စာရင်းကိုင်ကာလနှင့် စာရင်းကိုင်လုပ်ငန်းစဉ် စက်ဝန်း
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
စာရင်းကိုင်ပညာဆိုတာ လုပ်ငန်းတွေအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်နေရတဲ့ လုပ်ဆောင်ချက်တစ်ခုပါdingar။ ဒီလုပ်ဆောင်ချက်မှာ မတူညီတဲ့ အချိန်မှာ ပြုလုပ်ဖို့ လိုအပ်တဲ့ စာရင်းကိုင်လှုပ်ရှားမှု အမျိုးမျိုး ပါဝင်ပါတယ်။yes
အဓိကအချက်များ
  • စာရင်းကိုင်ကာလဆိုတာ ဘဏ္ဍာရေးရှင်းတမ်း အစုတစ်ခုအတွက် အချိန်ကာလတစ်ခု ဖြစ်ပါတယ်။
  • ပင်မစာရင်းကိုင်ကာလက ပုံမှန်အားဖြင့် တစ်နှစ်ဖြစ်ပေမယ့် သုံးလတစ်ခါ၊ တစ်လတစ်ခါ အစီရင်ခံခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။
  • စာရင်းကိုင်လုပ်ငန်းစဉ် စက်ဝန်းမှာ ငွေလွှဲမှတ်တမ်းများ၊ ဂျာနယ်များ၊ လယ်ဂျာများ၊ အစမ်းရှင်းတမ်း နဲ့ ဘဏ္ဍာရေးရှင်းတမ်းများ ပါဝင်ပါတယ်။
စာရင်းကိုင်ကာလ (Accounting period) ဆိုတာ ဘာလဲ။
စာရင်းကိုင်ကာလ သို့မဟုတ် အစီရင်ခံကာလ (Reporting period) ဆိုတာ ဘဏ္ဍာရေးရှင်းတမ်း အစုတစ်ခုအတွက် အချိန်ကာလတစ်ခု ဖြစ်ပါတယ်။
ဖော်ပြပါ စာရင်းကိုင်ကာလအတွက် ဘဏ္ဍာရေးအချက်အလက်တွေကို စုစည်းထားပြီး ခွဲခြမ်းစိစစ်ရပါတယ်။
ပုံမှန်အားဖြင့် လုပ်ငန်းတွေအတွက်တော့ အချိန် ၁ နှစ်ဆိုတာ ပင်မစာရင်းကိုင်ကာလ တစ်ခုပါ။
လုပ်ငန်းတော်တော်များများကလည်း လုပ်ငန်းရဲ့ လုပ်ဆောင်ချက်နဲ့ ကျန်းမာရေးကို ပုံမှန်ဖြင့် အချိန်မီ ထိုးထွင်းသိမြင်နိုင်ဖို့အတွက် စာရင်းကိုင်ကာလကို သုံးလတစ်ခါ၊ တစ်လတစ်ခါ ပြုလုပ်ကြတာမျိုးလည်း ရှိပါတယ်။
ဒီလို အချိန်ကာလတိုများအတွက် ပြုလုပ်ထားတဲ့ အစီရင်ခံစာတွေက နှစ်စဉ်အစီရင်ခံစာများနဲ့ ကွာခြားမှုရှိပြီး နှစ်စဉ်အစီရင်ခံစာများလောက်လည်း ပြည့်စုံမှု မရှိပါဘူး။yes
ဘယ်အချိန်မှာ စာရင်းကိုင်ကာလ စ/ဆုံးလဲ။
ကုမ္ပဏီတော်တော်များများကတော့ စာရင်းကိုင်ကာလအတွက် ပြက္ခဒိန် နှစ်၊ လများကိုသာ အသုံးပြုပါတယ်။
ဒါပေမယ့်လည်း တစ်ချို့ကုမ္ပဏီတွေကတော့ မတူညီတဲ့ စရက်၊ ဆုံးရက်များ ရွေးချယ်နိုင်ပါတယ်။
ဥပမာ – တစ်ချို့ကုမ္ပဏီတွေက အခွန်ဆောင်ဖို့အတွက် အစီရင်ခံစာများ ပြုလုပ်ရာမှာ လွယ်ကူစေဖို့အတွက် အခွန်နှစ်ကို အသုံးပြုပါတယ်။
လက်လီကုမ္ပဏီများကလည်း ဥပမာအားဖြင့် သုံးလတစ်ခါအတွက် ၁၃ ပတ်ကာလ၊ သုံးလအတွက် ၄-၄-၅ ပတ်ကို ရွေးချယ်နိုင်ပါတယ်။
ရာသီအလိုက် လုပ်ဆောင်ရတဲ့ အခြားလုပ်ငန်းများကတော့ မတူညီတဲ့ ရက်များကို ရွေးချယ်နိုင်ပါတယ်။
ကိုယ့်လုပ်ငန်းအတွက် အသင့်တော်ဆုံး စာရင်းကိုင်ကာလကို ရှာဖွေဖို့က ကုမ္ပဏီအပေါ်မှာပဲ မူတည်ပါတယ်။yes
စာရင်းကိုင်လုပ်ငန်းစဉ် စက်ဝန်းဆိုတာ ဘာလဲ။
စာရင်းကိုင်လုပ်ငန်းစဉ် စက်ဝန်းဆိုတာ စာရင်းကိုင်ကာလတစ်ခုစီမှာ ဖြစ်ပေါ်နေတဲ့ အစီစဉ်တကျရှိတဲ့ အဆင့်များ ဖြစ်ပါတယ်။
သူကတော့ ငွေလွှဲမှတ်တမ်းများကို မှတ်တမ်းတင်ခြင်းဖြင့် စတင်ပြီး စာရင်းများပိတ်ခြင်း၊ ဘဏ္ဍာရေးရှင်းတမ်းများကို ထုတ်ပြန်ကြေညာခြင်းဖြင့် အဆုံးသတ်ပါတယ်။
ပြီးရင်တော့ နောက်လာတဲ့ စာရင်းကိုင်ကာလမှာ ဒီစက်ဝန်းက တစ်ခေါက်ထပ်ပြီး ဆက်လက်လည်ပတ်ပါလိမ့်မယ်။yes
စာရင်းကိုင်လုပ်ငန်းစဉ် စက်ဝန်းရဲ့ အဓိကအဆင့်တွေက ဘာလဲ။
စာရင်းကိုင်ပညာ စက်ဝန်းကို အရိုးရှင်းဆုံး ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင် ဘဏ္ဍာရေးအချက်အလက် အခြေအနေ (၅) ခုနဲ့ အဓိက အဆင့် (၄) ဆင့်ရှိပါတယ်။
အရင်ခေတ်တွေတုန်းကတော့ စာရင်းကိုင်အလုပ်ကို လက်ဖြင့်သာ လုပ်ကြတာကြောင့် သိထားရမယ့် အဆင့်တွေ ဒီထက် အများကြီး ရှိပါတယ်dingar။ ဒါပေမယ့် ဆော့ဖ်ဝဲလ်တွေနဲ့ဆိုရင် ဒီအဆင့်တွေက အလိုအလျောက် လုပ်ပြီးသားဖြစ်သွားပါတယ်။yes
 yes
ငွေအလွှဲအပြောင်းမှတ်တမ်းများ (Transactions)
ရောင်းချမှု၊ ထောက်ပံ့မှုပစ္စည်းများ ဝယ်ယူခြင်း၊ ပိုင်ဆိုင်မှုများ ဝယ်ယူခြင်း၊ လုပ်အားခပေးခြင်း သို့မဟုတ် ချေးငှားခြင်း စတဲ့ လုပ်ငန်းဆိုင်ရာ ငွေအလွှဲအပြောင်း တစ်ခုချင်းစီကို ထည့်သွင်းရပါတယ်။ 
ဂျာနယ် (Journal)
ဂျာနယ်မှာ သက္ကရာဇ်လိုက် အကြမ်းစီထားတဲ့ ငွေအလွှဲအပြောင်းမှတ်တမ်းများအားလုံး ပါဝင်ပါတယ်။
အသေးစိတ် ထည့်သွင်းရမယ့် အချက်အလက်တွေကတော့ ရက်စွဲ၊ အကြောင်းအရာနဲ့ ပမာဏပါ။
နှစ်ဖက်သွင်းစာရင်းစစ်စနစ် (Double-entry accounting system) အောက်မှာ ဒီငွေအလွှဲအပြောင်းမှတ်တမ်းများကို Debit နဲ့ Credit ဆိုပြီး ထည့်သွင်း ရပါတယ်။yes
ငွေအလွှဲအပြောင်းမှတ်တမ်းများမှ ဂျာနယ်သို့
ငွေအလွှဲအပြောင်းမှတ်တမ်း တစ်ခုချင်းစီအတွက် အသေးစိတ်ကို ဂျာနယ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်Tank
ဂျာနယ်ကို ငွေအလွှဲအပြောင်း တစ်ခုပြုလုပ်ပြီးတိုင်း (သို့မဟုတ်) ရက်တစ်ရက်ရဲ့ အဆုံးမှာ ရေးလေ့ရှိပါတယ်Tank
လယ်ဂျာစာအုပ် (Ledgers)
ဂျာနယ်နဲ့ မတူပဲ လယ်ဂျာစာအုပ်ထဲရှိ အဝင်တွေကို အကောင့် (Account) များနဲ့ စုစည်းထားပါတယ်။
ငွေသား (Cash)၊ ရရန်ရှိအကောင့် (Account receivable)၊ စာရင်း (Inventory)၊ ပိုင်ဆိုင်ပစ္စည်း (Property)၊ စက်ရုံနှင့် ပစ္စည်းကိရိယာများ (Plant and equipment)၊ ပေးရန်ရှိစာရင်း (Accounts payable)၊ ချေးငွေ (Loans)၊ အမြတ် (Revenue)၊ ရောင်းရကုန်ပစ္စည်းအတွက် ကုန်ကျငွေ (Cost of Goods Sold)၊ လုပ်အားခ (Wages) စတဲ့ အကောင့်တွေကို တွေ့ရလေ့ရှိပါတယ်။
လုပ်ငန်းတွေက သူတို့ရဲ့အကောင့်တွေကို စာရင်းလုပ်ထားပြီး အကောင့်ဇယားလို့ ခေါ်ပါတယ်။yes
ဂျာနယ်မှ လယ်ဂျာစာအုပ်သို့
ဂျာနယ်ထဲမှ စာရင်းများကို ခွဲခြမ်းစိတ်ဖြာပြီး သက်ဆိုင်ရာအကောင့်ထဲသို့ မှတ်တမ်းတင်ခြင်းဖြင့် လယ်ဂျာစာအုပ်ထဲသို့ ထည့်သွင်းပေးရပါတယ်။
ထည့်သွင်းခြင်း (Posting) ကို ရက် တစ်ရက်ရဲ့ အဆုံး (သို့မဟုတ်) အနည်းဆုံး တစ်ပတ် တစ်ရက် ပြုလုပ်ပါတယ်dingar။ တစ်ချို့လုပ်ငန်းတွေကလည်း အုပ်စုအလိုက် ထည့်သွင်းတတ်ပါတယ်Tank
အစမ်းရှင်းတမ်း (Trial balance)
အစမ်းရှင်းတမ်းမှာ လယ်ဂျာစာအုပ်ထဲရှိ ထည့်သွင်းထားသမျှကို စာရင်းကိုင်ကာလအတွက် စာရင်းချုပ်ပေးပါတယ်dingar။ Debit နဲ့ Credit ရဲ့ ကိန်းဂဏန်းတွေက ကိုက်ညီမှု ရှိရပါမယ်dingar။ ဒါက စာရင်းကိုင်တွေရဲ့ အမှားစစ်နည်းတစ်မျိုးပါ။
အမှားအယွင်းတွေကို ဂျာနယ်၊ လယ်ဂျာစာအုပ် စတဲ့ မူရင်းစာရွက်စာတမ်းတွေကို ကိုက်ညီမှုရှိအောင် ပြန်လုပ်ခြင်းဖြင့် အမှားပြင်ဖို့ လိုပါတယ်dingar။ ပြီးရင်တော့ ပြန်ပြင်ထားတဲ့ အစမ်းရှင်းတမ်းကို ပြန်စစ်ဆေးရပါမယ်။yes
လယ်ဂျာစာအုပ်မှ အစမ်းရှင်းတမ်းသို့
လယ်ဂျာစာအုပ်ထဲမှာ ထည့်သွင်းထားတာသမျှကို အနှစ်ချုပ်ခြင်းဖြင့် အစမ်းရှင်းတမ်းကို ပြင်ဆင်ပါတယ်။
ပုံမှန်အားဖြင့် အစမ်းရှင်းတမ်းကို စာရင်းကိုင်ကာလ အဆုံးတွေမှာ ပြုလုပ်လေ့ရှိပေမယ့် ဆန္ဒရှိတယ်ဆိုရင်တော့ ဘယ်အချိန်ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။
ကုမ္ပဏီတော်တော်များများကတော့ သူတို့ရဲ့ စာရင်းတွေကို စစ်ဆေးဖို့အတွက် အစမ်းရှင်းတမ်းကို တစ်လတစ်ခါ ပြုလုပ်တတ်ပါတယ်Tank
ဘဏ္ဍာရေးရှင်းတမ်း (Financial Statements)
ဘဏ္ဍာရေးရှင်းတမ်းဆိုတာ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်နဲ့ အနေအထားအပေါ် အစီရင်ခံချက် ဖြစ်ပါတယ်။
အဓိက ဘဏ္ဍာရေးရှင်းတမ်း (၃) ခုကတော့
  • ဝင်ငွေရှင်းတမ်း (Income statement) 
  • လက်ကျန်ရှင်းတမ်း (Balance sheet)
  • ငွေသားစီးဆင်းမှုရှင်းတမ်း (Cash flow statement)
အဓိက ဘဏ္ဍာရေးရှင်းတမ်း (၃) ခု အကြောင်း ဒီမှာလေ့လာပါ။yes
အစမ်းရှင်းတမ်းမှ ဘဏ္ဍာရေးရှင်းတမ်းသို့
အစမ်းရှင်းတမ်းအထိ စာရင်းများကို အမှားပြင်ခြင်း၊ ပြန်ညှိခြင်းများ တောက်လျှောက် ပြုလုပ်လာခဲ့ပြီးပါက ဘဏ္ဍာရေးရှင်းတမ်းကို ပြင်ဆင်နိုင်ပါပြီ။
ဒါကြောင့် ဘဏ္ဍာရေးရှင်းတမ်းများကို စာရင်းကိုင်ကာလ အဆုံးတိုင်းမှာ ပြင်ဆင်နိုင်ပါတယ်။
ဘယ်လောက်ထိ အသေးစိတ်ဖြစ်ဖို့ လိုအပ်လဲဆိုတာကတော့ စာရင်းကိုင်ကာလအပေါ် မူတည်ပါတယ်dingar။ လစဉ်အစီရင်ခံချက်တွေကတော့ သိပ်ပြီး အသေးစိတ်ကျမှာ မဟုတ်ပါဘူးdingar။ နှစ်စဉ်အစီရင်ခံချက်တွေကျတော့ ပိုပြီး ပြည့်စုံမှု ရှိပါတယ်။
အစီရင်ခံချက်တွေကလည်း အဖွဲ့အစည်းပြင်ပသုံးရန်နဲ့ အဖွဲ့အစည်းအတွင်းသုံးရန်ဆိုပြီး ကွဲပြားနိုင်ပါတယ်Tank
စာရင်းကိုင်ပညာမှာ မတူညီတဲ့ အကြိမ်ရေနဲ့ နေရာမှာ ပြုလုပ်ဖို့ လိုအပ်တဲ့ လုပ်ဆောင်ချက်အမျိုးမျိုး ပါဝင်ပါတယ်။
တိကျမှန်ကန် သေချာတဲ့ ဘဏ္ဍာရေးအချက်အလက် ရရှိဖို့အတွက် နဲ့ စာရင်းကိုင်အတွက် လိုမယ့် အရင်းအမြစ် လိုအပ်ချက်များ နဲ့ ချိန်ကိုက်ဖို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီက စာရင်းကိုင်ကာလနဲ့ စာရင်းကိုင်လုပ်ငန်းစဉ်စက်ဝန်ကို လိုအပ်သလို ချိန်ညှိယူရပါတယ်။yes
ရွှေဒင်္ဂါးအကယ်ဒမီရဲ့ “စာရင်းကိုင်ပညာအကြောင်း မိတ်ဆက်” သင်တန်း – စာရင်းကိုင်ပညာအကြောင်း အခြေခံ အွန်လိုင်း ဗီဒီယိုများ ကြည့်ရန် နှိပ်ပါTank
ဆောင်းပါးများ စုစည်းမှု –
SME များအတွက် စာရင်းကိုင်ပညာမိတ်ဆက်
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။