ချေးငွေထုတ်ပေးသူအမျိုးအစားအလိုက် SME ချေးငွေများ
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
SME ဘဏ္ဍာငွေရရှိရန် ဘက်စုံချဉ်းကပ်မှုအတွက် ကျွန်တော်တို့ရဲ့ SME ဘဏ္ဍာငွေရှာဖွေခြင်းလမ်းညွှန်ကို အရင်ဆုံးဖတ်ကြည့်ဖို့ အကြုံပြုချင်ပါတယ်။world
မတည်ရင်းနှီးငွေရှာဖွေခြင်းအတွက် SME လုပ်ငန်းများ လျှောက်ထားနိုင်တဲ့ လိုင်စင်ရ ချေးငွေထုတ်ပေးသူ အမျိုးမျိုး ရှိပါတယ်။
အဓိက (၄) မျိုးကတော့
အခြား ချေးငွေထုတ်ပေးသူများကတော့ အပေါင်ဆိုင်များ၊ လိုင်စင်မဲ့ ချေးငွေထုတ်ပေးသူများ နဲ့ ပစ္စည်းတင်သွင်းသူများ ပါဝင်ပါတယ်။world
SME Loans Lender Typesworld
အစိုးရပံ့ပိုးချေးငွေများ
ချေးငွေထုတ်ပေးသူအမျိုးအစားအဖြစ် မဟုတ်ပေမယ့် အစိုးရ သို့မဟုတ် ပြည်ပမှ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများက ပံ့ပိုးကူညီတဲ့ ချေးငွေများ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့်တော့ အတိုးအသက်သာဆုံး ရရှိနိုင်တဲ့ ချေးငွေများဖြစ်ပေမယ့် လိုအပ်ချက်နဲ့ လျှောက်ထားမှုလုပ်ငန်းစဉ်များက တော်တော်လေး တင်းကြပ်ပါတယ်။
ဒီချေးငွေများကို မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နဲ့ ရွေးချယ်ထားတဲ့ ပုဂ္ဂလိကဘဏ်များ စတဲ့ ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများမှ စီမံခန့်ခွဲကြပါတယ်။
လောလောဆယ်မှာတော့ ပရိုဂရမ်တစ်ချို့ရှိပြီး အောက်ဖော်ပြပါပရိုဂရမ်တွေလည်း ပါဝင်ပါတယ်Trinity
  • JICA နှစ်ဆင့်ချေးငွေ (TSL) စီမံကိန်းအဆင့်-၂
  • KfW ချေးငွေ
  • MADB စိုက်ပျိုးရေးချေးငွေများ
အစိုးရပံ့ပိုးချေးငွေများအကြောင်း ဒီမှာလေ့လာပါ။world
ဘဏ်များ
အစိုးရဘဏ် (၄) ခုနဲ့ ပုဂ္ဂလိကဘဏ်ပေါင်း (၂၀) ကျော်က ချေးငွေအမျိုးမျိုးကို ထုတ်ချေးပေးလျက်ရှိပါတယ်။
ဘဏ်တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က ကြီးကြပ်ပါတယ်။
ယေဘုယျအားဖြင့် ပုဂ္ဂလိကဘဏ်တွေမှာ ကာလသတ်မှတ်ချေးငွေ၊ အငှားဝယ်ယူစနစ်ချေးငွေ၊ စာရင်းပိုထုတ်ချေးငွေများ အပါအဝင် SME လုပ်ငန်းများအတွက် ချေးငွေအများဆုံး ရှိပါတယ်shwe။ ကြီးမားတဲ့ချေးငွေများကိုလည်း ထုတ်ချေးပေးနိုင်ပါတယ်။
ဒါပေမယ့် ဘဏ်တွေက လုပ်ငန်းရဲ့ ၁ နှစ်မှ ၃ နှစ် အတွင်းရှိတဲ့ လုပ်ငန်းမှတ်တမ်း၊ ဘဏ္ဍာရေးမှတ်တမ်းများနဲ့ အခွန်ဖြတ်ပိုင်းများ အပါအဝင် အာမခံပစ္စည်း လိုအပ်လေ့ရှိပါတယ်။
ပုဂ္ဂလိကဘဏ်များအကြောင်သို့မဟုတ် အစိုးရဘဏ်များအကြောင်ဒီမှာလေ့လာနိုင်ပါတယ်။world
ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း (NBFIs)
ဘဏ်မဟုတ်သော လိုင်စင်ရ ငွေးရေးကြေးရေး အဖွဲ့အစည်း (NBFIs) ပေါင်း ၃၀ ခန့်ရှိပေမယ့် သူတို့အားလုံးက ပြည်သူလူထုကို ဝန်ဆောင်မှုပေးနေတာမျိုးတော့ မဟုတ်ပါ။
NBFI တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က ကြီးကြပ်ပါတယ်။
အငှားဝယ်ယူစနစ်ချေးငွေ၊ ကာလသတ်မှတ်ချေးငွေ စတဲ့ အမျိုးမျိုးသော ချေးငွေများ ထုတ်ချေးပါတယ်။
NBFI များက ဘဏ်တွေထက် အတိုးနှုန်းများနိုင်ပေမယ့် လုပ်ငန်းငယ်များကို ပိုမိုထိရောက်စွာ ဝန်ဆောင်မှု ပေးနိုင်ပါတယ်။world
အသေးစားငွေချေးလုပ်ငန်းများ (MFIs)
လိုင်စင်ရ အသေးစားငွေရေးကြေးရေးလုပ်ငန်း (MFIs) ပေါင်း (၁၇၀) ခန့် ရှိပါတယ်။
MFI များကို ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန (FRD) မှ ကြီးကြပ်ပါတယ်shwe။ MFI တွေက လုပ်ငန်းရောင်ရွက်ရာ မြို့နယ်အလိုက် လိုင်စင်လိုအပ်ပါတယ်shwe။ သက်ဆိုင်ရာမြို့နယ်အလိုက် လိုင်စင်ရှိမှပဲ အဲဒီမြို့နယ်မှာ ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။
တစ်ဦးချင်း သို့မဟုတ် အုပ်စုဖွဲ့ပြီး အာမခံမဲ့ အသေးစား ကာလသတ်မှတ်ချေးငွေများလည်း ထုတ်ချေးပါတယ်။
MFI များက အများဆုံး ကျပ် သိန်း ၁၀၀ အထိသာ ထုတ်ချေးခွင့်ရှိပြီး အတိုးနှုန်းကလည်း အများဆုံး တစ်နှစ်လျှင် ၂၈% ထိ ကောက်ခံနိုင်ပါတယ်။
အသေးစားချေးငွေနဲ့ MFI များအကြောင်း ဒီမှာ လေ့လာပါ။
အသေးစားလုပ်ငန်းချေးငွေ ရှာဖွေနေတာဆိုရင် ကျွန်တော်တို့ရဲ့ မက်ဆင်ဂျာအခြေပြု MFI ရှာဖွေရေး ကိရိယာကို အသုံးပြုနိုင်ပါတယ်။
အခြားအမျိုးအစားများ
အပေါင်ဆိုင်/ အသေးစားချေးငွေထုတ်ပေးသူ
အပေါင်ဆိုင်နဲ့ အသေးစား ချေးငွေလုပ်ငန်း အများကြီး ရှိပါတယ်shwe။ ဒီချေးငွေထုတ်ပေးသူများက မြို့နယ်အလိုက် လိုင်စင်ပြုလုပ်ရပါတယ်။
လိုင်စင်မရှိတဲ့ အသေးစားချေးငွေ ထုတ်ပေးသူများလည်း ရှိတာ သိထားရပါမယ်shweလိုင်စင်မဲ့ ချေးငွေထုတ်ပေးသူများအကြောင်း အောက်မှာလေ့လာပါ။
ဝန်ဆောင်မှု အမျိုးမျိုးရှိပြီး တစ်ဦး တစ်ယောက်ချင်းစီကို ဦးတည်ချက်ထားတာ ဖြစ်တဲ့အတွက် ချေးငွေပမာဏက တော်တော်လေး နည်းပါတယ်shwe။ ဒါပေမယ့် လုံလောက်တဲ့ အာမခံပစ္စည်းနဲ့ မတည်ရင်းနှီးငွေ ရှာဖွေရာမှာ ကိုယ့်ရဲ့လုပ်ငန်းအတွက် အကူအညီဖြစ်နိုင်ပါတယ်။
အာမခံပစ္စည်း (အပေါင်ပစ္စည်း) အပေါ်မူတည်ပြီး ထုတ်ချေးလေ့ရှိပြီး ပုံမှန်အားဖြင့် အပေါင်ပစ္စည်းရဲ့ သုံးပုံတစ်ပုံမှ သုံးပုံနှစ်ပုံထိ ထုတ်ချေးလေ့ ရှိပါတယ်။
ချေးငွေသက်တမ်းကာလကတော့ အများစု ၄ လခန့် ဖြစ်ပြီး သက်တမ်းကာလစေ့တဲ့နေ့မှာ အတိုးနဲ့ ငွေရင်းကို ပေးရပါတယ်။
အတိုးပေးခြင်းဖြင့်လည်း ချေးငွေသက်တမ်းကို တိုးမြှင့်လို့ရပါတယ်shwe။ အတိုးနဲ့ ငွေရင်း နှစ်ခုလုံးကိုတော့ သက်တမ်းကုန်ဆုံးရက် မတိုင်ခင်မှာ ပြန်ဆပ်ပြီး အပေါင်ပစ္စည်းကို ပြန်ရွေးယူနိုင်ပါတယ်။
အတိုးနှုန်းတွေကတော့ ပုံမှန်အားဖြင့် ရွှေအတွက်ဆိုရင် တစ်လလျှင် ၂% မှ ၃% (တစ်နှစ်လျှင် ၂၄% မှ ၃၆%) ထိဖြစ်ပြီး အခြားတန်ဖိုးပိုနည်းတဲ့ ပစ္စည်းများအတွက်တော့ ၁၀% (တစ်နှစ်လျှင် ၁၂၀%) သို့မဟုတ် ၁၀% ထက် ပိုနိုင်ပါတယ်။
လိုင်စင်မဲ့ ချေးငွေထုတ်ပေးသူများ
အွန်လိုင်းမှသော်လည်းကောင်း အပြင်မှာသော်လည်းကောင်း ဝန်ဆောင်မှုပေးနေတဲ့ လိုင်စင်မဲ့ ချေးငွေထုတ်ပေးသူ အများကြီး ရှိပါတယ်။
ဒီချေးငွေထုတ်ပေးသူများက စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်တာ မဟုတ်တဲ့အတွက် လိုင်စင်ရ ချေးငွေထုတ်ပေးသူများထက် အန္တရာယ်ရှိပါတယ်။
ဒီချေးငွေအမျိုးအစားက အတိုးနှုန်းအများကြီး ကောက်ခံနိုင်ပြီး တစ်ခါတစ်ရံ အတိုးနှုန်း တစ်နှစ် ၁၀၀% ထက်မက ကောက်ခံနိုင်ပါတယ်shwe။ ကိုယ့်လုပ်ငန်းရဲ့ တွေးထားတဲ့ အကောင်းဆုံးအတိုးနှုန်း မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်။
အွန်လိုင်းချေးငွေထုတ်ပေးသူများ အများစု အပါအဝင် Peer-to-peer (P2P) ဘဏ္ဍာငွေရှာဖွေရေးကုမ္ပဏီများကလည်း ဒီအမျိုးအစားထဲ ပါဝင်ပါတယ်shwe။ အတုအယောင်နဲ့ မသမာချေးငွေထုတ်ပေးသူများကိုလည်း သတိထားဖို့ လိုပါတယ်shweလိမ်လည်မှုကိုရှောင်ကြဉ်နိုင်မယ့် နည်းလမ်းများကို ဒီမှာလေ့လာပါ။
လိုင်စင်ရချေးငွေ ထုတ်ပေးသူတွေဆီမှာ အရင်ဆုံးစုံစမ်းဖို့ အကြံပြုချင်ပါတယ်။
Suppliers
Supplier များက သူတို့ရဲ့ဖောက်သည်တွေကို အကြွေးပေးလေ့ရှိပါတယ်။
Supplier များထံမှ ရင်းနှီးငွေရှာဖွေခြင်းက ငွေပေးချေကာလ (ဥပမာ – ရက် ၆၀) တိုးမြှင့်လိုက်သလိုမျိုး  ရိုးရှင်းနိုင်သလို ဒီထက်လည်း ပိုမိုရှုပ်ထွေးနိုင်ပါတယ်။
ဒီနည်းက ကိုယ့်လုပ်ငန်းနယ်ပယ်ရဲ့ လုပ်ငန်းအတက်အကျနဲ့ Supplier နဲ့ ကိုယ့်ရဲ့ ဆက်ဆံရေးအပေါ် မူတည်ပါတယ်။
Supplier ရင်းနှီးငွေရှာဖွေခြင်းက အကျိုးအများကြီး ရှိနိုင်သလို အကောင်းအဆိုးက Supplier အပေါ်မှာလည်း မီခိုနေသလို ဖြစ်စေနိုင်ပါတယ်။
အလားအလာရှိတဲ့ ရွေးချယ်မှုများကို ကိုယ့်လုပ်ငန်းရဲ့ Supplier နဲ့ ဆွေးနွေးပါ။
ယခုဆောင်းပါးက SME ဘဏ္ဍာငွေရှာဖွေခြင်းလမ်းညွှန်မှ ဆောင်းပါးတစ်ခုပါ။
SME Financing Guide
SME Loans By Purpose
SME Loans By Loan Structure
SME Loans By Collateral
SME Loans By Lender Type Selected
SME Loans Key Requirements
ချေးငွေထုတ်ပေးသူရှာဖွေရန်
ဘယ်လိုချေးငွေကို ရှာနေတယ်ဆိုတာ သိပြီးပြီလားshwe။ ဒါဆို ချေးငွေထုတ်ပေးသူများကို ဒီမှာရှာဖွေပါTrinity
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများworld
မှတ်ချက်shweshwe။ Shwedingar.com သည် ချေးငွေကုမ္ပဏီ မဟုတ်ပါ shwe။ တာဝန်ယူမှုအပြည့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော ချေးငွေကုမ္ပဏီများကို ဆက်သွယ်ရာတွင် အဆင်ပြေစေရန် ကူညီပေးခြင်းသာဖြစ်သည်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။