Cash နှင့် Accrual Accounting (ငွေသားအခြေပြုနှင့် စုပေါင်းအခြေပြု စာရင်း)
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
ကိုယ့်ရဲ့ စာရင်းကိုင်စနစ်ကို တည်ဆောက်တဲ့အခါ ရွေးချယ်ရမယ့် ငွေအလွှဲအပြောင်းမှတ်တမ်း (၂) မျိုး ရှိပါတယ်finance။ ဒါကတော့
  • Cash (ငွေသားအခြေပြုစာရင်း)
  • Accrual (စုပေါင်းအခြေပြုစာရင်း) ဖြစ်ပါတယ်။
စာရင်းကိုင်ဆိုတာ ဘာမှန်းသေချာမသိသေးရင် ဒီမှာလေ့လာလိုက်ပါtesting
အဓိကအချက်များ
  • Cash method မှာ ဝင်ငွေနဲ့ ထွက်ငွေကို ငွေသား ပေးချေတဲ့အခါ သို့မဟုတ် ငွေသား လက်ခံရရှိတဲ့အခါ မှတ်တမ်းတင်ပါတယ်။
  • Accrual method မှာ ဝင်ငွေကို အလုပ်ပြီးမြောက်တဲ့အချိန် (ဝင်ငွေရရှိတဲ့အချိန် – earned ဖြစ်တဲ့အချိန်) မှာ မှတ်တမ်းတင်ပြီး ထွက်ငွေကို အရင်းအမြစ်အသုံးချတဲ့အချိန် (ထွက်ငွေကုန်ကျတဲ့အချိန် – incurred ဖြစ်တဲ့အချိန်) မှာ မှတ်တမ်းတင်ပါတယ်။
  • တစ်ချို့လုပ်ငန်းငယ်တွေက Cash method ကို အသုံးပြုပြီး လုပ်ငန်းကြီးတွေကတော့ ပုံမှန်အားဖြင့် Accrual method ကို အသုံးပြုနိုင်ပါတယ်။
testing
Cash method ဆိုတာ ဘာလဲ။
Cash method မှာဆိုရင် ငွေလွှဲပြောင်းမှုများကို ငွေသား လက်ပြောင်းလက်လွှဲဖြစ်တဲ့အချိန်မှာ မှတ်တမ်းတင်ပါတယ်finance။ ဒါကြောင့် ဝင်ငွေဆိုရင် ငွေပေးချေမှုကို လက်ခံရရှိတဲ့အချိန်မှာ မှတ်တမ်းတင်ပြီးတော့ အသုံးစရိတ်ဆိုရင်တော့ ငွေလက်ခံမယ့်သူထံကို ငွေပေးချေလိုက်ပြီဆိုရင် မှတ်တမ်းတင်ပါတယ်။
Accrual method ဆိုတာ ဘာလဲ။
Accrual method မှာဆိုရင်တော့ ဘယ်အချိန်မှာ ငွေပေးချေမှု ပြုလုပ်ပါစေ ဝင်ငွေအတွက် အလုပ်ပြီးမြောက်တဲ့အချိန် (ဝင်ငွေရရှိတဲ့အချိန်၊ earned ဖြစ်တဲ့အချိန်) မှာ မှတ်တမ်းတင်ပြီး နဲ့ ထွက်ငွေကို အရင်းအမြစ်အသုံးချတဲ့အချိန် (ထွက်ငွေကုန်ကျတဲ့အချိန်၊ incurred ဖြစ်တဲ့အချိန်) မှာ မှတ်တမ်းတင်ပါတယ်Trinity
ကျန်ရှိတဲ့ ငွေပေးချေမှုများအတွက် ပေးရန်ရှိစာရင်းနှင့် ရရန်ရှိစာရင်းမှာ ခြေရာပြန်ခံပါတယ်။testing
ဥပမာတစ်ချို့ကတော့
ငွေသားဖြင့်ရောင်းချခြင်း
  • Cash method: ငွေသားကို ဒီနေ့ပဲ လက်ခံရရှိတဲ့အတွက် ရောင်းချမှုကိုလည်း ဒီနေ့မှာပဲ မှတ်တမ်းတင်ပါတယ်။
  • Accrual method: ရောင်းချမှုက ဒီနေ့မှာ ဖြစ်မြောက်ပေမယ့် အမှန်တကယ်အလုပ်ပြီးမြောက်မှုဖြစ်တဲ့နေ့မှာပဲ မှတ်တမ်းတင်ပါတယ်။
၃၀ ရက်အတွင်း ငွေပေးချေရန် အကြွေးဖြင့် ရောင်းချခြင်း
  • Cash method: ရောင်းချမှုကို ငွေပေးချေမှု လက်ခံရရှိမည့် ရက် ၃၀ ရောက်မှသာ မှတ်တမ်းတင်ပါတယ်။
  • Accrual method: အလုပ်ပြီးမြောက်မှုအလိုက် မှတ်တမ်းတင်ပြီးတော့ ကျန်ရှိတဲ့ငွေပေးချေမှုကို ရရန်ရှိစာရင်းမှ ခြေရာခံပါတယ်။
ငွေသားဖြင့် ဝယ်ယူခြင်း
  • Cash method: ငွေသားကို ဒီနေ့မှာပဲ ပေးချေလိုက်တာကြောင့် ထွက်ငွေကို ဒီနေ့မှာပဲ မှတ်တမ်းတင်ပါတယ်။
  • Accrual method: ဝယ်ယူထားတဲ့ပစ္စည်းကို ပြန်ရောင်းထွက်တဲ့အချိန် (သို့မဟုတ် အသုံးချတဲ့အချိန်မှသာ) ကုန်ကျစရိတ်ကို ထွက်ငွေမှာ မှတ်တမ်းတင်ပါတယ်finance။ အဲ့ဒီမတိုင်ခင်အထိ ပစ္စည်းက ပစ္စည်းစာရင်း (inventory) အဖြစ် ရှိနေမှာပါfinance။ ဆိုလိုတာကတော့ ပိုင်ဆိုင်မှုပစ္စည်းအနေနဲ့ ရှိနေမှာပါ။
နောက်လပေးချေမှုဖြင့် စာရင်းကိုင်ဝန်ဆောင်မှု ရယူခြင်း
  • Cash method: ဘေလ်ပေးချေမှု ပြုလုပ်မယ့် နောက်တစ်လရောက်မှသာ ထွက်ငွေကို မှတ်တမ်းတင်ပါတယ်။
  • Accrual method: ဝန်ဆောင်မှုကို ဒီနေ့ရယူထားပေမယ့် ကိုယ်လက်ခံရရှိတဲ့ အလုပ်ပြီးမြောက်မှုအလိုက် ထွက်ငွေကို မှတ်တမ်းတင်ပါတယ်finance။ ငွေပေးချေမှုကိုတော့ ပေးရန်ရှိစာရင်းမှ ခြေရာခံပါတယ်။
နောက်တစ်နှစ်စာအတွက် ရုံးခန်းငှားခ ကြိုတင်ပေးခြင်း
  • Cash method: ဒီနေ့မှာပဲ ငွေသားပေးချေခဲ့တာကြောင့် ထွက်ငွေကို ဒီနေ့မှာပဲ မှတ်တမ်းတင်ပါတယ်။
  • Accrual method: ရုံးခန်းကို အမြဲသုံးနေရတာကြောင့် ထွက်ငွေကို တစ်လချင်းစီ မှတ်တမ်းတင်ပါတယ်။
testing
Cash Method ရဲ့ အားသာချက်များ        
Cash method ကတော့ ရိုးရှင်းပါတယ်finance။ ငွေလွှဲပြောင်းမှုများကို ငွေသား လက်ပြောင်းလက်လွှဲဖြစ်တဲ့အချိန်မှာ မှတ်တမ်းတင်ပါတယ်။
လုပ်ငန်းရဲ့ ငွေသားလည်ပတ်မှုကို ခြေရာခံဖို့ကလည်း တော်တော်လွယ်ပါတယ်။
Cash Method ရဲ့ အားနည်းချက်များ
ကုမ္ပဏီတစ်ခုရဲ့ အမှန်တကယ် လုပ်ဆောင်ချက်များ ပြုလုပ်တဲ့အချိန်မဟုတ်ပဲ တခြား ဘယ်အချိန်မှာဖြစ်ဖြစ် ငွေသားပေးချေမှု ပြုလုပ်နိုင်တာကြောင့် Cash Method က နားလည်မှု လွဲစေနိုင်ပါတယ်။
ဥပမာပြောရရင် ပစ္စည်းတစ်ခုကို ဒီလမှာ ဝယ်တယ်ပဲ ဆိုပါစို့finance။ ပြီးတော့ နောက်တစ်လမှာ ပြန်ရောင်းလိုက်မယ်။
Cash method မှာဆိုရင် ထွက်ငွေကို ဒီလမှာ မှတ်တမ်းတင်ပြီးတော့ ဝင်ငွေကို နောက်တစ်လမှာ မှတ်တမ်းတင်ထားပါလိမ့်မယ်။
တွေ့တဲ့အတိုင်းပဲ ဒီလမှာ ဝင်ငွေမရှိပဲ ငွေတော်တော်များများ ထွက်သွားတာကြောင့် အမြတ်မရှိပဲ ဆိုးရွားပုံ ပေါ်ပါတယ်။
နောက်လမှာကျတော့ ထွက်ငွေမရှိပဲ ငွေပဲဝင်တာကြောင့် တော်တော်လေး မြတ်တဲ့ပုံ ပေါ်ပါတယ်။
ထွက်ငွေအတွက် ပေးချေတဲ့အချိန်နဲ့ ဝင်ငွေအတွက် ငွေလက်ခံရတဲ့အချိန်ကြားမှာ ကွဲလွဲနေတာလေးရှိပါတယ်။
ဒါကတော့ Cash method အသုံးပြုခြင်းရဲ့ အဓိက ပြဿနာပါ။
ဒါ့အပြင် Cash method မှာ ငွေသားကိုသာ မြင်နိုင်တဲ့အတွက် အခြား စွမ်းဆောင်ရည်ညွှန်းကိန်းများ၊ လုပ်ငန်းရဲ့ ဘဏ္ဍာရေးကျန်းမာရေးနဲ့ ပတ်သက်တာတွေအတွက် အချက်အလက်နည်းသွားပါတယ်။testing
Accrual method ရဲ့ အားသာချက်များ
Accrual method က လုပ်ငန်းဆောင်ရွက်ချက်ပြီးမြောက်မှုအလိုက် သို့မဟုတ် လုပ်ဆောင်ချက်များ အမှန်တကယ် ပြုလုပ်ပြီးမြောက်တဲ့အချိန်မှသာ မှတ်တမ်းတင်တာကြောင့် လုပ်ငန်းရဲ့အခြေအနေကို ကောင်းစွာမြင်စေနိုင်ပါတယ်။
သက်ဆိုင်တဲ့ ဝင်ငွေနဲ့ ထွက်ငွေက တစ်ချိန်တည်းမှာပဲ မှတ်တမ်းတင်လေ့ရှိတဲ့အတွက် အရှုံးအမြတ်ရဲ့ အခြေအနေကို ပိုမိုမြင်သာစေပါတယ်။
ဥပမာပြောရရင် Accrual method မှာဆိုရင် ပစ္စည်းတစ်ခု ဝယ်လိုက်ပေမယ့် ချက်ချင်း ထွက်ငွေအဖြစ် မှတ်တမ်းမတင်ပါဘူးfinance။ ဒီပစ္စည်းက ကိုယ့်ရဲ့ ပစ္စည်းစာရင်း (inventory) ထဲ ဝင်နေပါလိမ့်မယ်။
ပစ္စည်းတစ်ခုရောင်းထွက်မှသာ ဝင်ငွေရော ထွက်ငွေ (ရောင်းရပစ္စည်းရဲ့ ကုန်ကျစရိတ်) ကိုပါ မှတ်တမ်းတင်မှာပါfinance။ ဒီလိုလုပ်ခြင်းဖြင့် ဒီပစ္စည်းအပေါ်မှာ အမြတ်ရခဲ့သလားဆိုတာကို ပိုပြီး လွယ်ကူစွာမြင်နိုင်စေမှာ ဖြစ်ပါတယ်။
Accrual method ရဲ့ အားနည်းချက်များ
Accrual method က အနည်းငယ် ပိုရှုပ်ထွေးပြီးတော့ ကိုယ့်ကို ပေးဖို့ကျန်တဲ့ ငွေရော၊ ကိုယ့်ဖက်က ပေးဖို့ကျန်တဲ့ ငွေကိုရော ခြေရာခံရပါတယ်finance။ နှစ်ဖက်သွင်းစာရင်းစစ်စနစ် (Double-entry system of accounting) ကို အသုံးပြုဖို့ လိုနိုင်ပါတယ်။
ဒါ့အပြင် Accrual method က ငွေသားစီးဆင်းမှုကို မဖော်ပြပေးတဲ့အတွက် ငွေသားစီးဆင်းမှုကို သီးခြား ခြေရာခံဖို့ လိုနိုင်ပါတယ်။testing
ဒါဆိုရင် ကိုယ့်ရဲ့လုပ်ငန်းက ဘယ်နည်းလမ်းကို အသုံးပြုသင့်လဲ။
လုပ်ငန်းက အမျိုးမျိုးရှိတာကြောင့် တိကျတဲ့အဖြေတော့ မရှိပါဘူးfinance။ နည်းလမ်း (၂) ခုလုံးမှာတော့ ကောင်းကျိုးနဲ့ ဆိုးကျိုးရှိကြတာချည်းပါပဲ။
ယေဘုယျအားဖြင့်တော့ ပိုသေးငယ်တဲ့ ရိုးရှင်းတဲ့ လုပ်ငန်းတွေက Cash method ကို အသုံးပြုလို့ရပါတယ်။
ကိုယ့်ရဲ့ လုပ်ငန်းမှာ တိကျတဲ့ မတည်ငွေ ရင်းနှီးမြှုပ်နှံမှု၊ ပစ္စည်းစာရင်း၊ ပေးရန်ရှိစာရင်း နှင့်/သို့မဟုတ် ရရန်ရှိစာရင်း စတာတွေရှိရင်တော့ Accrual method က ပိုပြီး သင့်တော်နိုင်ပါတယ်။
Accrual method နဲ့ နှစ်ဖက်သွင်းစာရင်းစနစ်က ရှုပ်ထွေးသယောင်ရှိပေမယ့် စာရင်းကိုင်ဆော့ဝဲလ်တွေက ဒီလုပ်ငန်းစဉ်တွေကို အနည်းငယ်လွယ်ကူစေမှာပါ။testing
Cash နဲ့ Accrual method နှစ်ခုလုံးကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုကြပါတယ်။
အရေးကြီးဆုံးအချက်ကတော့ ကိုယ့်လုပ်ငန်းအတွက် သင့်တော်တဲ့တစ်ခုကို ရွေးချယ်ပြီးတော့ စာရင်းကိုင်လုပ်ငန်းစဉ် ကောင်းစွာလည်ပတ် လုပ်ဆောင်နေဖို့ပါပဲ။testing
ရွှေဒင်္ဂါးအကယ်ဒမီရဲ့ “စာရင်းကိုင်ပညာအကြောင်း မိတ်ဆက်” သင်တန်း – စာရင်းကိုင်ပညာအကြောင်း အခြေခံ အွန်လိုင်း ဗီဒီယိုများ ကြည့်ရန် နှိပ်ပါTrinity
ဆောင်းပါးများ စုစည်းမှု –
SME များအတွက် စာရင်းကိုင်ပညာမိတ်ဆက်
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။