လုပ်ငန်းကို ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းခြင်း – DICA ကုမ္ပဏီ မှတ်ပုံတင်ခြင်းအတွက် လမ်းညွှန်
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
မိမိလုပ်ငန်းကို အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခြင်းအတွက် လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။
ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းတယ်ဆိုတာကို နားမလည်ဘူးလားshwedingar။ ဒါဆိုရင် ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းခြင်းအကြောင်း ဒီမှာလေ့လာလိုက်ပါ။yes
DICA မှာ ကုမ္ပဏီမှတ်ပုံတင်ရတာက တော်တော်လေး လွယ်ကူပါတယ်shwedingar။ အကူအညီလိုချင်တယ်ဆိုရင်တော့ ကော်ပိုရိတ် ဖွဲ့စည်းခြင်းအတွက် ဝန်ဆောင်မှု သို့မဟုတ် အေးဂျင့်များကို ဆက်သွယ်နိုင်ပါတယ်shwedingar။ ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးသူတွေက အကြံပေးနိုင်မှာ ဖြစ်ပြီး အခွန်စာရင်းသွင်းခြင်း၊ လုပ်ငန်းလိုင်စင်များ စတဲ့ ကုမ္ပဏီဖွဲ့စည်းခြင်း လိုအပ်ချက်များကိုပါ ကူညီဆောင်ရွက်ပေးပါလိမ့်မယ်Tank
ပြင်ဆင်ခြင်း
အစုအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ် ကော်ပိုရိတ်ဖွဲ့စည်းဖို့အတွက် အဓိကလိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ကုမ္ပဏီအမည်
အင်္ဂလိပ်စာဖြင့် ကုမ္ပဏီအမည်တစ်ခုကို လျှောက်ထားဖို့ လိုပါမယ်shwedingar။ မြန်မာလို လျှောက်ထားဖို့အတွက်လည်း ရွေးချယ်ခွင့်ပေးထား နိုင်ပါတယ်။
ကုမ္ပဏီနာမည်က အခြားရှိပြီး မှတ်ပုံတင်ပြီးသား ကုမ္ပဏီအမည်နဲ့ ထပ်တူဖြစ်လို့မရတဲ့အပြင် ထပ်တူနီးပါး ဆင်တူဖြစ်လို့လည်း မရပါဘူး။
MyCO ရဲ့ အွန်လိုင်းမှ ကုမ္ပဏီရှာဖွေရေး ကိရိယာ (https://www.myco.dica.gov.mm/corp/search.aspx ) ကို အသုံးပြုပြီး ရှိပြီးသား ကုမ္ပဏီများရဲ့ အမည်ကို စစ်ဆေးကြည့်နိုင်ပါတယ်။ 
ကုမ္ပဏီအမည်ကလည်း “Limited” သို့မဟုတ် “Ltd.” ဖြင့် အဆုံးသတ်ဖို့ လိုပါတယ်။
တကယ်လို့ DICA က ကုမ္ပဏီနာမည်ကို အတည်မပြုပေးဘူးဆိုရင် အခြားတစ်မျိုးကို ပြောင်းလဲလျှောက်ထားနိုင်ပါတယ်။
ကုမ္ပဏီ၏ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ
မှတ်ပုံတင်ထားတဲ့ ရုံးခန်း၊ လုပ်ငန်းလည်ပတ်တဲ့ လုပ်ငန်းနေရာ (ရုံးခန်းနဲ့ လုပ်ငန်းနေရာက တူညီနိုင်ပါတယ်) အစရှိတဲ့ ကုမ္ပဏီရဲ့ ဆက်သွယ်လို့ရမယ့် အချက်အလက်များကို ဖော်ပြပေးရပါမယ်။
ဒါရိုက်တာများနှင့် အတွင်းရေးမှူး
ကုမ္ပဏီမှာ အနည်းဆုံး ဒါရိုက်တာတစ်ယောက်တော့ ရှိဖို့လိုပါတယ်shwedingar။ ဒီဒါရိုက်တာက ကိုယ်တိုင်လည်း ဖြစ်နိုင်သလို အခြားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။
ကုမ္ပဏီအတွက် အတွင်းရေးမှူးခန့်ထားနိုင်ပေမယ့် ခန့်ဖို့အတွက် မဖြစ်မနေ လိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။
ကုမ္ပဏီ ဒါရိုက်တာ၊ အတွင်းရေးမှူးရဲ့ မှတ်ပုံတင်မိတ္တူ (နိုင်ငံခြားသားဖြစ်ပါက ပတ်စ်စပို့) အပါအဝင် အသေးစိတ်အချက်အလက်များကို ဖော်ပြပေးဖို့ လိုအပ်ပါလိမ့်မယ်။
နောက်ပိုင်းကျမှ ဒါရိုက်တာနဲ့ အတွင်းရေးမှူးကို ပြောင်းလဲလို့ရပါတယ်shwedingar။ ဒါပေမယ့် ဒီအတွက် တင်သွင်းခ ပေးဆောင်ရပါလိမ့်မယ်။
အစုရှယ်ယာမတည်ငွေရင်းနှင့် ကုမ္ပဏီတွင်ပါဝင်သူများ
ကုမ္ပဏီတစ်ခုမှာ ရှယ်ယာရှင် အနည်းဆုံးတစ်ယောက်ရှိဖို့ လိုပါတယ်shwedingar။ သူ့ကို အဖွဲ့ဝင်လို့လည်း ခေါ်ပါတယ်shwedingar။ ဒီရှယ်ယာရှင်က ကိုယ် ကိုယ်တိုင်လည်း ဖြစ်နိုင်သလို အခြားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။
စုစုပေါင်း ရှယ်ယာအစောင်ရေ ဘယ်နှခု ထုတ်ဝေမလဲ။၊ ရှယ်ယာရှင် (အဖွဲ့ဝင်) တစ်ယောက်စီမှာ ရှယ်ယာအစု ဘယ်နှခုစီ ထားရှိမလဲဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်ပါမယ်။
ရှယ်ယာအစောင်အရေအတွက်ကို ကြိုက်သလောက် ရွေးချယ်ထားရှိလို့ရပါတယ်shwedingar။ ဒါပေမယ့် သိထားရမှာက ရှယ်ယာအစု များများရှိထားခြင်းက ရှယ်ယာအစု ပြန်လည်ခွဲဝေရာမှာ ပိုမိုလွယ်ကူစေပြီး နောက်ပိုင်းမှာလည်း ရှယ်ယာရှင်များကို ထပ်မံထည့်သွင်းဖို့ အဆင်ပြေစေနိုင်ပါတယ်။
ရှယ်ယာရှင်နဲ့ ရှယ်ယာ အရေအတွက်ကိုလည်း နောက်ပိုင်းမှ ပြောင်းလဲလို့ ရပေမယ့် တင်သွင်းခတော့ ပေးဆောင်ရပါလိမ့်မယ်။
မြန်မာကျပ် (MMK) သို့မဟုတ် အမေရိကန်ဒေါ်လာ (USD) ဖြင့် ရှယ်ယာများကို ထုတ်ဝေနိုင်ပါတယ်shwedingar။ ရှယ်ယာရဲ့ အဆင့်ကိုလည်း သတ်မှတ်ပေးဖို့ လိုပါလိမ့်မယ်shwedingar။ လုပ်ငန်းအသစ်တွေကတော့ ရိုးရှင်းလွယ်ကူစေဖို့အတွက် သာမန်အစုရှယ်ယာဖြင့်သာ စတင်ကြပါတယ်။
ရှယ်ယာများအတွက် ငွေပေးချေပြီးပြီလား၊ ကနဦးဈေးက ဘယ်လောက်လဲ ဆိုတာကိုလည်း စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။
ရှယ်ယာရဲ့ ကနဦးဈေးနှုန်းက နောက်တစ်နေ့ ဈေးကွက်ဈေးနှုန်းဖြစ်ဖို့ မလိုအပ်ဘူးဆိုတာကိုလည်း သိထားသင့်ပါတယ်။
ပြည်တွင်းကုမ္ပဏီ အမျိုးအစားဖြစ်တယ်ဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုကို အများဆုံး ၃၅% အထိ ခွင့်ပြုထားပါတယ်shwedingar။ တကယ်လို့ ၃၅% ထက် ပိုပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုရှိခဲ့မယ်ဆိုရင် ကုမ္ပဏီကို နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ပါလိမ့်မယ်။
ကုမ္ပဏီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း
ကုမ္ပဏီဖွဲ့စည်းပုံ အခြေံစည်းမျဉ်းဆိုတာ ကုမ္ပဏီက ဘယ်လိုလည်ပတ်လဲ၊ ဒါရိုက်တာ အစရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ လုပ်ငန်းတာဝန်များကို ဖော်ပြထားတဲ့ စာရွက်စာတမ်း ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းအတွက် ကိုယ်တိုင်မပြုလုပ်ချင်ဘူးဆိုရင်တော့ စံအခြေခံစည်းမျဉ်းကို အသုံးပြုဖို့အတွက် ရွေးချယ်နိုင်ပါတယ်shwedingar။ ကော်ပီကို ဒီမှာတွေ့နိုင်ပါတယ်shwedingar 
စံအခြေခံစည်းမျဉ်း (PDF)
yes
လျှောက်ထားခြင်း
ကုမ္ပဏီအတွက် မှတ်ပုံတင်ခြင်းက တော်တော်လေး လွယ်ကူပြီးတော့ myco.dica.gov.mm   မှာ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) မှတစ်ဆင့် အွန်လိုင်းမှ ပြုလုပ်နိုင်ပါတယ်Tank
shwedingar။ MyCO တွင် အကောင့် ပြုလုပ်ပါshwedingar။ (အခမဲ့ ပြုလုပ်နိုင်ပါတယ်။)
shwedingar။ အများနှင့်မသက်ဆိုင်သော ကုမ္ပဏီအတွက် လျှောက်လွှာကို ပြုလုပ်ဖြည့်စွက်ပါ။
shwedingar။ ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းခ ပေးသွင်းပြီး လျှောက်လွှာတင်ပါ။ yes
MyCO အကောင့် ပြုလုပ်ခြင်း
MyCO မှာ အကောင့်ပြုလုပ်ဖို့က လွယ်ကူပြီး အခမဲ့ ဖြစ်ပါတယ်shwedingar။ DICA ဖက်မှ ဆက်သွယ်ရန် အီးမေးလ်လိပ်စာတစ်ခု လိုအပ်မှာဖြစ်ပါတယ်။
အီးမေးလ်လိပ်စာ မရှိသေးဘူးဆိုရင် ကိုယ့်အတွက် ပထမဆုံး အီးမေးလ်လိပ်စာ ဘယ်လိုပြုလုပ်ရမလဲဆိုတာကို ဒီမှာလေ့လာပါ။
တကယ်လို့ အွန်လိုင်းမှ မှတ်ပုံတင်ခြင်းက သိပ်အဆင်မပြေဘူးဆိုရင် DICA ရုံးခန်းသို့ ကိုယ်တိုင်သွားရောက် လျှောက်ထားနိုင်ပါတယ်shwedingar။ ဒါပေမယ့် အချိန်တော့ ပိုကုန်ပါလိမ့်မယ်shwedingar။ အခြားတစ်နည်းကတော့ ကော်ပိုရိတ်ဖွဲ့စည်းခြင်းအတွက် ဝန်ဆောင်မှု သို့မဟုတ် အေးဂျင့်များကိုလည်း ဆက်သွယ်နိုင်ပါတယ်။yes
လျှောက်လွှာပြုလုပ် ဖြည့်စွက်ခြင်း
MyCO ဝက်ဘ်ဆိုက်ထဲရောက်သွားပြီဆိုရင် “ကုမ္ပဏီအသစ် ဖွဲ့စည်းမှတ်ပုံတင်ခြင်း” သို့သွားပြီး “Form ပုံစံ က-၁
အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီဖွဲ့စည်း တည်ထောင်ခြင်း လျှောက်လွှာ” ကို ရွေးချယ်ပါ။
ဒီလျှောက်လွှာကတော့ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီဖွဲ့စည်းခြင်းအတွက် ဖြစ်ပါတယ်shwedingar။ အခြားကုမ္ပဏီပုံစံ ဖွဲ့စည်းချင်တယ်ဆိုရင်တော့ အခြား သက်ဆိုင်တဲ့လျှောက်လွှာပုံစံကို အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။
ညွှန်ကြားချက်များ လိုက်နာခြင်း၊ တောင်းဆိုထားတဲ့ အချက်အလက်အမျိုးမျိုးအတွက် ဖြည့်သွင်းခြင်းဖြင့် လျှောက်လွှာဖြည့်ပါshwedingar။ ဖြည့်စွက်ရမယ့် စာမျက်နှာ အများကြီး ရှိတာကြောင့် နောက်တစ်မျက်နှာကို သွားဖို့အတွက် စာမျက်နှာထိပ်ရှိ ခလုတ်များကို နှိပ်ဖို့ မမေ့ပါနဲ့။
တကယ်လို့ အားလုံးကို တစ်ခါတည်း မဖြည့်သွင်းနိုင်ဘူးဆိုရင် ထိပ်ရှိ အပြာရောင်ဖြင့် ရေးထားတဲ့ “ကုမ္ပဏီအသစ် ဖွဲ့စည်းမှတ်ပုံတင်ခြင်း” ကို နှိပ်ခြင်းဖြင့် ဖြည့်သွင်းခဲ့သမျှကို အကြမ်းအဖြစ် သိမ်းဆည်းထားနိုင်ပါတယ်။yes
ငွေပေးချေပြီး လျှောက်လွှာတင်ပါ။
လျှောက်လွှာကို တင်သွင်းခွင့် မပြုခင်မှာ လျှောက်လွှာကြေး ပေးဖို့လိုပါလိမ့်မယ်shwedingar။ အကြွေးဝယ်ကတ် (Credit card) သို့မဟုတ် အမ်ပီယူကတ် (MPU) များကို အသုံးပြုပြီး အွန်လိုင်းမှတစ်ဆင့် ငွေပေးချေနိုင်ပါတယ်။
တကယ်လို့ ငွေသားနဲ့ပဲ ပေးချင်တယ်ဆိုရင် DICA ရုံးခန်းသွားပြီး ကိုယ့်ရဲ့ MyCO အကောင့်မှာ ငွေဖြည့်သွင်းရပါမယ်shwedingar။ ငွေဖြည့်သွင်းပြီးရင်တော့ ဒီငွေတွေနဲ့ အွန်လိုင်းမှ ငွေပေးချေမှု ပြုလုပ်ပြီး လျှောက်လွှာတင်သွင်းနိုင်ပါတယ်။
ငွေပေးချေပြီးပြီဆိုရင် လျှောက်လွှာတင်သွင်းဖို့အတွက် ထိပ်ရှိ အစိမ်းရောင်ဖြင့် ရေးထားတဲ့ “တင်ပြမည်” ကို နှိပ်ပါ။
ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းခြင်းအတွက် အဆင့်များကို MyCO ဝက်ဘ်ဆိုက်မှာလည်း လေ့လာနိုင်ပါတယ်Tank
ကုမ္ပဏီမှတ်ပုံတင်ရန် MyCO လမ်းညွှန်
ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းဖို့အတွက် ဘယ်လောက်ကုန်ကျလဲ။
အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းခြင်းအတွက် ကုန်ကျငွေကတော့ ၁၅၀,၀၀၀ ကျပ် ဖြစ်ပါတယ်။
ကျပ် ၅၀,၀၀၀ ကျသင့်မယ့် နှစ်စဉ်အစီရင်ခံစာကိုလည်း တစ်နှစ်တစ်ခါ တင်ပြဖို့လိုပါလိမ့်မယ်။yes
လျှောက်လွှာတင်သွင်းပြီးနောက်
လျှောက်လွှာတင်သွင်းပြီးပြီဆိုရင် DICA မှ ရလဒ်ကို အီးမေးလ်ပို့ပေးပါလိမ့်မယ်။
တကယ်လို့ လျှောက်ထားခြင်း အောင်မြင်သွားပြီဆိုရင် ကိုယ့်ကုမ္ပဏီ မှတ်ပုံတင်နံပါတ်ပါဝင်တဲ့ ကုမ္ပဏီဖွဲ့စည်းတည်ထောင်မှု သက်သေခံလက်မှတ် (Certificate of Incorporation) ကို ဒေါင်းလော့ဒ်ပြုလုပ်နိုင်ပါပြီ။
လျှောက်လွှာနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ရှိတယ်ဆိုရင် လျှောက်လွှာကို ပြင်ဆင်ပြုပြင်ဖို့အတွက် DICA မှ အီးမေးလ်ပို့ ပေးပါလိမ့်မယ်။yes
နှစ်စဉ်အစီရင်ခံစာကို တင်သွင်းဖို့လည်း သတိရပါ။
ကုမ္ပဏီကို မှတ်ပုံတင်ပြီးပြီဆိုတာနဲ့ “နှစ်စဉ်အစီရင်ခံစာ” (Annual Return) ကို ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းခဲ့သည့်ရက်မှ နှစ်လအတွင်း တင်ပြဖို့ လိုပါတယ်။
နှစ်စဉ်အစီရင်ခံစာ တင်သွင်းခအတွက် ကျပ် ၅၀,၀၀၀ ကျသင့်မှာဖြစ်ပြီး MyCO မှာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နိုင်ပါတယ်။
ပထမဦးဆုံး နှစ်စဉ်အစီရင်ခံစာက ရိုးရှင်းပါတယ်shwedingar။ ကိုယ့်ကုမ္ပဏီရဲ့ အသေးစိတ်အချက်အလက်များ မပြောင်းလဲသေးဘူးဆိုတာကို အတည်ပြုပေးရုံပါပဲ။
ဒီ နှစ်စဉ်အစီရင်ခံစာကို တင်သွင်းလိုက်ပြီးပြီဆိုရင် ဒီလိုအစီရင်ခံစာကို နှစ်တိုင်း တစ်နှစ်တစ်ခါ အမြဲတင်သွင်းဖို့ လိုပါမယ်shwedingar။ နောက်ဆုံးသတ်မှတ်ရက်ကိုတော့ ကိုယ့်ရဲ့ MyCO အကောင့်ထဲရှိ ကုမ္ပဏီစာမျက်နှာမှာ စစ်ဆေးကြည့်နိုင်ပါတယ်။
နှစ်စဉ်အစီရင်ခံစာ တင်သွင်းမှု နောက်ကျခြင်းအတွက် နောက်ကျကြေးတွေ ရှိတယ်ဆိုတာကိုလည်း သိထားပါshwedingar။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အချိန်အတော်ကြာတဲ့အထိ မတင်သွင်းနိုင်ဘူးဆိုရင်လည်း ကုမ္ပဏီက ဆိုင်းငံ့ခြင်း ခံရနိုင်ပါတယ်။yes
နောက်ဘာဆက်လုပ်ရမလဲ။
ကိုယ့်ရဲ့ကုမ္ပဏီကို ကော်ပိုရိတ်ဖွဲ့စည်းလိုက်ပြီဆိုရင် လျှောက်ထားဖို့ လိုအပ်တဲ့ လုပ်ငန်းလိုင်စင် လျှောက်ထားဖို့အတွက် အပါအဝင် အခွန်ထမ်းအဖြစ် မှတ်ပုံတင်ဖို့အတွက်ရော ကုမ္ပဏီကို စာရင်းသွင်းဖို့ လိုပါမယ်။ 
လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းအကြောင်း ဒီမှာ လေ့လာပါ။
ဒါဆိုရင်တော့ ကုမ္ပဏီနာမည်ကို အသုံးပြုပြီး ကော်ပိုရိတ်ဘဏ်စာရင်းများလည်း ဖွင့်လှစ်နိုင်မှာဖြစ်ပြီး နောက်ပိုင်းမှာ ချေးငွေလျှောက်ထားတာတွေလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။yes
ဆောင်းပါးများ စုစည်းမှု –
လုပ်ငန်းတည်ထောင်ခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။