ဝက်ဘ်ဆိုက် (Website) ဆိုတာ ဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


အဓိကအချက်များ

  • ဝက်ဘ်ဆိုက်များက ဒီဂျစ်တယ် စာအုပ်၊ မဂ္ဂဇင်း ဒါမှမဟုတ် လက်ကမ်းစာစောင် လိုမျိုးပါပဲ။
  • အကြောင်းအရာ အမျိုးမျိုး ပါဝင်တဲ့ မတူညီတဲ့ ဝက်ဘ်ဆိုက် အများကြီး ရှိပါတယ်။
  • ဝက်ဘ်ဆိုက်တွေက မိုဘိုင်းအပ်ပလီကေးရှင်းများထက် ပိုမို အကုန်အကျသက်သာပြီး ဖန်တီးရ ပိုမိုလွယ်ကူလေ့ရှိပါတယ်။

ဝက်ဘ်ဆိုက်ဆိုတာ ဘာလဲ။

ဝက်ဘ်ဆိုက်ဆိုတာ ဒီဂျစ်တယ် စာအုပ်၊ မဂ္ဂဇင်း ဒါမှမဟုတ် လက်ကမ်းစာစောင် လိုမျိုးပါပဲ။

ဒီစာအုပ်မှာ Domain name လို့ခေါ်တဲ့ နာမည်ရှိပါတယ်။ 

ဒီစာအုပ်မှာ ဝက်ဘ်စာမျက်နှာလို့ခေါ်တဲ့ စာမျက်နှာ အများကြီးရှိပြီး တစ်မျက်နှာချင်းစီမှာ မတူညီတဲ့ သတင်းအချက်အလက်များစွာ ပါဝင်ပါတယ်။

ဥပမာပြောရရင် Shwedingar.com ကလည်း ဝက်ဘ်စာမျက်နှာ ရာချီဖြင့် ပြုလုပ်ထားပြီး ဒါတွေအကုန်လုံးက တူညီတဲ့ Domain နာမည် “Shwedingar.com” အောက်မှာ ရှိပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာလည်း ဝက်ဘ်ဆိုက် သန်းပေါင်းထောင်ကျော် ရှိပါတယ်။

ဖုန်း သို့မဟုတ် ကွန်ပြူတာကို အသုံးပြုပြီး Chrome, Firefox ဒါမှမဟုတ် Safari စတဲ့ အင်တာနက် Browser များမှတစ်ဆင့် ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်နိုင်ပါတယ်။yes


ဝက်ဘ်ဆိုက်ကို ဘယ်သူတွေ ဖန်တီးလို့ရလဲ။

တကယ်တော့ ဘယ်သူမဆို ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးနိုင်ပါတယ်။

ဝက်ဘ်ဆိုက်များကို လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အုပ်စုအဖွဲ့လိုက်ဖြစ်စေ၊ လုပ်ငန်းများ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ အမျိုးမျိုးသော ရည်ရွယ်ချက်များအတွက် ပြုလုပ်ဖန်တီးပြီး ထိန်းသိမ်းထားကြပါတယ်။yes


ဘယ်လို ဝက်ဘ်ဆိုက် အမျိုးအစားတွေ ရှိလဲ။

ဝက်ဘ်ဆိုက်အမျိုးအစားများကတော့ မရေမတွက်နိုင်အောင် ရှိပါတယ်finance။ တစ်ချို့တွေ့ရလေ့ရှိတာတွေကတော့

  • မီဒီယာ သို့မဟုတ် ဖျော်ဖြေရေး ဝက်ဘ်ဆိုက် – ဥပမာ – သတင်းဝက်ဘ်ဆိုက် သို့မဟုတ် youtube.com ကဲ့သို့ ဗီဒီယိုဆိုက်များ။
  • ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်များ – ဥပမာ – Facebook နှင့် Instagram ။
  • E-commerce ဝက်ဘ်ဆိုက်များ – ဥပမာ – ပစ္စည်းများကို အွန်လိုင်းမှ ရောင်းချနိုင်အောင် ပြုလုပ်ထားတဲ့ ဝက်ဘ်ဆိုက်များfinanceE-commerce အကြောင်း ဒီမှာလေ့လာပါ။
  • စီးပွားရေး ဝက်ဘ်ဆိုက်များ – ဥပမာ – လုပ်ငန်းတစ်ခုချင်းစီရဲ့ သတင်းအချက်အလက်များ ဝေမျှနိုင်ရန် ပြုလုပ်ထားသော ဝက်ဘ်ဆိုက်များfinanceလုပ်ငန်းများ ဝက်ဘ်ဆိုက်ရှိသင့်တဲ့ အကြောင်းရင်းကို ဒီမှာလေ့လာပါ
  • ပညာရေး သို့မဟုတ် သတင်းအချက်အလက် ဝက်ဘ်ဆိုက်များ – ဥပမာ – ကျွန်တော်တို့ရဲ့ shwedingar.com ကလည်း သတင်းအချက်အလက် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်finance။ တခြား ဥပမာတစ်ခု ပြောရရင် wikipedia.org ကလည်း သတင်းအချက်အလက်ဝက်ဘ်ဆိုက်ပါပဲ။
  • Blog များ – Weblogs ရဲ့ အတိုကောက် Blog များက များသောအားဖြင့် ဆွေးနွေးမှု သို့မဟုတ် သတင်းအချက်အလက် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။
  • ရှာဖွေရေးကိရိယာ ဝက်ဘ်ဆိုက်များ – ဥပမာ – google.com ၊ bing.com တို့လိုမျိုး ရှာဖွေလိုတဲ့ ဝက်ဘ်များကို ရှာဖွေရာမှာ ကူညီပေးတဲ့ အွန်လိုင်းလမ်းညွန် ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်နှင့် မိုဘိုင်းအပ်ပလီကေးရှင်း ကွာခြားချက်

အပေါ်မှာ ဖော်ပြခဲ့တဲ့ ဥပမာတော်တော်များများကို မိုဘိုင်းအပ်ပလီကေးရှင်းအနေဖြင့်လည်း ရရှိနိုင်ပါတယ်။

ကွန်ပြူတာနဲ့ အင်တာနက် အသုံးပြုမှုက ကျယ်ပြန့်လာတဲ့အခါ ဝက်ဘ်ဆိုက်တွေက အကြောင်းအရင်းများရဲ့ အဓိကရင်းမြစ် ဖြစ်လာခဲ့ပါတယ်။

စမတ်ဖုန်းများ အသုံးပြုမှု ကျယ်ပြန့်လာတဲ့အခါမှာတော့ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများအတွက် မိုဘိုင်းအပ်ပလီကေးရှင်းများကို ဖန်တီးလာကြပါတယ်။

ဥပမာပြောရရင် ဖုန်းထဲရှိ Browser မှ facebook.com ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်နိုင်ပေမယ့် Facebook မိုဘိုင်းအပ်ပလီကေးရှင်းမှ အသုံးပြုရ ပိုမိုလွယ်ကူပါတယ်။

ဒါပေမယ့်လည်း မိုဘိုင်းအပ်ပလီကေးရှင်းများက ယေဘုယျအားဖြင့် တည်ဆောက်ဖို့နဲ့ ထိန်းသိမ်းထားဖို့ ဈေးကြီးပါတယ်finance။ အပ်ပလီကေးရှင်းဖြစ်တဲ့အတွက် ဒေါင်းလုတ်ပြုလုပ်ပြီး Install ပြုလုပ်ဖို့ လိုပါတယ်။

ဝက်ဘ်ကတော့ ဖုန်းနဲ့ဖြစ်စေ၊ ကွန်ပြူတာဖြင့်ဖြစ်စေ Browser ရှိနေသ၍ ဝင်ရောက်အသုံးပြုလို့ရပါတယ်။

ဝက်ဘ်ဆိုက်များက ပိုပိုပြီး အဆင့်မြင့်မားလာတာကြောင့် အနာဂတ်မှာ ဝက်ဘ်ဆိုက် (တစ်ခါတစ်ရံ ဝက်ဘ်အပ်ပလီကေးရှင်းလို့ ခေါ်ပါတယ်) နဲ့ မိုဘိုင်းအပ်ပလီကေးရှင်းများကြား ကွာခြားချက်ဟာလည်း တဖြည်းဖြည်းနဲ့ ပိုပိုနည်းလာပါလိမ့်မယ်။yes


ဝက်ဘ်ဆိုက်များက ပုံသဏ္ဍာန်အမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုး ရှိပါတယ်။

အဖိုးတန်တဲ့ သတင်းအချက်အလက်များကို လက်တစ်ဖျားမှာတင် ရရှိနိုင်အောင် ပြုလုပ်ပေးလျက်ရှိပါတယ်။yes


ဆောင်းပါးများ စုစည်းမှု –

လုပ်ငန်းအတွက် ဝက်ဘ်ဆိုက်

ဝက်ဘ်ဆိုက် ဝက်ဘ်ဆိုက်ဆိုတာ ဝက်ဘ်ဆိုက်ဆိုတာဘာလဲ ဒီဂျစ်တယ် မီဒီယာ ဝက်ဘ်ဆိုက်များ ဝက်ဘ်ဆိုက်အမျိုးအစားများ အပ်ပလီကေးရှင်း မိုဘိုင်းအပ်ပလီကေးရှင်း ဝကျဘျဆိုကျ ဝကျဘျဆိုကျဆိုတာ ဝကျဘျဆိုကျဆိုတာဘာလဲ ဒီဂျစ်တယ် မီဒီယာ ဝက်ဘ်ဆိုက်များ ဝက်ဘ်ဆိုက်အမျိုးအစားများ အပ်ပလီကေးရှင်း မိုဘိုင်းအပ်ပလီကေးရှင်း website mobile application digital media

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။