ပထမဆုံး အီးမေးလ်လိပ်စာ စာရင်းသွင်းခြင်း လမ်းညွှန်မှုအဆင့်ဆင့်
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
အီးမေးလ်တွေက တော်တော်လေး အသုံးဝင်တတ်သလို တစ်ခါတစ်လေကျရင်လည်း ဝန်ဆောင်မှုအမျိုးမျိုးအတွက် မဖြစ်မနေလိုအပ်တာမျိုးတောင် ဖြစ်နိုင်ပါတယ်။
အီးမေးလ်လိပ်စာ အသစ်ပြုလုပ်နည်းကို ဂျီမေးလ် (Gmail) ဖြင့် အဆင့်ဆင့် လမ်းညွှန်ပေးထားပါတယ်။
ဆိုလိုတာကတော့ အီးမေးလ်လိပ်စာက @gmail.com နဲ့ အဆုံးသတ်ပါလိမ့်မယ်။
အီးမေးလ်လိပ်စာက တစ်ခုထက်ပိုပြီးလည်း ရှိနိုင်ပါတယ်dingar။ တစ်ခုကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုပြီး တစ်ခုကိုတော့ အလုပ်အတွက် အသုံးပြုနိုင်ပါတယ်။
အီးမေးလ်ဆိုတာ ဘာလဲ၊ ဘယ်လို့ အသုံးဝင်လဲဆိုတာကို ဒီမှာလေ့လာပါ။ yes
အဆင့် (၁)
အင်တာနက် Browser ကို ဖွင့်ပြီး gmail.com (<-ဒီလင့်ခ်ကိုလည်း နှိပ်နိုင်ပါတယ်) ကို သွားပါ။
yes
အဆင့် (၂)
တကယ်လို့ ဖုန်းအသုံးပြုနေတာဆိုရင် အကောင့် ပြုလုပ်ဖို့ နည်းလမ်း ၂ ခု ရှိပါတယ်။
  • ရွေးချယ်မှု (၁) – Gmail အပ်ပလီကေးရှင်းကို ဖုန်းထဲ ဒေါင်းလုဒ် ပြုလုပ်ပါdingar။ အပ်ပလီကေးရှင်းကို အသုံးပြုပြီး အီးမေးလ်လိပ်စာအသစ် ပြုလုပ်ပါ။
  • ရွေးချယ်မှု (၂) – နောက်တစ်နည်းကတော့ Browser ထဲမှာ တိုက်ရိုက် စာရင်းသွင်းဖို့ ဖြစ်ပါတယ်dingar။ ဒါဆိုရင် Browser ထဲမှာ Gmail ကို အသုံးပြုလို့ရမှာဖြစ်ပြီး Gmail အပ်ပလီကေးရှင်းကိုတော့ နောက်မှ ဒေါင်းလုဒ် ပြုလုပ်လည်း ရပါတယ်။
ယခုလမ်းညွှန်အတွက် ရွေးချယ်မှု (၁) ကို အသုံးပြုသွားပါမယ်dingar။ အပေါ်ဖက်က ညာဖက်ထောင့်မှာရှိတဲ့ “Gmail ကို ရယူပါ” ဆိုတဲ့ အပြာရောင်ခလုတ်ကို နှိပ်ပါdingar။ ဒီကနေ Gmail ကို ဖုန်းထဲမှာ ဒေါင်းလုဒ်ပြုလုပ်ဖို့အတွက် ပြနေပါလိမ့်မယ်။
အခြားတစ်နည်းကတော့ Google Play Store ဒါမှမဟုတ် Apple AppStore ကနေ အပ်ပလီကေးရှင်းကို တိုက်ရိုက်ရှာကြည့်နိုင်ပါတယ်။
yes
ကွန်ပြူတာ – ကွန်ပြူတာနဲ့ အသုံးပြုနေတာဆိုရင် အပ်ပလီကေးရှင်းရှိမှာ မဟုတ်တဲ့အတွက် ရွေးချယ်မှု (၂) ကသာ အဆင်ပြေမှာပါdingar။ အဆင့်တွေကတော့ ဆင်တူပါတယ်dingar။ စတင်ဖို့အတွက် ကွန်ပြူတာမျက်နှာပြင်ရဲ့ ညာဖက်အပေါ်ထောင့်မှာရှိတဲ့ အပြာရောင် “Create an account” ကိုနှိပ်ပါ။
အဆင့် (၃)
Gmail အပ်ပလီကေးရှင်းကို ဒေါင်းလုဒ်ပြုလုပ်ပြီး ထည့်သွင်းပြီးတာနဲ့ အပ်ပလီကေးရှင်းကို ဖွင့်လိုက်ပါ။
“Create account” ကို နှိပ်ပါ။
အီးမေးလ်လိပ်စာအသစ်က ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့အတွက် (“for myself”) သို့မဟုတ် အလုပ်အတွက် (“to manage my business”) လား ဆိုပြီး မေးပါလိမ့်မယ်။
ကိုယ်နဲ့ သက်ဆိုင်တဲ့ ရွေးချယ်မှုကို နှိပ်ပါ။
yes
ရွေးချယ်မှု (၂) – တကယ်လို့ အပ်ပလီကေးရှင်း ထည့်သွင်းရတာ အဆင်မပြေဘူး ဒါမှမဟုတ် ရွေးချယ်မှု (၂) ကို ပိုသဘောကျတယ်ဆိုရင် “Gmail ကို ရယူပါ” (Get Gmail) ဆိုတဲ့ အပြာရောင်ခလုတ်ကို မနှိပ်ပဲ “ဆိုင်းအင်လုပ်ခြင်း” (Sign In) ဆိုတဲ့ ခလုတ်ကို နှိပ်ပါdingar။ နောက်တစ်မျက်နှာမှာ အောက်ဖက်က ဘယ်ဖက်ထောင့်နားက “အကောင့်ဖွင့်ရန်” (Create account) ဆိုတာကို နှိပ်ပါdingar။ နောက်ဆက်လုပ်ရမယ့် အဆင့်တွေက ရွေးချယ်မှု (၁) နဲ့ တော်တော်လေး ဆင်တူပါတယ်dingar။ ပြောထားတဲ့ လမ်းညွှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားပြီး အီးမေးလ်လိပ်စာ ပြုလုပ်နိုင်ပါတယ်Cypher
အဆင့် (၄)
နောက်လာမယ့် မျက်နှာတွေမှာ သူတို့ပြောထားတဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လက်လုပ်ဆောင်ပြီး တောင်းဆိုတဲ့ အသေးစိတ်များကို ဖြည့်သွင်းပေးရပါမယ်။
  • First name (အမည်)
  • Last name (မျိုးရိုးအမည်)
  • Date of birth (မွေးနေ့)
  • Gender (ကျား/မ) – ဆန္ဒရှိတယ်ဆိုရင် “rather not say” ကိုရွေးချယ်နိုင်ပါတယ်။
  • Gmail လိပ်စာ သို့မဟုတ် အသုံးပြုသူအမည် ရွေးချယ်ခြင်း
    • ဒီနေရာမှာ သဘောကျတဲ့ အီးမေးလ်လိပ်စာကို ထည့်သွင်းနိုင်ပါတယ်။
    • ဒါကတော့ @gmail.com ရှေ့က အပိုင်းဖြစ်ပါတယ်။
    • သူများနဲ့မတူတဲ့နာမည် ဖြစ်ဖို့ လိုပါတယ်။
    • ကံမကောင်းတာကတော့ တစ်ချို့နာမည်ကြီးတဲ့နာမည် သို့မဟုတ် အသုံးများတဲ့နာမည်တွေက အီးမေးလ်လိပ်စာအတွက် သူများ အသုံးပြုပြီးသား နာမည်ဖြစ်တတ်ပါတယ်။
    • အီးမေးလ်လိပ်စာကလည်း အနည်းဆုံး အင်္ဂလိပ်စာလုံး (၆) လုံး ရှိဖို့ လိုအပ်ပြီးတော့ အက္ခရာရော၊ နံပါတ်ရော အသုံးပြုနိုင်ပါတယ်။
    • အီးမေးလ်လိပ်စာက အရမ်းရှည်ပြီး ရှုပ်ထွေးတယ်ဆိုရင် အခြားသူများအတွက် မှတ်ရတာခက်ပြီး ရေးရတာလည်း ခက်နိုင်ပါတယ်။
  • လျှို့ဝှက်နံပါတ်
    • ကိုယ့်ရဲ့ အကောင့်အတွက် လျှို့ဝှက်နံပါတ် ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
    • ဒီလိုပြုလုပ်ခြင်းဖြင့် ကိုယ်တစ်ယောက်တည်းကပဲ အကောင့်ထဲကို ဝင်ရောက်နိုင်တယ်ဆိုတာကို အတည်ပြုစေနိုင်ပါတယ်။
    • လျှို့ဝှက်နံပါတ်က ခိုင်ခံ့ဖို့ လိုပါတယ်dingar။ အက္ခရာ၊ ကိန်းဂဏန်းများ၊ သင်္ကေတများ အားလုံးရောထားတဲ့ စာလုံး အနည်းဆုံး (၈) လုံးရှိသင့်ပါတယ်။
အဆင့် (၅)
ပြီးရင်တော့ အကောင့်ကို အတည်ပြုဖို့အတွက် ဖုန်းနံပါတ်ကို ထည့်သွင်းဖို့ လိုအပ်နိုင်ပါတယ်dingar။ Gmail က ထည့်သွင်းလိုက်တဲ့ ဖုန်းနံပါတ်ထဲကို ကုဒ်တစ်ခု ပို့ပေးပါလိမ့်မယ်dingar။ ဒါဆိုရင်တော့ Gmail အီးမေးလ်လိပ်စာ ပြုလုပ်ခြင်း ပြီးသွားပါပြီ။yes
ဒါပါပဲdingar။ “@gmail.com” ဆိုတဲ့ ကိုယ်ပိုင်အီးမေးလ်လိပ်စာတစ်ခု ရှိသွားပါပြီ။
သူငယ်ချင်း ဒါမှမဟုတ် လုပ်ငန်းမိတ်ဖက်များကို မျှဝေပြီး စတင်အသုံးပြုနိုင်ပါတယ်။
Browser မှဖြစ်စေ၊ ဖုန်းထဲမှာ Gmail အပ်ပလီကေးရှင်းကို ဒေါင်းလုဒ်ပြုလုပ်ပြီးဖြစ်စေ အီးမေးလ်ထဲ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။
အီးမေးလ်ကို စာရင်းသွင်းဖန်တီးပြီးပြီဆိုရင် အချိန်ကုန်သက်သာဖို့ အီးမေးလ်ကို ထိထိရောက်ရောက်စီမံခန့်ခွဲနိုင်မယ့်နည်းလမ်းကို ဒီမှာ ဆက်လက်လေ့လာနိုင်ပါတယ်။
Gmail လိပ်စာက Google အကောင့်အဖြစ်လည်း လုပ်ဆောင်ပေးပါတယ်dingar။ Google Play, Google Docs, Google Meet, Google Drive အစရှိတဲ့ Google ရဲ့ အမျိုးမျိုးသော ဝန်ဆောင်မှုများကို ဒီလိပ်စာနဲ့ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။
တကယ်လို့ [email protected] လိုမျိုး ပရောဖက်ရှင်နယ်ဆန်တဲ့ အီးမေးလ်လိပ်စာ လိုချင်တယ်ဆိုရင်တော့ Domain name ကို ဝယ်ယူဖို့ လိုအပ်ပါလိမ့်မယ်။yes
ဆောင်းပါးများ စုစည်းမှု –
အီးမေးလ်လိပ်စာရယူခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။