တန်ဖိုးတွက်နှင့် စီမံခန့်ခွဲမှု စာရင်းပညာ (Financial vs Managerial accounting)
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
စာရင်းကိုင်ပညာဆိုတာ လုပ်ငန်းတစ်ခုရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ပြီး စိစစ်ချက်များ ပြုလုပ်ရတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
စာရင်းကိုင်ပညာမှာ အဓိကအားဖြင့် (၂) မျိုးရှိပါတယ်။
  • တန်ဖိုးတွက်စာရင်းပညာ (Financial Accounting)
  • စီမံခန့်ခွဲမှု စာရင်းပညာ (Managerial Accounting)
အဓိကအချက်များ
  • တန်ဖိုးတွက် စာရင်းပညာက အဖွဲ့အစည်း ပြင်ပလူများအတွက် အဓိကဖြစ်ပြီး စီမံခန့်ခွဲမှု စာရင်းပညာက အဖွဲ့အစည်း အတွင်းလူများအတွက် ဖြစ်ပါတယ်။
  • တန်ဖိုးတွက် စာရင်းပညာက နောက်ပြန်ကြည့်ရခြင်း သဘောမျိုးဖြစ်ပြီး စီမံခန့်ခွဲမှု စာရင်းပညာက ရှေ့ကိုကြိုမြင်ရခြင်း သဘောမျိုး ဖြစ်ပါတယ်။
123
တန်ဖိုးတွက်စာရင်းပညာဆိုတာ ဘာလဲ။
တန်ဖိုးတွက် စာရင်းပညာဆိုတာ အဖွဲ့အစည်း ပြင်ပလူများးအတွက် ဘဏ္ဍာရေးအချက်အလက်များကို ပြင်ဆင်ခြင်းနဲ့ အစီရင်ခံခြင်း လုပ်ဆောင်ချက်ဖြစ်ပါတယ်။
ပြင်ပမှ အသုံးပြုသူတွေထဲမှာ စည်းကမ်းထိန်းသိမ်းအဖွဲ့၊ အခွန်ရုံး၊ ချေးငွေထုတ်ပေးသူများနဲ့ ရှယ်ယာဝင်များ ပါဝင်နိုင်ပါတယ်။
အစီရင်ခံစာတွေကတော့ လုပ်ငန်းရဲ့ လုပ်ဆောင်ချက်နဲ့ ဘဏ္ဍာရေးကျန်းမာရေးကို ဖော်ပြပေးဖို့ ဖြစ်ပါတယ်finance။ ဒီအချက်အလက်တွေက ယေဘုယျအားဖြင့် နောက်ပြန်လှည့်ကြည့်ရတဲ့သဘောဖြစ်ပြီး မှန်ကန်တဲ့ အချက်အလက်များကိုသာ ဖော်ပြထားပါတယ်။
တန်ဖိုးတွက် စာရင်းပညာက မြန်မာနိုင်ငံ ဘဏ္ဍာရေး အစီရင်ခံခြင်းဆိုင်ရာစံများ (MFRS) စတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိရပါမယ်။
တန်ဖိုးတွက် စာရင်းပညာရဲ့ အစီရင်ခံချက်တွေက စုစုစည်းစည်းရှိပြီး ယေဘုယျကျပါတယ်။123
စီမံခန့်ခွဲမှု စာရင်းပညာဆိုတာဘာလဲ။
စီမံခန့်ခွဲမှု စာရင်းပညာဆိုတာ အဖွဲ့အစည်း အတွင်းလူများအတွက် ဘဏ္ဍာရေးအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ စိစစ်ရတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
ဒီအချက်အလက်များကို စီမံခန့်ခွဲမှုက ဗျူဟာစီမံကိန်း၊ ပန်းတိုင်တည်ဆောက်ခြင်းနဲ့ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းဆုံးဖြတ်ချက်များအတွက် အသုံးပြုပါတယ်။
အစီရင်ခံစာတွေက များသောအားဖြင့် ကြိုတင်ခန့်မှန်းချက်များ ပြုလုပ်ခြင်း စသဖြင့် တန်ဖိုးတွက်စာရင်းပညာထက် ပိုပြီး ရှေ့ကို ကြိုမြင်ရပါတယ်။ 
စီမံခန့်ခွဲမှု စာရင်းပညာက အတွင်းပိုင်း အသုံးပြုမှုအတွက် ဖြစ်တာကြောင့် အသုံးပြုမယ့်သူရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ပြုပြင်ပြောင်းလဲလို့ ရပါတယ်finance။ ကုမ္ပဏီနဲ့ ဌာနတစ်ခုချင်းစီမှာ ကွဲပြားမှုအမျိုးမျိုး ရှိနိုင်ပါတယ်။
ဒါကြောင့် စီမံခန့်ခွဲမှုစာရင်းပညာက တန်ဖိုးတွက်စာရင်းပညာထက် ပိုအသေးစိတ်ကျပြီး ပိုကျယ်ပြန့်ပါတယ်။
စီမံခန့်ခွဲမှုစာရင်းပညာမှာ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် တွက်ချက်ခြင်း၊ ငွေသားစီးဆင်းမှု စိစစ်ခြင်း၊ ကုန်စာရင်းအဝင်အထွက်စိစစ်ခြင်း၊ ရသုံးငွေစီမံခြင်း ရသုံးငွေစီမံခြင်းနဲ့ ကြိုတင်ခန့်မှန်းခြင်း အစရှိတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်နိုင်ပါတယ်။123
တန်ဖိုးတွက်နဲ့ စီမံခန့်ခွဲမှု စာရင်းပညာ နှစ်ခုလုံးက စာရင်းကိုင်ပညာရဲ့ မှတ်တမ်းသိမ်းဆည်းခြင်း ကဏ္ဍမှရရှိတဲ့ တူညီတဲ့ အချက်အလက်တွမှတစ်ဆင့် ရရှိလာတာပါ။
ဒါကြောင့် အတွင်း၊ အပြင် ရှယ်ယာရှင်များက တိကျပြီး ကောင်းမွန်စွာ ပြင်ဆင်ထားတဲ့ စာရင်းတွေအပေါ်ကို မှီခိုရပါတယ်။
လုပ်ငန်းတစ်ခုရဲ့ လုပ်ငန်းဆောင်ရွက်မှုကို စီမံဖို့နဲ့ အကောင်းဆုံး လုပ်ငန်းဆုံးဖြတ်ချက်များ ချနိုင်ဖို့အတွက် တန်ဖိုးတွက်နဲ့ စီမံခန့်ခွဲမှု စာရင်းပညာ နှစ်ခုလုံးက လုပ်ငန်းတိုင်းအတွက် အရေးကြီးပါတယ်။123
“တန်ဖိုးတွက် စာရင်းပညာနဲ့ စီမံခန့်ခွဲမှု စာရင်းပညာအကြောင်း” ဗီဒီယို
ရွှေဒင်္ဂါးအကယ်ဒမီရဲ့ စာရင်းကိုင်ပညာအကြောင်း မိတ်ဆက်သင်တန်းရဲ့ သင်ခန်းစာ ကြည့်ရန်နှိပ်ပါMorpheus
ဆောင်းပါးများ စုစည်းမှု –
SME များအတွက် စာရင်းကိုင်ပညာမိတ်ဆက်
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။