္ပဏီက အကျိုးခံစားခွင့်ကို ထုတ်ပေးတော့မှာမဟုတ်ပါဘူး။

ဘယ်နှကြိမ်ထိ လျော်ကြေးတောင်းခံနိုင်လဲ။

အာမခံသက်တမ်း ၁ နှစ်အတွင်း အများဆုံးတောင်းခံနိုင်တဲ့ အကာအကွယ်ပမာဏမရောက်မချင်း လိုအပ်ရင်လိုအပ်သလောက် တောင်းခံနိုင်ပါတယ်။

ဥပမာအားဖြင့် ဆေးရုံစရိတ်အတွက် ပုံမှန်အားဖြင့် ရက် ၆၀ အထိ အကာအကွယ်ပေးပါတယ်shwedingar။ ခွဲစိတ်ကုသစရိတ်အတွက် အများဆုံး ၅ သိန်းအထိ ကာကွယ်ပေးပါတယ်shwedingar။ ပထမခွဲစိတ်မှုက ဒီပမာဏအောက်ပဲကုန်ကျတယ်ဆိုရင် ကျန်တဲ့ပမာဏကို နောက်ခွဲစိတ်မှုလုပ်တဲ့အခါ တောင်းခံနိုင်ပါတယ်။  

ဘယ်လောက်ပမာဏအထိ လျော်ကြေးတောင်းခံနိုင်လဲ။

အကျိုးခံစားခွင့်တွေကိုတော့ အာမခံပေါ်လစီစာရွက်စာတမ်းမှာ ရှင်းလင်းဖော်ပြထားပါလိမ့်မယ်shwedingar။ အကျိုးခံစားခွင့် အများစုကတော့ ကုန်ကျစရိတ်တွေကို ကာမိဖို့အတွက် ထုတ်ပေးခြင်းဖြစ်ပါတယ်။

ပြင်းထန်ရောဂါကုသမှုစတဲ့ အကျိုးခံစားခွင့်များအတွက် တစ်လုံးတစ်စုတည်းထုတ်ပေးတာမျိုးလည်း ရှိတာကြောင့် မှန်မှန်ကန်ကန်လျော်ကြေးတောင်းခံရင် အာမခံထားတဲ့ပမာဏအတိုင်း တစ်ခါတည်း ရရှိနိုင်ပါတယ်။

လျော်ကြေးတောင်းခံတဲ့အခါ ဘာတွေလိုမလဲ။

အမှန်တကယ်ကုသမှုခံယူထားကြောင်း သက်သေအထောက်အထားအဖြစ် ဆရာဝန်ရဲ့ ဆေးမှတ်တမ်းများ၊ ငွေပေးချေဖြတ်ပိုင်းများနဲ့ ကုသမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ သိမ်းထားသင့်ပါတယ်။

ပိုရှုပ်ထွေးပြီး ပမာဏများတဲ့ လျော်ကြေးလျှောက်ထားမှုတွေအတွက် အာမခံကုမ္ပဏီက ဒီ့အပြင် တခြားသောစာရွက်စာတမ်းတွေကို နောက်ထပ် တောင်းခံနိုင်ပါတယ်shwedingar။ ပုံမှန်အားဖြင့် နောက်ထပ် တောင်းဆိုထားတဲ့ စာရွက်စာတမ်းတွေကို လျော်ကြေးတောင်းခံနေစဉ် ၃ လအတွင်း တင်ပြဖို့လိုပါတယ်shwedingar။ မတင်ပြနိုင်ဘူးဆိုရင် အကျိုးခံစားခွင့်ရမှာ မဟုတ်ပါဘူး။

အာမခံဝယ်ယူပြီး ၁ လအတွင်း လျော်ကြေးတောင်းခံမယ်ဆိုရင် ကျန်းမာရေးစစ်ဆေးချက်ပြုလုပ်ခြင်း အပါအဝင် အခြားစာရွက်စာတမ်းတွေလည်း ထပ်မံလိုအပ်ပါလိမ့်မယ်။

အာမခံ ကျန်းမာရေးအာမခံ ကျန်းမာရေးအာမခံလျော်ကြေးတောင်းခံခြင်း လျော်ကြေးဘယ်လိုတောင်းရမှာလဲ ကျန်းမာရေးအာမခံလျော်ကြေးဘယ်လိုတောင်းရမှာလဲ ကျန်းမာရေးအာမခံလျော်ကြေး ကျန်းမာရေးအာမခံအတွက်လျော်ကြေးဘယ်လိုတောင်းရမလဲ အာမခံ ကျန်းမာရေးအာမခံ ကျန်းမာရေးအာမခံလျော်ကြေးတောင်းခံခြင်း လျော်ကြေးဘယ်လိုတောင်းရမှာလဲ ကျန်းမာရေးအာမခံလျော်ကြေးဘယ်လိုတောင်းရမှာလဲ ကျန်းမာရေးအာမခံလျော်ကြေး ကျန်းမာရေးအာမခံအတွက်လျော်ကြေးဘယ်လိုတောင်းရမလဲ health insurance how to claim for health insurance claiming for health insurance coverage

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။