အသေးစားကျန်းမာရေးအာမခံ (Micro Health Insurance) ဆိုတာ ဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

ကျန်းမာရေးအာမခံဆိုတာ မထင်မှတ်ထားတဲ့ ကျန်းမာရေးပြဿနာအတွက် ကုန်ကျစရိတ်တွေကို ကူညီထောက်ပံ့ပေးတဲ့ အာမခံဖြစ်ပါတယ်။

ကျန်းမာရေးအာမခံက ကိုယ့်အတွက် အသစ်အဆန်းဖြစ်နေသေးလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အာမခံကြေးပိုပြီးသက်သာတဲ့ ရွေးချယ်မှုကို လိုချင်လို့ပဲ ဖြစ်ဖြစ် အသေးစားကျန်းမာရေးအာမခံကို ရွေးချယ်ဖို့ စဉ်းစားကြည့်နိုင်ပါတယ်။

ပုံမှန်ကျန်းမာရေးအာမခံထက်တော့ အကာအကွယ်တွေက ပိုပြီးကန့်သတ်ထားပါတယ်shwe။ ဒါ့အပြင် အကာအကွယ်၊ အကျိုးခံစားခွင့်ကို တိုးမြှင့်တာမျိုး ပြုလုပ်နိုင်မှာ မဟုတ်ပါဘူးshwe။ ဒါပေမယ့် ဒီအာမခံက ရိုးရှင်းပြီး အာမခံကြေးလည်းသက်သာပါတယ်။hello



အသေးစားကျန်းမာရေးအာမခံဆိုတာ ရိုးရှင်းပြီး ဈေးသက်သာတဲ့ ကျန်းမာရေးအာမခံ ဝန်ဆောင်မှုတစ်မျိုးဖြစ်ပါတယ်shwe။ ပုံမှန်ကျန်းမာရေးအာမခံထက် ပိုပြီးဈေးသက်သာပေမယ့် အကာအကွယ်၊ အကျိုးခံစားခွင့်နဲ့ ရွေးချယ်မှုတွေက အကန့်အသတ်ပိုများပါတယ်။

အသေးစားကျန်းမာရေးအာမခံက ဘာတွေကာကွယ်ပေးနိုင်လဲ။

အကာအကွယ်ကတော့ မတောတဆမှု အက်ဆီးဒန့်ကြောင့်ဖြစ်တဲ့ ဆေးရုံတက်ခြင်း၊ သေဆုံးခြင်းများအတွက်သာ ဖြစ်ပါတယ်shwe။ ဖျားနာခြင်းကြောင့် သေဆုံးခြင်း၊ မသန်မစွမ်းဖြစ်ခြင်း၊ ဆေးခန်းပြခြင်း၊ ခွဲစိတ်ကုသခြင်း၊ ပြင်းထန်သောရောဂါဝေဒနာများခံစားရခြင်း စသည်တို့အတွက်ကိုတော့ ကာကွယ်ပေးမှာ မဟုတ်ပါဘူး။

ဘာအကျိုးခံစားခွင့်ရှိလဲ။

ဆေးရုံတက်ခြင်းအတွက် တစ်နေ့လျှင် ၅၀၀၀ ကျပ်ဖြင့် အများဆုံး ရက် ၆၀ အတွက်  အကျိုးခံစားခွင့်ရှိပါတယ်shwe။ တစ်ခါတစ်ရံ မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် ၅ သိန်း၊ ရောဂါကြောင့် သေဆုံးခြင်းအတွက် ၅ သိန်း အကျိုးခံစားခွင့် ရှိတတ်ပါတယ်။

ဒါပေမယ့် တစ်ခုမှတ်ထားရမှာက တစ်ချို့အာမခံကုမ္ပဏီတွေက ရောဂါကြောင့် ဆေးရုံတက်တယ်ဆိုရင် အနည်းဆုံး ၃ ရက် အပြည့်တက်မှသာ လျှော်ကြေးပေးမှာ ဖြစ်ပါတယ်။

အသေးစားကျန်းမာရေးအာမခံကို ၁ ယူနစ်ထက်ပိုပြီး ဝယ်လို့ရလား။

ပုံမှန်ကျန်းမာရေးအာမခံတွေနဲ့ မတူပဲ အသေးစားကျန်းမာရေးအာမခံမှာ “ယူနစ်” အဖြစ်ခွဲထားတာ မရှိပါဘူးshwe။ တစ်ကြိမ်မှာ တစ်ခုပဲ ဝယ်ယူနိုင်မှာဖြစ်ပြီး အကာအကွယ်ကို တိုးမြှင့်ဖို့ ရွေးချယ်ခွင့်မရှိပါဘူး။

ဘယ်လောက်ကုန်ကျလဲ။

အသက် ပရီမီယံကြေး (တစ်နှစ်လျှင်)
၆-၃၀ ၅,၀၀၀ ကျပ်
၃၁-၄၀ ၅,၅၀၀ ကျပ်
၄၁-၅၀ ၆,၅၀၀ ကျပ်
၅၁-၆၀ ၈,၅၀၀ ကျပ်
၆၁-၇၅ ၁၃,၀၀၀ ကျပ်

ပရီမီယံကြေးကို တစ်စုတည်း တစ်ခါတည်း ပေးချေခဲ့ဖို့တော့ လိုပါတယ်။

အာမခံသက်တမ်း ဘယ်လောက်လဲ။

အသေးစားကျန်းမာရေးအာမခံက တစ်နှစ်ခံပါတယ်။

မကာကွယ်ပေးမယ့်အရာတွေက

ပုံမှန်ကျန်းမာရေးအာမခံလိုပဲ တစ်ချို့အခြေအနေတွေမှာ ကိုယ့်ရဲ့လျော်ကြေးတောင်းခံမှုက အကျုံးမဝင်တာမျိုး ဖြစ်တတ်ပါတယ်shwe။ ပရီမီယံကြေးမသွင်းခင်မှာ အကျုံးမဝင်တဲ့အချက်တွေကို အသေးစိတ်သိအောင်လုပ်သင့်ပါတယ်shwe။ ပုံမှန်အားဖြင့် လျော်ကြေးမပေးတဲ့ ကိစ္စရပ်တွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • ရောဂါကြောင့် ၃ ရက်ထက်ပိုမကြာတဲ့ ဆေးရုံတက်ခြင်းများ
  • အာမခံလျှောက်ထားစဉ်က ရှိပြီးသား ရောဂါများ
  • စိတ်ပိုင်းဆိုင်ရာ ရောဂါများ
  • ကိုယ်ဝန်ဖျက်ချခြင်းများ
  • အလှအပအတွက် ခွဲစိတ်ပြုပြင်ခြင်းများ
  • အကြမ်းဖက်၊ အဓိကရုဏ်း၊ စစ်နှင့် စစ်ကဲ့သို့ဖြစ်ရပ်ကြောင့် ဆေးကုသမှုခံယူရခြင်း
  • အရက်သေစာသောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဆေးကုသမှုခံယူရခြင်း
  • ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် ဆေးကုသမှုခံယူရခြင်း
  • သတ်သေခြင်း (သို့) သတ်သေရန်ကြံစည်ခြင်း
  • လျော်ကြေးလိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ

လျှောက်ထားဝယ်ယူနိုင်သူများ

အသက် ၆ နှစ်မှ ၇၅ နှစ်အတွင်းရှိ မည်သူမဆို အသေးစားကျန်းမာရေးအာမခံကို လျှောက်ထားနိုင်ပါတယ်shwe။ ၁၈ နှစ်အောက်များက မိဘ သို့မဟုတ် အုပ်ထိန်းသူများမှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။

လိုအပ်ချက်များ

ကျန်းမာရေးအာမခံဝယ်ရန် မှတ်ပုံတင်နဲ့ အချက်အလက်အပြည့်အစုံဖြည့်ထားတဲ့လျှောက်လွှာ လိုအပ်ပါလိမ့်မယ်shwe။ ပုံမှန်အားဖြင့် လိုအပ်တဲ့စာရွက်စာတမ်းတွေမှာ လက်ရှိကျန်းမာရေးကို ဖော်ပြဖို့အတွက် ကျန်းမာကြောင်းထောက်ခံစာ ပါဝင်လေ့ရှိပါတယ်။ 

အသေးစားကျန်းမာရေးအာမခံကို ဘယ်မှာရနိုင်မလဲ။

အသေးစားကျန်းမာရေးအာမခံ ရရှိနိုင်တဲ့ အာမခံကုမ္ပဏီတစ်ချို့ ရှိပါတယ်။ ဒီမှာ နှိုင်းယှဉ်လေ့လာကြည့်နိုင်ပါတယ်။hello


အကာအကွယ်များများနဲ့ အကျိုးခံစားခွင့်များများ ရမယ့်အာမခံရှာနေတာဆိုရင်တော့ ပုံမှန်ကျန်းမာရေးအာမခံအကြောင်းကို ဒီမှာလေ့လာလိုက်ပါshweပုံမှန်ကျန်းမာရေးအာမခံနှိုင်းယှဉ်ချက်တွေကိုလည်း ဒီမှာ လေ့လာနိုင်ပါတယ်

ကျန်းမာရေးအာမခံတော့ ရှိတယ်shwe။ ဘယ်လိုလျော်ကြေးတောင်းရမလဲ သိချင်တာဆိုရင် ကျန်းမာရေးအာမခံအတွက် အကျိုးခံစားခွင့် လျော်ကြေးတောင်းခံခြင်းမှာ လေ့လာနိုင်ပါတယ်။

အာမခံက ကိုယ့်အတွက် အသစ်အဆန်းဖြစ်နေသေးတယ်ဆိုရင် အာမခံဆိုတာဘာလဲ ဆိုတဲ့ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။

အာမခံ ကျန်းမာရေးအာမခံ အသေးစားအာမခံ အသေးစားကျန်းမာရေးအာမခံ လူထုကျန်းမာရေးအာမခံ လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ အသေးစားကျန်းမာရေးအာမခံဆိုတာဘာလဲ အာမခံ ကျန်းမာရေးအာမခံ အသေးစားအာမခံ အသေးစားကျန်းမာရေးအာမခံ လူထုကျန်းမာရေးအာမခံ လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ အသေးစားကျန်းမာရေးအာမခံဆိုတာဘာလဲ health insurance micro health insurance what is micro health insurance coverage

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။