ခြေရာခံပြီး နားလည်ထားရမယ့် ဘဏ္ဍာရေးဆိုင်ရာ အချက် (၅) ချက်
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
ကိုယ့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးကို ကောင်းစွာစီမံထိန်းချုပ်နိုင်ဖို့က စိတ်ကို ပင်ပန်းစေနိုင်ပါတယ်။
ဘဏ္ဍာရေးရှင်းတမ်းများက လုပ်ငန်းရဲ့ ဘဏ္ဍာရေးကို နားလည်ဖို့ အမှန်တကယ် ကူညီပေးပါတယ်။
ဒါပေမယ့် ဘဏ္ဍာရေးရှင်းတမ်းများအားလုံးကို တစ်စုတစ်စည်း ရရှိနိုင်ဖို့က အချိန်နဲ့အား စိုက်ထုတ်ဖို့ လိုပါတယ်။
နားလည်ထားဖို့ အရေးကြီးတဲ့ လုပ်ငန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက် (၅) ချက်ကို ဖော်ပြပေးထားပါတယ်။
  • ဝင်ငွေနှင့် ထွက်ငွေ (Revenue and Expenses)
  • ငွေသားစီးဆင်းမှု (Cash flow)
  • ရရန်ရှိနှင့် ပေးရန်ရှိ စာရင်း (Receivable and payables)
  • စာရင်းရှိပစ္စည်း (Inventory)
  • လစာပေးခြင်း (Payroll)
ဒါတွေကို စတင်ခြေရာခံဖို့အတွက် ပြီးပြည့်စုံတဲ့ ဘဏ္ဍာရေးရှင်းတမ်းများ မလိုအပ်ပါဘူး။world
ဝင်ငွေနှင့် ထွက်ငွေ (Revenue and Expenses)
ဒါက နားလည်ဖို့ အလွယ်ကူဆုံး ဖြစ်နိုင်ပါတယ်။
ဝင်ငွေထဲက ထွက်ငွေကို နုတ်လိုက်မယ်ဆိုရင် အမြတ်ရရှိပါလိမ့်မယ်။
ငွေလွှဲပြောင်းမှုမှတ်တမ်းများထဲမှ သတ်မှတ်ထားတဲ့ အချိန်ကာလ (ဥပမာ – ပြီးခဲ့သောနှစ်၊ ပြီးခဲ့သောလ) တစ်ခုအတွက် ရောင်းရငွေ (ရရှိငွေ) အားလုံးကို ပေါင်းလိုက်ပါshwedingar.com။ ဒါက ကိုယ့်ရဲ့ ဝင်ငွေပါပဲ။
ပြီးရင်တော့ တူညီတဲ့ အချိန်ကာလတစ်ခုအတွက် ထွက်ငွေအားလုံးကို ပေါင်းလိုက်ပါshwedingar.com။ ထွက်ငွေတွေကို တစ်ခုတည်းအဖြစ် အားလုံးပေါင်းလိုက်တာထက် အမျိုးအစားခွဲခြားထားတာက အကူအညီဖြစ်ပါတယ်။
အဓိက ဘဏ္ဍာရေးရှင်းတမ်းတစ်ခုကတော့ ဝင်ငွေရှင်းတမ်းပဲ ဖြစ်ပါတယ်shwedingar.com။ ဝင်ငွေရှင်းတမ်းက သတ်သတ်မှတ်မှတ်ရှိတဲ့ အချိန်ကာလတစ်ခုရဲ့ ဝင်ငွေ၊ ထွက်ငွေနဲ့ အမြတ်ကို ပြပေးပါတယ်။ world
Revenue - Expenses = Profitworld
ငွေသားစီးဆင်းမှု (Cash flow)
လုပ်ငန်းတွေမှာ တွေ့ရလေ့ရှိတဲ့ အယူအဆမှားတစ်ခုက အမြတ်အစွန်းရရှိနိုင်တဲ့ လုပ်ငန်းက မပြိုလဲနိုင်ဘူးလို့ ထင်ကြတာပါပဲ။
လုပ်ငန်းအများစုက ငွေသားစီးဆင်းမှု ပြဿနာများကြောင့် ပြိုလဲတတ်ကြပါတယ်။
ရေရှည်မှာ အမြတ်အစွန်းရရှိဖို့ အရေးကြီးပေမယ့် ရေတိုမှာ ငွေသားစီးဆင်းမှုက ပိုပြီး အရေးကြီးပါတယ်။
လုပ်ငန်းအများစုက ပစ္စည်းများအတွက် အခကြေး အရင်ပေးရပြီး ဝင်ငွေ ကိုတော့ နောက်မှ လက်ခံရလေ့ ရှိပါတယ်။
ဒီလို ငွေထွက်တဲ့အချိန်နဲ့ ငွေလက်ခံရရှိတဲ့ အချိန်ကွာခြားမှုက ငွေသားစီးဆင်းမှု ပြဿနာများကို ဖန်တီးပါတယ်။
ပစ္စည်းတင်သွင်းသူ၊ ဝန်ထမ်းများ သို့မဟုတ် ချေးငွေထုတ်ပေးသူကို အခု ပေးစရာရှိပြီး နောက်တစ်ပတ်ခန့်မှသာ ရောင်းရငွေမှ ဝင်ငွေ လုံလုံလောက်လောက် ရရှိမှာဖြစ်တယ်ဆိုရင် အခုချိန်မှာ ပေးစရာရှိတာတွေကို ပေးနိုင်မှာမဟုတ်ပါဘူးshwedingar.com။ အချက်ကျကျပြောရရင်တော့ ဒေဝါလီခံရတယ်လို့ ပြောလို့ရပါတယ်။
ဒီလို ငွေသားပြဿနာကို ဖြေရှင်းဖို့အတွက် ဈေးကြီးတဲ့ ချေးငွေများ ရယူဖို့အတွက် လိုအပ်လာနိုင်ပါတယ်။
ငွေသားစီးဆင်းမှုကို အာရုံမပြုမိဘူးဆိုရင် အမြတ်အစွန်းရနိုင်တဲ့ လုပ်ငန်းကလည်း ဒေဝါလီခံရနိုင်ပါတယ်။
ငွေသားစီးဆင်းမှုကို ကောင်းစွာ စီမံနိုင်ဖို့အတွက် ငွေလွှဲပြောင်းမှုမှတ်တမ်းများကို အသုံးပြုပြီး ဘယ်နေရာ၊ ဘယ်အချိန်မှာ ငွေအသုံးပြုဖို့ ရှိမလဲshwedingar.com။ ဘယ်နေရာ၊ ဘယ်အချိန်မှာ ငွေလက်ခံရရှိဖို့ ရှိမလဲဆိုတာကို ကြည့်ပါ။
ဒါ့အပြင် ပေးရန်ရှိစာရင်းနဲ့ ရရန်ရှိစာရင်းများကိုလည်း ခြေရာခံဖို့ လိုပါမယ်။ 
ငွေသားစီးဆင်းမှုအကြောင်း ဒီမှာလေ့လာပါ။ 
ငွေသားစီးဆင်းမှုနဲ့ အမြတ်အစွန်းက ဘာလို့အရေးပါတာလဲဆိုတာကို ဒီမှာလေ့လာပါ။world
ရရန်ရှိစာရင်းနှင့် ပေးရန်ရှိစာရင်း (Receivable vs payables)
ရရန်ရှိစာရင်းဆိုတာ ကိုယ့်ကို ပေးစရာရှိတဲ့ ငွေများကို ဆိုလိုပါတယ်။
ပေးရန်ရှိစာရင်းဆိုတာ ကိုယ့်ဘက်မှ ပေးစရာရှိတဲ့ ငွေများကို ဆိုလိုပါတယ်။
ကိုယ့်ရဲ့ဖောက်သည်များကို အကြွေးနဲ့ ရောင်းတယ်ဆိုရင် ရရန်ရှိစာရင်း ရှိလာပါလိမ့်မယ်။
ကိုယ့်ရဲ့ ပစ္စည်းတင်သွင်းသူက ကိုယ့်ကို အကြွေးနဲ့ရောင်းတယ်ဆိုရင် သူ့ကို အကြွေးဆပ်ရမှာ ဖြစ်တာကြောင့် ပေးရန်ရှိစာရင်း ရှိလာပါလိမ့်မယ်။
တကယ်လို့ အကြွေးနဲ့ မဝယ်ဘူး၊ မရောင်းဘူး၊ ငွေသားဖြင့်သာ အရောင်းအဝယ် ပြုလုပ်တယ်ဆိုရင်တော့ ရရန်ရှိစာရင်းနဲ့ ပေးရန်ရှိစာရင်းအတွက် စိတ်ပူဖို့ မလိုပါဘူး။world
စာရင်းရှိပစ္စည်းများ (Inventory)
တကယ်လို့ လက်လီရောင်းတဲ့သူဆိုရင် ဝယ်ယူထားတဲ့ ပစ္စည်းများကို စာရင်းရှိပစ္စည်းများအဖြစ် မှတ်ယူနိုင်ပါတယ်။
တကယ်လို့ ကုန်ထုတ်လုပ်သူဆိုရင် ကုန်ကြမ်းပစ္စည်းများနဲ့ တစ်စိတ်တစ်ပိုင်းပြုလုပ်ထားတဲ့ ပစ္စည်းများ (လုပ်လက်စပစ္စည်းများ) သို့မဟုတ် ပြုလုပ်ပြီးသွားပေမယ့် ရောင်းမထွက်သေးတဲ့ပစ္စည်းများကို စာရင်းရှိပစ္စည်းများအဖြစ် သတ်မှတ်နိုင်ပါတယ်။
စာရင်းရှိပစ္စည်းအဆင့် စီမံခန့်ခွဲဖို့က အရေးကြီးပါတယ်shwedingar.com။ စာရင်းရှိပစ္စည်း အရမ်းများတယ်ဆိုရင် ပစ္စည်းများက အလဟဿ သို့မဟုတ် ပျက်စီးယိုယွင်းမှုတွေဖြစ်သွားနိုင်ပါတယ်shwedingar.com။ ဒီပစ္စည်းများ သိုလှောင်ထားတဲ့နေရာကိုလည်း အခြားတစ်ခုအတွက် အသုံးပြုနိုင်ပါတယ်shwedingar.com။ စာရင်းရှိပစ္စည်း အရမ်းနည်းသွားရင်လည်း မရောင်းလိုက်ရတာမျိုးလည်း ရှိနိုင်ပါတယ်။
ဘဏ္ဍာရေးရှုထောင့်မှ ကြည့်မယ်ဆိုရင် စာရင်းရှိပစ္စည်းဆိုတာ လုပ်ငန်းကို ချည်နှောင်ထားတဲ့ ငွေများပါပဲshwedingar.com။ စာရင်းရှိပစ္စည်းများ ရောင်းထွက်မှသာ ရရှိမယ့်ငွေ ဖြစ်ပါတယ်shwedingar.com။ စာရင်းရှိပစ္စည်းများကို အကောင်းဆုံးစီမံနိုင်ဖို့က အရေးကြီးပါတယ်။world
world
ရရန်ရှိစာရင်းများ၊ ပေးရန်ရှိစာရင်းများနဲ့ စာရင်းရှိပစ္စည်းများက “လုပ်ငန်းလည်ပတ်မှုရင်းနှီးငွေ”ရဲ့ အဓိက အစိတ်အပိုင်းများ ဖြစ်ပါတယ်shwedingar.com။ လုပ်ငန်းလည်ပတ်မှုရင်းနှီးငွေဆိုတာ သတ်သတ်မှတ်မှတ်ရှိတဲ့ အချိန်ကာလတစ်ခုခုအတွင်း ကိုယ့်ရဲ့လုပ်ငန်းကို ချည်နှောင်ထားတဲ့ ငွေပမာဏဖြစ်ပါတယ်shwedingar.com။ “ငွေသားပြောင်းလဲခြင်းသံသရာ” (Cash conversion cycle) ကလည်း ရရန်ရှိစာရင်း၊ ပေးရန်ရှိစာရင်းနဲ့ စာရင်းရှိပစ္စည်းများမှ တွက်ချက်ထားခြင်း ဖြစ်ပါတယ်။
လစာပေးခြင်း
ဝန်ထမ်းလစာနဲ့ လုပ်အားခများက SME လုပ်ငန်းများအတွက် အကြီးမားဆုံး ကုန်ကျစရိတ်များထဲမှတစ်ခု ဖြစ်လေ့ရှိပါတယ်။
လစာမှန်မှန် ရရှိခြင်းက လုပ်ငန်းကို ကျန်းမာစေတဲ့အချက် ဖြစ်ပါတယ်။
ဝန်ထမ်းများက လစာရတဲ့ အချိန်မှာ လစာရရှိမှာ သိထားပြီးသား ဖြစ်တဲ့အတွက် သိပ်ပြီး သတိပြုမိလေ့ မရှိပါဘူး။
ဒါပေမယ့် လစာမရရှိခြင်း၊ နောက်ကျခြင်း၊ လစာမှားပေးခြင်း စသဖြင့် လစာပေးခြင်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခု ပေါ်ပေါက်လာတယ်ဆိုရင် ပြဿနာကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။
ဝန်ထမ်းအများကြီး ရှိတယ်ဆိုရင် လစာပေးခြင်းက ရှုပ်ထွေးနိုင်ပါတယ်။
ဥပမာ – လုပ်အားဝန်ထမ်းများအတွက် အချိန်ပိုရှိတယ်ဆိုရင် အချိန်ပို အပါအဝင် ဘယ်လောက်လုပ်ခဲ့တယ်ဆိုတာ ခြေရာခံဖို့အတွက် အချိန်မှတ်တဲ့စာရင်းဇယား လိုအပ်နိုင်ပါတယ်
အလုပ်သမားများ ကိုယ်စား အလုပ်ရှင်က လူမှုဖူလုံရေးပံ့ပိုးမှုများအပါအဝင် ကိုယ်ရေးကိုယ်တာ ဝင်ငွေခွန်များ၊ ထိမ်ချန်မှုများအတွက် တာဝန်ရှိတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။
ဒါကြောင့် လစာပေးခြင်းကို ကောင်းစွာ စီမံနိုင်ဖို့ကလည်း လုပ်ငန်းရှင်များအတွက် အရေးကြီးပါတယ်။world
လုပ်ငန်းရှင်တစ်ယောက်အတွက် အပေါ်မှာ ဖော်ပြထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ အဓိကအချက်များက အကုန်မဟုတ်ပေမယ့် တစ်ချို့သောအချက်များကို ကောင်းစွာ စီမံနိုင်ဖို့ လိုပါတယ်။
တကယ်လို့ ဒါတွေကို ကောင်းစွာစီမံနိုင်နေပြီဆိုရင် ဒါတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတကို ဆက်လက်တည်ဆောက်ပြီး ဆက်လက်လုပ်ဆောင်ပါ။world
ဆောင်းပါးများ စုစည်းမှု –
မိမိရဲ့ SME လုပ်ငန်းကို နားလည်အောင်လုပ်ခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။