အီးမေးလ် (Email) ဆိုတာ ဘာလဲ။ အီးမေးလ်ကို လိုအပ်လား။
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
အီးမေးလ် (Email) က အလုပ်အတွက်ရော ကိုယ်ရေးကိုယ်တာနေ့စဉ်ဘဝအတွက်ရော ပိုပိုပြီးတော့ လိုအပ်လာပါတယ်။yes
အဓိကအချက်များ
  • အီးမေးလ် (Email – electronic mail) က ဒီဂျစ်တယ်စာတိုတွေနဲ့ ဒီဂျစ်တယ်စာရွက်စာတမ်းတွေကို ပေးပို့ခြင်း၊ လက်ခံခြင်းများ ပြုလုပ်နိုင်ပါတယ်။
  • အီးမေးလ်က လုပ်ငန်းတွေအတွက် အဓိကအသုံးဝင်ရုံတင်မက အွန်လိုင်းဝန်ဆောင်မှုတွေအတွက်လည်း လိုအပ်လေ့ရှိပါတယ်။
  • အီးမေးလ်အတွက် စာရင်းသွင်းခြင်းက လွယ်ကူပြီး အခမဲ့ရရှိနိုင်တဲ့ ရွေးချယ်မှုတွေ ရှိပါတယ်။
အီးမေးလ် (Email) ဆိုတာ ဘာလဲ။
အီးမေးလ်ဆိုတာ အီလက်ထရောနစ် မေးလ် (Electronic mail) ဖြစ်ပါတယ်။ 
အီးမေးလ်က အင်တာနက်မှတစ်ဆင့် အီးမေးလ်လိပ်စာကို အသုံးပြုပြီး ပို့ပေးချင်တဲ့လူဆီကို ဒီဂျစ်တယ်စာ ပေးပို့နိုင်ပါတယ်။ 
စာရွက်စာတမ်းများကို ပုံမှန်စာပေးပို့သလိုပဲ ဒီဂျစ်တယ် စာရွက်စာတမ်းများကိုလည်း အီးမေးလ်ထဲမှာ ပူးတွဲပေးပို့နိုင်ပါတယ်။
အီးမေးလ်လိပ်စာ အများစုကတော့ ([email protected]) ဒီလိုပုံစံမျိုးလေး ဖြစ်နေမှာပါ။yes
အီးမေးလ်ကို ဘာလို့လိုအပ်တာလဲ။
အီးမေးလ်ကို မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူးshwe။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရှိထားရင်လည်း အသုံးဝင်နိုင်ပါတယ်shwe။ ဥပမာပြောရရင်
  • ဝန်ဆောင်မှု၊ အပ်ပလီကေးရှင်းများအတွက် စာရင်းသွင်းတဲ့အခါ အီးမေးလ်လိပ်စာ လိုအပ်လေ့ရှိပါတယ်။
  • လုပ်ငန်းအတွက်ဆိုရင် ပစ္စည်းတင်သွင်းသူ၊ ဖောက်သည် သို့မဟုတ် လုပ်ငန်းမိတ်ဖက်များကလည်း အီးမေးလ်မှတစ်ဆင့် ဆက်သွယ်ချင်ကြပါလိမ့်မယ်။
  • အခွန်ရုံးနှင့် DICA ကလည်း တစ်ခါတစ်လေ အရေးကြီးအချက်အလက်များကို အီးမေးလ်မှတစ်ဆင့် ပေးပို့တတ်ပါတယ်။
  • MyCO အကောင့် ပြုလုပ်ဖို့အတွက် အီးမေးလ်လိပ်စာ လိုအပ်ပါတယ်။
Viber/Messenger တို့ကို ဘာလို့ မသုံးတာလဲ။
နှစ်ခုလုံးကတော့ အသုံးဝင်ပြီး ချက်ချင်းစာတိုပေးပို့ခြင်းနဲ့ အီးမေးလ်ပို့ခြင်း နှစ်ခုလုံးကို လူတော်တော်များများ အသုံးပြုကြပါတယ်။
Viber, Messenger နဲ့ Whatsapp စတဲ့ ချက်ချင်းစာတိုပေးပို့ခြင်းအတွက် အပ်ပလီကေးရှင်းတွေက အမြန်ဆက်သွယ်မှုအတွက် တော်တော်ကောင်းပါတယ်။
အီးမေးလ်ရဲ့ သတ်သတ်မှတ်မှတ် အကြောင်းအရာများအတွက် ပြုလုပ်ထားပေးတဲ့ အီးမေးလ်ချိန်းကြောင့် အသေးစိတ်ပိုကျတဲ့ ဆွေးနွေးမှုများအတွက် အီးမေးလ်က အသုံးဝင်လေ့ရှိပါတယ်shwe။ အီးမေးလ်သာမက ပူးတွဲထားတဲ့ စာရွက်စာတမ်းများကိုလည်း အခြားအီးမေးလ်များသို့ ထပ်ဆင့်ပေးပို့နိုင်ပါတယ်။
နောက်ပိုင်း အငြင်းပွားမှုတွေရှိလာတဲ့အခါမျိုးမှာလည်း အီးမေးလ်က ပိုပြီးတိကျတဲ့ သက်သေအဖြစ် အစီအရီချန်ထားပေးနိုင်ပါတယ်။
ဝန်ဆောင်မှု အမျိုးမျိုး အထူးသဖြင့် အွန်လိုင်းဝန်ဆောင်မှုတွေအတွက် စာရင်းသွင်းတဲ့အခါ အီးမေးလ်ကို လိုအပ်လေ့ရှိပါတယ်။yes
အီးမေးလ်ရဲ့ အားနည်းချက်တွေက ဘာဖြစ်မလဲ။
အီးမေးလ်က အသုံးဝင်နိုင်သလို သတိထားရမယ့် အချက်လေးတွေလည်း ရှိပါတယ်။
  • Phishing – တရားဝင်ပေးပို့သူလို ယောင်ဆောင်ပြီး လျှို့ဝှက်နံပါတ်၊ အကြွေးဝယ်ကတ်အသေးစိတ် စတဲ့ ကိုယ်ရေးအချက်အလက်များကို ခိုးယူဖို့ ကြိုးစားနေတဲ့ အီးမေးလ်မှ လိမ်လည်မှု။
  • Spam အီးမေးလ် – Junk အီးမေးလ် လို့လည်း သိကြတဲ့ ပုံမှန်အားဖြင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ ကြော်ငြာဖို့အတွက် ပေးပို့တဲ့ မလိုလားအပ်တဲ့ အီးမေးလ်တွေ ဖြစ်ပါတယ်။
  • အီးမေးလ်အလွန်များခြင်း – တစ်ခါတစ်လေကျရင် ထိန်းချုပ်စီမံဖို့ ခက်လောက်အောင် အီးမေးလ်အများကြီး လက်ခံရတဲ့အချိန်မျိုးလည်း ရှိတတ်ပါတယ်။
အီးမေးလ်များကို ပိုမိုထိရောက်စွာ စီမံခြင်းနည်းလမ်းများကို ဒီမှာလေ့လာပါ။yes
အီးမေးလ် ဘယ်လို အလုပ်လုပ်လဲ။
ပထမဆုံး သူများနဲ့မတူတဲ့ အီးမေးလ်လိပ်စာတစ်ခုအတွက် စာရင်းသွင်းဖို့ လိုပါတယ်။
စာရင်းသွင်းလိုက်ပြီဆိုတာနဲ့ ဒီအီးမေးလ်လိပ်စာက ကိုယ့်အပိုင်ဖြစ်သွားပြီး ကိုယ်တစ်ယောက်ထဲကပဲ ဒီလိပ်စာကနေ အီးမေးလ် ပေးပို့၊ လက်ခံလို့ရပါမယ်။
အီးမေးလ်ကို အင်တာနက် Browser တစ်ခုကို အသုံးပြုပြီး ဖုန်း သို့မဟုတ် ကွန်ပြူတာကနေ ဝင်ရောက်အသုံးပြုနိုင်ပါတယ်shwe။ ဒါမှမဟုတ် အီးမေးလ်ပို့တဲ့ အပ်ပလီကေးရှင်းကို ဒေါင်းလုဒ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။yes
အီးမေးလ်လိပ်စာကို ဘယ်လိုရရှိနိုင်မလဲ။
အီးမေးလ်လိပ်စာအတွက် စာရင်းသွင်းခြင်းက အရမ်းလွယ်ကူပါတယ်။
အီးမေးလ်လိပ်စာတစ်ခုထက် ပိုပြီးလည်း စာရင်းသွင်းနိုင်ပါတယ်shwe။ တစ်ခုကို ကိုယ်ရေးကိုယ်တာအတွက် အသုံးပြုပြီး တစ်ခုကိုတော့ အလုပ်အတွက် အသုံးပြုတာမျိုး ပြုလုပ်နိုင်ပါတယ်။
အခမဲ့ အီးမေးလ်ပြုလုပ်နိုင်တဲ့ ရွေးချယ်မှုတွေလည်း အများကြီးရှိပါတယ်။
Gmail ကတော့ ကမ္ဘာတစ်ဝန်းမှာ အသုံးပြုသူ ၁ ဘီလီယံကျော်ရှိတဲ့ အသုံးအများဆုံး အီးမေးလ်ဝန်ဆောင်မှု ဖြစ်ပါတယ်shwe။ Gmail က Google မှ အထောက်အပံ့ပေးထားတဲ့ ဝန်ဆောင်မှုပါ။
အခြား အခမဲ့ရရှိနိုင်တဲ့ ရွေးချယ်မှုတွေကတော့ Microsoft မှ Outlook.com, ProtonMail.com, Yahoo! Mail နဲ့ Zoho Mail တို့ ဖြစ်ပါတယ်။
အခမဲ့အကောင့်တွေက သူတို့ရဲ့ ထောက်ပံ့ပေးတဲ့သူရဲ့ နာမည်တွေနဲ့ အဆုံးသတ်လေ့ရှိပါတယ်shwe။ ဥပမာ – @gmail.com, @outlook.com
@mycompany.com သို့မဟုတ် @mylastname.com တို့လိုမျိုး ပိုပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ အီးမေးလ်လိပ်စာလိုချင်တယ်ဆိုရင် Domain name ကို ဝယ်ယူဖို့ လိုအပ်ပါမယ်။yes
အီးမေးလ်ဆိုတာ ဆက်သွယ်မှု၊ အမျိုးမျိုးသော ဝန်ဆောင်မှုများရရှိဖို့အတွက် အရေးပါတဲ့ ကိရိယာဖြစ်ပါတယ်။
အီးမေးလ်လိပ်စာကို အခမဲ့ရရှိနိုင်တာကြောင့် တစ်ခုရှိထားတာက ဆိုးတဲ့အကြံတော့ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ ပထမဆုံးအီးမေးလ်ကို ဘယ်လိုစာရင်းသွင်းရမလဲဆိုတာ ဒီမှာလေ့လာပါ။
အီးမေးလ်မှာလည်း အားနည်းချက်ရှိတာကို သတိရပါshweအီးမေးလ်ကို ပိုပြီး ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းများကို ဒီမှာလေ့လာနိုင်ပါတယ်။yes
ဆောင်းပါးများ စုစည်းမှု –
အီးမေးလ်လိပ်စာရယူခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။