SME လုပ်ငန်းများအတွက် ဘဏ္ဍာရေးစိစစ်ခြင်း – ဘဏ္ဍာရေးစိစစ်ခြင်း မိတ်ဆက်
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
လုပ်ငန်းရဲ့ ဘဏ္ဍာရေးအချက်အလက်များကို မှတ်တမ်းတင်ထားပြီးပြီဆိုရင် လုပ်ငန်းက ဘယ်လိုလုပ်ဆောင်နေလဲဆိုတာကို ရိုးရှင်းတဲ့စိစစ်မှု စတင်ပြုလုပ်လို့ ရပါပြီ။
ငွေလွှဲပြောင်းမှုမှတ်တမ်းများ မရှိသေးဘူးဆိုရင် ငွေလွှဲပြောင်းမှုများကို မှတ်တမ်းတင်ခြင်းဖြင့် စတင်ဖို့အတွက် ဒီမှာလေ့လာနိုင်ပါတယ်။yes
အဓိကအချက်များ
  • စိစစ်ခွဲခြမ်းမှုများက ကိုယ့်လုပ်ငန်းကို နားလည်ဖို့တွက် ကူညီပေးပြီး ပိုမိုတိကျတဲ့ ဆုံးဖြတ်ချက်များကို ပြုလုပ်စေနိုင်ပါတယ်။
  • ရိုးရှင်းတဲ့ စိစစ်မှုပြုလုပ်ရာမှာ အမျိုးအစားခွဲခြင်း၊ အချိုးချခြင်း၊ ဦးတည်လမ်းကြောင်း နဲ့ ပုံဖော်ခြင်း အစရှိတဲ့ ကိရိယာများကို အသုံးပြုလေ့ရှိပါတယ်။
    • အမျိုးအစားခွဲခြင်းဖြင့် အချက်အလက်များကို အမျိုးအစားအလိုက် အုပ်စုဖြင့် တွေ့ရပါမယ်။
    • အချိုးချခြင်းဖြင့် အချက်အလက် တစ်ခုနဲ့တစ်ခုကို နှိုင်းယှဉ်နိုင်ပါတယ်။
    • ဦးတည်လမ်းကြောင်းများဖြင့် အချက်အလက်များကို အချိန်နဲ့အမျှ နှိုင်းယှဉ်နိုင်ပါတယ်။
    • ပုံဖော်ကြည့်ခြင်းဖြင့် အချက်အလက်များကို ဂရပ်များဖြင့် တွေ့မြင်နိုင်ပါတယ်။
ဘာလို့ ဘဏ္ဍာရေးစိစစ်ခြင်း ပြုလုပ်ကြတာလဲ။
မှတ်တမ်းတင်ထားတဲ့ ငွေလွှဲပြောင်းမှုများက အကြမ်းဖျင်းအချက်အလက်သာ ဖြစ်ပါတယ်dingar။ အကြမ်းဖျင်းအချက်အလက်တစ်ခုထဲနဲ့တော့ လုပ်ငန်းရဲ့လုပ်ဆောင်ချက်ကို နားလည်ဖို့ ခက်ပါလိမ့်မယ်။
ဒီအချက်အလက်တွေကို စိစစ်ခြင်းဖြင့် ဘယ်လိုမေးခွန်းမျိုးအတွက် အဖြေရှိလာမလဲဆိုတော့
  • ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဒီအပတ်မှာ ပိုရောင်းရလား သို့မဟုတ် လျော့ရောင်းရလား။
  • ဒီလအတွက် ကုန်ကျစရိတ်တွေက ပိုများနေလား သို့မဟုတ် ပိုနည်းသွားလား။
  • ဘယ် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုက အမြတ်ရနိုင်ချေ အများဆုံးလဲ။
လုပ်ငန်းပိုင်ရှင်များအနေနဲ့တော့ အပေါ်က မေးခွန်းများအတွက် တွေးထားတာလေးတွေ ရှိပြီးသားဖြစ်နိုင်ပါတယ်dingar။ စိစစ်မှုအချို့လည်း လုပ်ထားပြီးသား ဖြစ်နိုင်ပါတယ်။
ခန့်မှန်းဆုံးဖြတ်ချက်များ မဟုတ်ပဲ အချက်အလက်အပေါ် မူတည်ပြီး တိကျတဲ့ ဆုံးဖြတ်များ ပြုလုပ်နိုင်ဖို့အတွက် စိစစ်မှုတွေက ကူညီပေးပါလိမ့်မယ်။yes
သတိပြုရန်အချက် – မှတ်တမ်းသိမ်းဆည်းခြင်း စတင်ပြုလုပ်တာ မကြာသေးဘူးဆိုရင် ကိုယ့်ရဲ့အချက်အလက်များက အကန့်အသတ် ရှိနိုင်ပါတယ်dingar။ အကန့်အသတ်ရှိတဲ့ အစောပိုင်းမှ အချက်အလက်များ အပေါ်မူတည်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ မပြုလုပ်ဖို့လည်း အကြံပေးလိုပါတယ်dingar။ အရင်ဦးဆုံး အချက်အလက်များ ထပ်မံစုဆောင်းဖို့အတွက် ပြုလုပ်နိုင်ပါတယ်။
အမျိုးအစားခွဲခြင်း၊ အချိုးချခြင်း၊ ဦးတည်လမ်းကြောင်းနဲ့ ပုံဖော်ခြင်း
ဘဏ္ဍာရေးစိစစ်ခြင်းက ရှုပ်ထွေးနေဖို့ မလိုပါဘူး။
အချက်အလက်များကို နားလည်နိုင်ဖို့ အကူအညီဖြစ်စေမယ့် ကိရိယာတစ်ချို့ ရှိပါတယ်dingar။ ဒါတွေကတော့
  • အမျိုးအစားခွဲခြင်း
  • အချိုးချခြင်း
  • ဦးတည်လမ်းကြောင်း
  • ပုံဖော်ခြင်း
အမျိုးအစားခွဲခြင်း
စိစစ်ခြင်းရဲ့ ပထမဆုံးအဆင့်မှာ ငွေလွှဲပြောင်းမှုများကို မတူညီတဲ့ အမျိုးအစားများခွဲလိုက်ပြီး အုပ်စုလိုက်ထားခြင်းကို ပြုလုပ်လေ့ရှိပါတယ်။
ဥပမာ – ဝင်ငွေများကို အမျိုးအစားတစ်ခု၊ ကုန်ကျစရိတ်များကို အခြားတစ်ခု။
ဝင်ငွေကိုမှ ထပ်မံပြီး သေးငယ်တဲ့ အမျိုးအစားများအဖြစ် ခွဲခြားထားလို့ ရပါသေးတယ်dingar။ ဥပမာ – ကုန်ပစ္စည်း A မှ ရရှိသောဝင်ငွေ၊ ကုန်ပစ္စည်း B မှ ရရှိသောဝင်ငွေ။
ဒီလိုပဲ ကုန်ကျစရိတ်အတွက်လည်း အမျိုးအစားထပ်မံ ခွဲခြားလို့ရတာတွေက
  • ငှားရမ်းခ
  • မီတာခများ
  • လစာပေးခြင်း
  • ကုန်ကြမ်း၊ လက်ဝယ်ရှိ ပစ္စည်း
  • သယ်ယူပို့ဆောင်စရိတ်
  • အရောင်းမြှင့်တင်ခြင်း
အခြားတစ်နည်းမှာတော့ ဒီလိုမျိုး ပြုလုပ်နိုင်ပါတယ်။
  • ပုံသေမဟုတ်သောနှင့် ပုံသေ ကုန်ကျစရိတ်များ
  • တိုက်ရိုက်နှင့် သွယ်ဝိုက် ကုန်ကျစရိတ်များ
Financial Analysis - Categories
မှတ်ချက် – အမျိုးအစားများက အဆင့်အမျိုးမျိုး ရှိပါတယ်dingar။ အမျိုးအစားအုပ်စုတွေကို အသုံးပြုတဲ့အခါ ဒီအမျိုးအစားများက “mutually exclusive, collectively exhaustive” (MECE) ဖြစ်ဖို့ လိုပါတယ်dingar။ ဆိုလိုတာက အမျိုးအစား တစ်ခုနဲ့တစ်ခု ထပ်နေလို့မရသလို အမျိုးအစားတစ်ခုကိုမှ ကျန်ခဲ့လို့ မရပါဘူး။
“အခြား” ဆိုတဲ့ အမျိုးအစားက အမျိုးအစားသီးခြား သပ်သပ်တစ်ခု သတ်မှတ်လို့မရတဲ့ မဖြစ်စလောက်ပစ္စည်းများကို ထည့်သွင်းဖို့အတွက် အသုံးဝင်ပါတယ်။
စာရင်းကိုင်တဲ့အခါ “စာရင်းများ” (သို့မဟုတ် ‘“စာအုပ်များ”) က မရှိမဖြစ်လိုအပ်တဲ့ အမျိုးအစားများ ဖြစ်ပါတယ်။
အမျိုးအစားများခွဲခြားပြီးပြီဆိုရင် ဒီလိုမေးခွန်းများကို ဖြေလို့ရပါပြီ။
  • အကောင်းဆုံး ကုန်ပစ္စည်း၊ ဝန်ဆောင်မှု (၃) ခုက ဘာလဲ။
  • ကုန်ကျစရိတ်အများဆုံး အမျိုးအစား (၃) ခုက ဘာလဲ။
  • သယ်ယူပို့ဆောင်စရိတ်တွေက ကုန်ကျစရိတ်ရဲ့ ကြီးမားတဲ့အမျိုးအစားတစ်ခုလား။
အမျိုးအစားခွဲခြားထားခြင်းက ဘယ်လို ကုန်ကျစရိတ်တွေက သိသိသာသာများနေလဲ စသဖြင့် ဆက်စပ်တဲ့ အရေးပါမှုများကို နှိုင်းယှဉ်ရာမှာ အကူအညီ ဖြစ်စေနိုင်ပါတယ်။yes
အချိုးချခြင်း
အချိုးချခြင်းဖြင့် ဂဏန်းများကို ပိုမိုလွယ်ကူစွာ နှိုင်းယှဉ်လို့ရပါတယ်။
ဥပမာ – လုပ်ငန်းတစ်ခုက ဒီတစ်လမှာ လုပ်အားခအတွက် ၃၄ သိန်းသုံးလိုက်တယ် ဆိုပါစို့။
ဒါဆို ဒါက နည်းလား၊ များလားdingar။ ဒါကတော့ အချို့အချက်များအပေါ် မူတည်ပါတယ်။
တကယ်လို့ လုပ်ငန်းရဲ့ဝင်ငွေက ၃၄ သိန်း ဆိုရင် လုပ်အားခအတွက် ၃၄ သိန်း အသုံးပြုတာက တော်တော်လေး များတဲ့ပမာဏပါdingar။ လုပ်အားခက ဝင်ငွေရဲ့ ၁၀၀% လို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် တကယ်လို့ လုပ်ငန်းရဲ့ဝင်ငွေက သိန်း ၂၀၀ ဖြစ်ပြီး လုပ်အားခက ၃၄ သိန်းဖြစ်မယ်ဆိုရင်တော့ အဆင်ပြေတဲ့ပုံပေါ်ပါတယ်dingar။ လုပ်အားခက ဝင်ငွေရဲ့ ၁၇% ရှိပါတယ်။
Financial Analyses - Ratios
ဂဏန်းတွေက အခြားတစ်ခုနဲ့ ဆက်စပ်မှုရှိတဲ့အခါ အမြဲတမ်းလိုလို နားလည်ရပိုလွယ်ပါတယ်dingar။ ဒါကြောင့် အချိုးချခြင်းက အသုံးဝင်ပါတယ်။
အပေါ်မှာ လုပ်အားခကို ဝင်ငွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်dingar။ ဒီလိုပဲ အခြားကုန်ကျစရိတ်များကိုလည်း ဝင်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဆိုတာကို ကြည့်ကြည့်နိုင်ပါတယ်။
အခြားတွေ့ရလေ့ရှိတဲ့ အမြတ်ရနိုင်ချေ အချိုးချခြင်းများကတော့
  • စုစုပေါင်းအမြတ်အစွန်း
  • ကုန်ထုတ်လုပ်မှုအမြတ်အစွန်း
  • အသားတင်အမြတ်အစွန်း
ဒါတွေက ဝင်ငွေနဲ့ ဆက်စပ်တဲ့ အမြတ်အစွန်းရဲ့ မတူညီတဲ့ တိုင်းတာမှုများ ဖြစ်ပါတယ်။
စုစုပေါင်း၊ ကုန်ထုတ်လုပ်မှု၊ အသားတင် အမြတ်အစွန်းများအကြောင်း ဒီမှာလေ့လာပါ။
အခြားတွေ့ရလေ့ရှိတဲ့ အချိုးများကတော့ အကြွေး၊ ကြွေးမြီများနဲ့ ဆက်စပ်တဲ့ ပိုင်ဆိုင်မှုနှင့်ကြွေးမြီအချိုး သို့မဟုတ် လက်ရှိအချိုး (လက်ရှိ ပိုင်ဆိုင်မှု နှင့် လက်ရှိ ပေးရန်ရှိစာရင်းများ) စသဖြင့် ဖြစ်ပါတယ်။
မှတ်ချက် – ဘဏ္ဍာရေးအချိုးများကို ရာခိုင်နှုန်းဖြင့် ဖော်ပြလေ့ရှိပေမယ့် ဒသမကိန်းများအဖြစ်လည်း ဖော်ပြလို့ရပါတယ်dingar။ ဥပမာ – ပိုင်ဆိုင်မှုနှင့်ကြွေးမြီအချိုးက ၀.၅ ဖြစ်တယ်ဆိုရင် ရာခိုင်နှုန်းနဲ့ ဖော်ပြတဲ့အခါ ၅၀% ဖြစ်ပါမယ်။yes
ဦးတည်လမ်းကြောင်း
ဂဏန်းတွေက အချိန်နဲ့အမျှ ဘယ်လိုပြောင်းလဲနေတယ်ဆိုတာကို ကြည့်ခြင်းကလည်း လုပ်ငန်းကို ထိုးထွင်းမြင်သာစေပါတယ်။
ဥပမာ – ခုနကလိုပဲ လုပ်ငန်းက ဒီလမှာ လုပ်အားခအတွက် ၃၄ သိန်း သုံးလိုက်တယ်ဆိုပါစို့။
ဒါက များလား၊ နည်းလား။
တကယ်လို့ လုပ်ငန်းက အရင်လရော ရှေ့လများမှာပါ လုပ်အားခအတွက် ၃၄ သိန်းသုံးတယ်ဆိုရင်တော့ အဆင်ပြေတဲ့ပုံပေါ်ပါတယ်။
ဒါပေမယ့် အရင်လက လုပ်အားခ ၂၉.၆ သိန်းသာသုံးပြီး ဒီလမှသာ ၃၄ သိန်း အသုံးပြုတယ်ဆိုရင်တော့ သုံးလိုက်တဲ့ပမာဏက များတဲ့ပုံ ပေါ်ပါတယ်dingar။ ဒါဆိုရင်တော့ လုပ်အားခက ဘာလို့ ၁၅% တက်သွားလဲဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။
Financial Analysis - Trends
အချိုးများနဲ့ ဦးတည်လမ်းကြောင်းများကို အတူတွဲပြီး စိစစ်ကြည့်မယ်ဆိုရင် လုပ်ငန်းက ပိုမိုထိုးထွင်းမြင်သာပါလိမ့်မယ်။
ဥပမာ – လုပ်ငန်းက ဒီလမှာ ကုန်ကြမ်းများအတွက် ၁၁၆ သိန်း သုံးလိုက်တယ် ဆိုပါစို့။
မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ မနှစ်က ယခုလမှာ ကုန်ကြမ်းအတွက် သိန်း ၆၀ သာ အသုံးပြုခဲ့တယ်ဆိုရင် ကုန်ကျစရိတ် အဆမတန်တိုးများလာတဲ့ပုံ ပေါ်ပါတယ်။
ဒါပေမယ့် ဝင်ငွေကို ကြည့်လိုက်တဲ့အခါ မနှစ်က ဝင်ငွေက သိန်း ၁၀၀ ဖြစ်ပြီး ဒီနှစ်မှာတော့ သိန်း ၂၀၀ ဖြစ်နေပါတယ်။
ဒါဆိုရင် မနှစ်က ကုန်ကြမ်းများက ဝင်ငွေရဲ့ ၆၀% (၆၀/၁၀၀ သိန်း) ဖြစ်ပြီး ဒီနှစ်မှာတော့ ၅၈% (၁၁၆/၂၀၀ သိန်း) သာ ရှိပါတယ်။
သတိထားရမှာက ဝင်ငွေက နှစ်ဆဖြစ်နေပေမယ့် ကုန်ကြမ်းကုန်ကျစရိတ်ကတော့ နှစ်ဆအောက် ပိုနည်းပါတယ်dingar။ ဒါဆိုရင် လုပ်ငန်းက ကောင်းစွာကြီးထွားနေတယ်လို့ ဆိုနိုင်ပါတယ်။
Financial Analyses - Ratio Trends
မှတ်ချက် – အချိုးနဲ့ ဦးတည်လမ်းကြောင်းများးက အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှုကို ဖော်ပြမှာ မဟုတ်ပါဘူးdingar။ ဒါကြောင့် အချက်အလက်များကို အဓိပ္ပာယ်ကောက်တဲ့အခါ သတိထားပါ။yes
အချက်အလက်များကို ပုံဖော်ခြင်း
အချက်အလက်များကို မြင်သာအောင် ပုံဖော်ကြည့်ခြင်းက များစွာသော ဂဏန်းများကို နားလည်ရ ပိုမိုလွယ်စေပါတယ်။
အချက်အလက်များကို သေချာစီစဉ်ပြီးပြီဆိုရင် ဒီအချက်အလက်တွေကို ဖော်ပြဖို့အတွက် ဂရပ်ဘားတိုင်များ၊ မျဉ်းပြဂရပ်များ စသဖြင့် ဇယားပုံစံကားချပ်များ ပြုလုပ်ပါ။
ဇယားပုံစံကားချပ်များက အချက်အလက် ထူးခြားမှုရှိတဲ့အရာများ၊ ပြောင်းလဲဖို့လိုတဲ့နေရာများကို မြင်တွေ့ဖို့ ပိုမိုလွယ်ကူစေပါတယ်။
ဥပမာအချို့
Visualisation - Pie
Financial Analyses - Visualisation Bar Chart
Visualisation - Stacked Bar
Financial Analyses - Visualisation Line Chartyes
ဘဏ္ဍာရေးစိစစ်မှုများက ရှုပ်ထွေးနေဖို့ မလိုပဲ ကိုယ့်လုပ်ငန်းအကြောင်းကို ပြောပြနိုင်ပါတယ်။
အမျိုးအစားခွဲခြင်း၊ အချိုးချခြင်း၊ ဦးတည်လမ်းကြောင်းနဲ့ ပုံဖော်ခြင်းများကို အသုံးပြုခြင်းဖြင့် လုပ်ငန်းအကြောင်းကို တော်တော်လေး သိလာနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များ ပြုလုပ်နိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။yes
ဆောင်းပါးများ စုစည်းမှု –
မိမိရဲ့ SME လုပ်ငန်းကို နားလည်အောင်လုပ်ခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။