စာရင်းကိုင်အကူအညီရယူခြင်း – ခန့်ထားခြင်းနှင့် ပြင်ပအကူအညီ
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
အလုပ်များတဲ့ လုပ်ငန်းပိုင်ရှင်တွေအတွက်တော့ စာရင်းကိုင်ခြင်းက အချိန်ကုန်ပြီး ရှုပ်ထွေးတဲ့အရာတစ်ခု ဖြစ်နိုင်တာကြောင့် အခြားသူရဲ့ အကူအညီယူတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
ကိုယ်တိုင် စာရင်းကိုင်ခြင်းရဲ့ အားသာချက်နဲ့ အားနည်းချက်အကြောင်းကိုလည်း ဒီမှာလေ့လာလို့ ရပါတယ်။ 123
အဓိကအချက်များ
  • စာရင်းကိုင်အလုပ်ရဲ့ ဘယ်အပိုင်းတွေမှာ အကူအညီလိုအပ်လဲfinance။ တစ်ချို့ပဲလား၊ အကုန်လုံးလား။
  • တစ်ယောက်ယောက်ကို ခန့်ထားမလား၊ ပြင်ပအကူအညီယူမလား ဆိုတာ ကိုယ့်လုပ်ငန်းအနေအထားအရ လိုအပ်တဲ့ အကူအညီအဆင့် ကို ရှာကြည့်ပါ။
  • ခန့်ထားခြင်းနဲ့ အကူအညီတောင်းခြင်း နှစ်ခုလုံးမှာ အားသာချက်၊ အားနည်းချက် ရှိပါတယ်။
စာရင်းကိုင်နဲ့ ပတ်သက်ပြီး အကူအညီယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ထည့်သွင်းစဉ်းစားစရာများ ရှိပါတယ်။
ဘယ်လိုလုပ်ငန်းတာဝန်အပိုင်းမှာ အကူအညီလိုတာလဲ။
ပထမဆုံး ဘယ်လိုအလုပ်မျိုးအတွက် တစ်ခြားသူရဲ့ အကူအညီယူချင်လဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။
  • စာရင်းကိုင်စနစ် တည်ဆောက်ခြင်း
  • အထွေထွေ စာရင်းရေးခြင်း
  • တိကျတဲ့စာရင်းများအတွက် အကူအညီယူခြင်း (ဥပမာ – ပေးရန်ရှိစာရင်း)
  • ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်း
  • လုပ်ငန်းစိစစ်ခြင်း
  • အခွန်ကြေညာလွှာတင်သွင်းခြင်း
စာရင်းကိုင်ခြင်းရဲ့ အစိတ်အပိုင်း အမျိုးမျိုးအကြောင်းကို စာရင်းကိုင် လုပ်ငန်းစဉ်စက်ဝန်းမှာ ပြန်လည်လေ့လာနိုင်ပါတယ်။
ဒီဟာတွေထဲက တစ်ချို့တစ်လေဖြစ်ဖြစ် အကုန်လုံးကို ဖြစ်ဖြစ် အကူအညီ ရယူနိုင်ပါတယ်။
ဥပမာ ဆော့ဖ်ဝဲလ်အပါအဝင် စာရင်းကိုင်စနစ် တည်ဆောက်ဖို့အတွက် အကူအညီယူပြီး စာရင်းကိုတော့ ကိုယ်တိုင်ကိုင်တွယ်ခြင်းများ ပြုလုပ်နိုင်ပါတယ်။
ငွေအလွှဲအပြောင်း အမြောက်အများရှိတယ်ဆိုရင်လည်း အထွေထွေ စာရင်းရေးခြင်းအတွက် အကူအညီယူပြီး လုပ်ငန်းစိစစ်ခြင်းကိုတော့ ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။
ဥပမာ ပေးရန်ရှိစာရင်းတွေ အများကြီးရှိရင် ဒီတစ်ခုတည်းအတွက်ပဲလည်း အကူအညီ ယူနိုင်ပါတယ်။
ဒါမှမဟုတ် ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး သိပ်မကျွမ်းကျင်ဘူးဆိုရင် လုပ်ငန်းစဉ်အားလုံးအတွက်ပါ အကူအညီယူနိုင်ပါတယ်။123
ဘယ်အဆင့်လောက်ရှိတဲ့ အကူအညီမျိုးလဲ။
ဒုတိယအနေနဲ့ ဘယ်အဆင့်ရှိတဲ့ အကူအညီမျိုး လိုအပ်လဲဆိုတာကို စဉ်းစားရပါမယ်။
အကူအညီက အချိန်တိုင်းလိုအပ်လား သို့မဟုတ် သိချင်တဲ့ မေးခွန်းတွေက တစ်ခါတစ်လေမှ ရှိတာလား။
အကူအညီအဆင့်များအတွက် စာရင်းကိုင်နယ်ပယ်တစ်ခုလုံး ရှိပါတယ်။
  • အဖွဲ့အစည်းအတွင်း ခန့်ထားခြင်း
    • အချိန်ပိုင်း
    • အချိန်ပြည့်
  • ပြင်ပဝန်ဆောင်မှု
    • အကြံပေးပုဂ္ဂိုလ်
    • ပြင်ပအကူအညီ
စာရင်းကိုင်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတော်တော်များများ ရှိပါတယ်finance။ တစ်ချို့က အခြေခံစာရေး ဝန်ဆောင်မှု ပေးပါတယ်finance။ တခြားလုပ်ငန်းတွေကလည်း အကြံပေးခြင်းနဲ့ အခွန်ကြေညာလွှာတင်သွင်းခြင်း၊ လစာပေးခြင်းများ စတဲ့ ဝန်ဆောင်မှုများကို ပေးနိုင်ပါတယ်။123
အဖွဲ့အစည်းအတွင်းခန့်ထားမလား၊ ပြင်ပအကူအညီယူမလား။
နှစ်ခုလုံးအတွက် အားသာချက်၊ အားနည်းချက် ရှိပါတယ်finance။ ထည့်သွင်းစဉ်းစားရမှာလေးတွေကို ဖော်ပြထားပါတယ်။
အဖွဲ့အစည်းအတွင်း ငှားရမ်းမယ်ဆိုရင် ကိုယ့်ရဲ့ ဝန်ထမ်းတွေကို အနီးကပ်သေချာ စီမံခန့်ခွဲလို့ ရပါမယ်finance။ ဒါပေမယ့် စွမ်းရည်ရှိတဲ့သူကို ရှာဖွေဖို့နဲ့ ကိုယ့်လုပ်ငန်းထဲမှာ ဆက်လက်ဆွဲခေါ်ထားနိုင်ဖို့ကတော့ ဈေးကြီးပြီး ခက်ခဲနိုင်ပါတယ်။
ပြင်ပမှာဆိုရင် စာရင်းကိုင်ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီအများကြီး ရှိပါတယ်finance။ သူတို့က ရိုးရှင်းတဲ့ စာရင်းရေးခြင်းမှစပြီး စာရင်းကိုင်ခြင်း လုံးဝ ပြီးမြောက်တဲ့အထိ ဘယ်အကူအညီ အဆင့်ပဲဖြစ်ဖြစ် ကူညီပေးနိုင်ပါတယ်။
စာရင်းကိုင် ဝန်ဆောင်မှု ကုမ္ပဏီတွေက ဖောက်သည်အများကြီးနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက် လုပ်ငန်း ရေစီးကြောင်း၊ စည်းမျဉ်းများနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအတွင်း ငှားရမ်းထားတဲ့ စာရင်းကိုင်တွေထက်ပိုပြီး သိနိုင်ပါတယ်။
ဒါပေမယ့် ကောင်းပြီး ဈေးလည်းတတ်နိုင်လောက်မယ့် စာရင်းကိုင်ဝန်ဆောင်မှုကို ရှာဖွေရတာလည်း ဦးနှောက်ခြောက်စရာ ဖြစ်နိုင်ပါတယ်။123
ဒါဆိုရင် ဘာလိုအပ်လဲ။
လုပ်ငန်းတစ်ခုစီက ကွာခြားတဲ့အတွက် ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီမယ့်တစ်ခုကို စဉ်းစားဖို့က ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။
ကိုယ့်ရဲ့လုပ်ငန်းက ကြီးထွားလာပြီး ပြောင်းလဲနေတာနဲ့အမျှ စာရင်းကိုင် လိုအပ်ချက်တွေကလည်း ပြောင်းလဲနိုင်ပါတယ်။
လုပ်ငန်းငယ် တော်တော်များများအတွက်တော့ အချိန်ပြည့် စာရင်းကိုင်ဝန်ထမ်းကို ခန့်အပ်ဖို့ မလိုတာများပါတယ်financeစာရင်းကိုင်စနစ်တည်ဆောက်ဖို့နဲ့ လိုအပ်သလို အကူအညီပေးဖို့ အတွက်ပဲဆိုရင် ပြင်ပအကြံပေးတစ်ယောက်ရှိတာနဲ့တင် ပြည့်စုံနိုင်ပါတယ်။123
ဥပမာအချို့
ငွေအလွှဲအပြောင်း အများကြီးရှိတယ်ဆိုရင် စာရင်းတွေကို မှတ်တမ်းတင်ဖို့နဲ့ ထိန်းသိမ်းပေးဖို့အတွက် စာရင်းရေးတစ်ယောက် ငှားရမ်းတာက ဖြစ်သင့်ပါတယ်။ 
ဥပမာ ပေးရန်ရှိစာရင်း အများကြီးရှိရင် ပေးရန်ရှိစာရင်းအတွက် စာရေးတစ်ဦးခန့်ထားရုံနဲ့  အကူအညီဖြစ်နိုင်ပါတယ်။
တကယ်လို့ ဘဏ္ဍာရေးအချက်အလက်တွေကို နားလည်ဖို့ ခက်ခဲနေတယ်ဆိုရင် လုပ်ငန်းကို ထဲထဲဝင်ဝင် သိမြင်နိုင်တဲ့အချက်တွေနဲ့ အကြံဉာဏ်ပေးနိုင်တဲ့ စာရင်းကိုင်တစ်ယောက်ရဲ့ တိုင်ပင်အကြံပေးမှုကို ခံယူနိုင်ပါတယ်။
စာရေး၊ စာရင်းရေး နဲ့ စာရင်းကိုင်တွေက အလုပ်တာဝန်အမျိုးမျိုးကို လုပ်ဆောင်နိုင်ပါတယ်။123
စာရင်းကိုင်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်စာရင်းကိုင်ခြင်း အပါအဝင် ရွေးချယ်စရာ အများကြီး ရှိပါတယ်။
အကူအညီယူချင်တယ်ဆိုရင်တော့ တကယ်လိုအပ်တဲ့ အကူအညီအတွက်သာ အခကြေးပေးမိဖို့အတွက်  ဘယ်အပိုင်းမှာ အကူအညီလိုအပ်တယ်ဆိုတာကို သိဖို့လိုပါတယ်။123
ရွှေဒင်္ဂါးအကယ်ဒမီရဲ့ “စာရင်းကိုင်ပညာအကြောင်း မိတ်ဆက်” သင်တန်း – စာရင်းကိုင်ပညာအကြောင်း အခြေခံ အွန်လိုင်း ဗီဒီယိုများ ကြည့်ရန် နှိပ်ပါTrinity
ဆောင်းပါးများ စုစည်းမှု –
SME များအတွက် စာရင်းကိုင်ပညာမိတ်ဆက်
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။