E-commerce ဆိုတာ ဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

E-commerce ဆိုတာ အီလက်ထရောနစ်ကုန်သွယ်မှု (Electronic commerce) ရဲ့ အတိုကောက် ဖြစ်ပါတယ်။

အွန်လိုင်းမှ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများ ဝယ်ယူခြင်း၊ ရောင်းချခြင်းကို ဆိုလိုပါတယ်။yes


အဓိကအချက်များ

  • E-commerce ဆိုတာ အွန်လိုင်းမှ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ဝယ်ယူခြင်း၊ ရောင်းချခြင်း ဖြစ်ပါတယ်။
  • ရုပ်ပိုင်းဆိုင်ရာနဲ့ ဒီဂျစ်တယ် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ အားလုံးက E-commerce ရဲ့ အစိတ်အပိုင်းများပါပဲ။
  • ကမ္ဘာတစ်ဝန်းနဲ့ မြန်မာနိုင်ငံမှာ E-commerce ကို အသုံးပြုတဲ့ လုပ်ငန်းများ ပိုပိုပြီး များလာပါတယ်။
  • တိုက်ရိုက်ပုံစံ၊ ဈေးကွက်ပုံစံ၊ လေလံပုံစံ စသဖြင့် E-commerce ပုံစံအမျိုးမျိုး ရှိပါတယ်။

E-commerce ဆိုတာ ဘာလဲ။

ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင်တော့ အင်တာနက်မှ အလွယ်တကူပြုလုပ်နေကြတဲ့ ငွေလွှဲပြောင်းမှုတိုင်းက E-commerce ပါပဲ။

အောက်မှာ ဖော်ပြထားတဲ့ တစ်ခု မဟုတ် တစ်ခုထက်ပိုပြီးကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်တယ်ဆိုရင် ဒါကို E-commerce ရဲ့ အစိတ်အပိုင်းလို့ သတ်မှတ်နိုင်ပါတယ်Morpheus

  • အော်ဒါတင်ခြင်း သို့မဟုတ် ကြိုတင်ဘွတ်ကင်ပြုလုပ်ခြင်း။
  • ငွေပေးချေခြင်း။
  • အိမ်အရောက် ပစ္စည်းပို့ခြင်း။

ဥပမာ –

  • အွန်လိုင်းမှ အဝတ်အစား သို့မဟုတ် ကား ဝယ်ယူခြင်း။
  • အွန်လိုင်းမှ အစားအသောက်များ အိမ်အရောက်ပို့ရန် အော်ဒါတင်ခြင်း။
  • စားသောက်ဆိုင် သို့မဟုတ် အလှပြင်ဆိုင်များတွင် ရက်ချိန်းယူရန် အွန်လိုင်းမှ ဘွတ်ကင်ပြုလုပ်ခြင်း။
  • ကားလက်မှတ်၊ လေယာဉ်လက်မှတ်များ အွန်လိုင်းမှ ဝယ်ယူခြင်း။
  • သီချင်း၊ ရုပ်ရှင်ကားများ ကြည့်ရှုနားဆင်ခြင်း။
  • ဂိမ်းထဲတွင် ပစ္စည်းများ ဝယ်ယူခြင်း။
  • အွန်လိုင်းစီးပွားရေး ဆော့ဖ်ဝဲလ်များအတွက် စာရင်းပေးသွင်းခြင်း။
  • အွန်လိုင်းသင်တန်းများအတွက် စာရင်းပေးသွင်းခြင်း။
  • အင်တာနက်နှင့် မိုဘိုင်းဘဏ်ဝန်ဆောင်မှုများ။

အကျဉ်းချုံးပြောရရင်တော့ E-commerce ဆိုတာ E-commerce လုပ်တဲ့လုပ်ငန်းအားလုံးကိုပဲ ဆိုလိုတာပါပဲ။

E-commerce လုပ်ငန်းများမှာ ပါဝင်နိုင်တာတွေကတော့

  • အွန်လိုင်းအစပြုလုပ်ငန်းများ – ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို အွန်လိုင်းမှ ရောင်းချခြင်းဖြင့် စတင်ခဲ့သော လုပ်ငန်းများ။
  • E-commerce ဝန်ဆောင်မှုပေးသူများ – အခြားသူများ ဈေးကွက်ပလက်ဖောင်းများမှ E-commerce ပြုလုပ်နိုင်ရန် အကူအညီပေးသော လုပ်ငန်းများ။

ဘယ်လိုလုပ်ငန်းတွေက E-commerce ကို အသုံးပြုလဲ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လုပ်ငန်းများက E-commerce ရဲ့ အစိတ်အပိုင်းအဖြစ် တစ်ခုပြီးတစ်ခုပါဝင်လာကြပါတယ်။

တစ်ရက်ကို ငွေအလွှဲအပြောင်း သန်းချီ ပြုလုပ်နေတဲ့ Amazon ဒါမှမဟုတ် Alibaba အစရှိတဲ့ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ အချို့ကလည်း E-commerce လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ အွန်လိုင်းကနေ ဝယ်ယူ၊ ရောင်းဝယ်နေတဲ့ လုပ်ငန်းငယ်များလည်း သန်းနဲ့ချီပြီး ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း လုပ်ငန်းကြီး၊ လုပ်ငန်းငယ်များ နှစ်ခုလုံးက အွန်လိုင်းမှ ငွေအလွှဲအပြောင်းအလဲများ ပြုလုပ်လျက်ရှိပါတယ်shwedingar.com။ ဥပမာ – Facebook ဈေးဆိုင်များနဲ့ Viber မှ ရောင်းချသူများက E-commerce ရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။

တစ်ချို့လုပ်ငန်းများက အွန်လိုင်းမှမဟုတ်ပဲ ပြင်ပမှ ရောင်းချခြင်းဖြင့် စတင်ပြီး နောက်ပိုင်းမှာ အွန်လိုင်းကနေတစ်ဆင့် ရောင်းချကြပါတယ်shwedingar.com။ အခြားလုပ်ငန်းများကတော့ အွန်လိုင်းမှ စတင်ပြီး အွန်လိုင်းမှာပဲ ဆက်လက်လည်ပတ်ပါတယ်shwedingar.com။ အွန်လိုင်းမှ စတင်ရောင်းချပြီး နောက်ပိုင်း ပြင်ပမှလည်း ရရှိနိုင်တဲ့ လုပ်ငန်းများလည်း ရှိပါတယ်။yes


E-commerce အမျိုးအစားများက ဘာလဲ။

အွန်လိုင်းမှမဟုတ်ပဲ ပြင်ပမှလည်ပတ်နိုင်တဲ့ လုပ်ငန်းပုံစံ အမျိုးမျိုးရှိသလိုပဲ အွန်လိုင်းမှ ပြုလုပ်နိုင်တဲ့ လုပ်ငန်းပုံစံလည်း အမျိုးမျိုး ရှိပါတယ်။

တွေ့ရလေ့ရှိတဲ့ လုပ်ငန်းပုံစံများကတော့

တိုက်ရိုက် E-commerce

  • ကိုယ့်ရဲ့ ကိုယ်ပိုင် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ဖောက်သည်များထံ အွန်လိုင်းမှ ရောင်းချသော လုပ်ငန်းများ။
  • ကိုယ်ပိုင် ဝက်ဘ်ဆိုက် သို့မဟုတ် Facebook ၊ Viber အစရှိတဲ့ အခြား ဒီဂျစ်တယ်နည်းများမှတစ်ဆင့် ရောင်းချနိုင်ပါတယ်။

အွန်လိုင်းဈေးကွက်

  • တတိယပုဂ္ဂိုလ်ရောင်းချသူများက သူတို့ရဲ့ ကုန်ပစ္စည်းများကို အခြေခံ ဒီဂျစ်တယ်အဆောက်အအုံ တစ်ခုမှတစ်ဆင့် ဝယ်ယူသူများထံ ရောင်းချနိုင်တဲ့ ဒီဂျစ်တယ်ဈေးဝယ်စင်တာများ ဖြစ်ပါတယ်။

ပြောင်းပြန်ဈေးကွက်

  • ရောင်းချသူများက သူတို့ရဲ့ ကုန်ပစ္စည်းများကို စာရင်းပြုခင်းကျင်းပြထားခြင်းမျိုး မဟုတ်ပဲ ဝယ်ယူလိုသူများက သူတို့ရဲ့ လိုအပ်ချက်များကို ဖော်ပြထားပြီး ရောင်းချသူများက ဝယ်ယူလိုသူအတွက်ဖြေရှင်းချက်ကို အကြံပြုအကူအညီပေးတာမျိုးဖြစ်ပါတယ်။
  • တွေ့ရများတဲ့ ဥပမာတွေကတော့ အလွတ်တန်းအလုပ်ရှာဖွေရေးပလက်ဖောင်းများနဲ့ အလုပ်အကိုင်ရှာဖွေရေး ပလက်ဖောင်းများ ဖြစ်ပါတယ်။

အွန်လိုင်းမှလေလံတင်ခြင်း

  • ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို တိုက်ရိုက် သို့မဟုတ် ဈေးကွက်မှတစ်ဆင့် လေလံတင်ခြင်းဖြင့် ရောင်းချခြင်း ဖြစ်ပါတယ်။
  • အသုံးပြုပြီးသား ပစ္စည်းများ ရောင်းချခြင်းနဲ့ စားသုံးသူမှ စားသုံးသူသို့ (C2C) ငွေလွှဲပြောင်းခြင်းမျိုးမှာ တွေ့ရများပါတယ်။

Dropshipping

  • တိုက်ရိုက် E-commerce အမျိုးအစားတစ်ခု ဖြစ်ပါတယ်shwedingar.com။ ဒါပေမယ့် ဒီမှာ ရောင်းချသူက ကုန်ပစ္စည်းကို တိုက်ရိုက်မထိတွေ့ပါဘူးshwedingar.com။ ပစ္စည်းတင်သွင်းသူက ရောင်းချသူရဲ့ ဖောက်သည်ထံကို တိုက်ရိုက်ပို့ပေးပါတယ်။
  • ဥပမာ ဖောက်သည်က အွန်လိုင်းဈေးဆိုင်မှ ဖိနပ်တစ်ရံ ဝယ်ယူပြီး အွန်လိုင်းဈေးဆိုင်ကို ငွေပေးချေလိုက်ပေမယ့် ဖိနပ်က အွန်လိုင်းဈေးဆိုင်မှာ အမှန်တကယ် မရှိပါဘူးshwedingar.com။ အွန်လိုင်းဈေးဆိုင်မှ ပစ္စည်းတင်သွင်းသူထံ ဖောက်သည်ရဲ့လိပ်စာဖြင့် ဖိနပ်ကို မှာယူပေးပါလိမ့်မယ်shwedingar.com။ ဈေးဆိုင်က ပစ္စည်းတင်သွင်းသူကို ငွေပေးချေမှာဖြစ်ပြီး ပစ္စည်းတင်သွင်းသူက ဖိနပ်ကို ဖောက်သည်ထံ တိုက်ရိုက်ပို့ပေးပါလိမ့်မယ်။

အပေါ်မှာ ဖော်ပြခဲ့တဲ့ E-commerce ပုံစံများကို လုပ်ငန်းမှ လုပ်ငန်းသို့ (B2B) ၊ လုပ်ငန်းမှ စားသုံးသူသို့ (B2C) ၊ စားသုံးသူမှ လုပ်ငန်းသို့ (C2B) နဲ့ စားသုံးသူမှ စားသုံးသူသို့ (C2C) များမှာ တွေ့နိုင်ပါတယ်။yes


အင်တာနက်အသုံးပြုသူ များလာတာနဲ့အမျှ စီးပွားရေးကလည်း အွန်လိုင်းသို့ တဖြည်းဖြည်း ပြောင်းလဲသွားပါလိမ့်မယ်။

E-commerce က ကျွန်တော်တို့ရဲ့ ရောင်းဝယ်တဲ့ပုံစံကို ပြောင်းလဲပေးနေပါတယ်shwedingar.com။ လုပ်ငန်းအသစ်များအတွက် အခွင့်အရေးများ ပေးနေသလိုပဲ ရှိပြီးသားလုပ်ငန်းများအတွက်လည်း လိုက်လျောညီထွေဖြစ်အောင် တွန်းအားပေးနေပါတယ်။

ecommerce ဆိုတာ ဘာလဲ အွန်လိုင်းဈေးဆိုင် အွန်လိုင်း အွန်လိုင်းငွေပေးချေမှု ငွေပေးချေမှု ငွေလွှဲ အွန်လိုင်းဈေးဝယ်ခြင်း အွန်လိုင်းမှဈေးဝယ်ခြင်း အွန်လိုင်းငွေလွှဲ ecommerce ဆိုတာ ဘာလဲ အွန်လိုင်းဈေးဆိုင် အွန်လိုင်း အွန်လိုင်းငွေပေးချေမှု ငွေပေးချေမှု ငွေလွှဲ အွန်လိုင်းဈေးဝယ်ခြင်း အွန်လိုင်းမှဈေးဝယ်ခြင်း အွန်လိုင်းငွေလွှဲ E-commerce online payment digital payment business sme electronic commerce

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။