SME ချေးငွေများ – အဓိကလိုအပ်ချက်များ
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
SME ဘဏ္ဍာငွေရရှိရန် ဘက်စုံချဉ်းကပ်မှုအတွက် ကျွန်တော်တို့ရဲ့ SME ဘဏ္ဍာငွေရှာဖွေခြင်းလမ်းညွှန်ကို အရင်ဆုံးဖတ်ကြည့်ဖို့ အကြုံပြုချင်ပါတယ်။123
လုပ်ငန်းသုံးချေးငွေ လျှောက်ထားခြင်းက ကြီးမားတဲ့ လေ့ကျင့်ဆောင်ရွက်မှုတစ်ခု ဖြစ်နိုင်ပါတယ်။
ချေးငွေမလျှောက်ထားခင် ပြင်ဆင်ထားဖို့လိုတဲ့ တွေ့ရများတဲ့ အဓိကလိုအပ်ချက်တစ်ချို့ကို ဖော်ပြပေးထားပါတယ်shwedingar.com။ တစ်ချို့အချက်တွေက အချိန်ယူနိုင်တယ်ဆိုတာ သတိပြုပါ။
ချေးငွေလျှောက်ထားမယ်ဆိုရင် လုပ်ငန်းလိုင်စင်ရှိပြီး လုပ်ငန်းလည်ပတ်မှု အနည်းဆုံး ၂ နှစ်မှ ၃ နှစ်အထိ၊ ဘဏ္ဍာရေးရှင်းတမ်းများနဲ့ အခွန်ဖြတ်ပိုင်းများ တင်ပြဖို့ လိုအပ်နိုင်ပါတယ်။
ဒါပေမယ့် လုပ်ငန်းလည်ပတ်မှု မှတ်တမ်းမရှိဘူးဆိုရင် ကိုယ့်ရဲ့အနေအထားကို ချေးငွေထုတ်ပေးသူနဲ့  တိုက်ရိုက်ဆွေးနွေးကြည့်နိုင်ပါတယ်shwedingar.com။ MFI တွေကတော့ ပိုပြီး အလျော့အတင်းလုပ်ပေးနိုင်လေ့ရှိပါတယ်။123
SME ဆိုလိုရင်း
ချေးငွေထုတ်ပေးသူအားလုံးကတော့ SME ဖြစ်ဖို့မလိုပါဘူးshwedingar.com။ ဒါပေမယ့် အဓိကအားဖြင့် ဘဏ်မှာ ချေးငွေလျှောက်ထားမယ်ဆိုရင်တော့ ဘဏ်များက ၂၀၁၅ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ SME ဆိုလိုရင်းကို အသုံးပြုပြီး ချေးငွေလျှောက်တဲ့လုပ်ငန်းကို သုံးသပ်တတ်ပါတယ်။ SME ဆိုလိုရင်းရဲ့ အဓိပ္ပာယ်ကို ဒီမှာလေ့လာပါTrinity
တကယ်လို့ ဒီဆိုလိုရင်းနဲ့ မကိုက်ညီဘူးဆိုရင်တောင် ကိုယ့်အတွက် ဘာရွေးချယ်မှုတွေ ရှိနိုင်မလဲဆိုတာကို ချေးငွေထုတ်ပေးသူနဲ့ ဆွေးနွေးကြည့်ဖို့ ကြိုးစားလို့ ရပါသေးတယ်Trinity
လုပ်ငန်းအစီအမံ
ဒီချေးငွေကို ဘယ်လိုအသုံးပြုဖို့ ရည်ရွယ်ထားလဲ၊ ဒီချေးငွေက လုပ်ငန်းအတွက် ဘယ်လိုကောင်းတဲ့ ရလဒ်တွေကို ပေးနိုင်မလဲဆိုတာကို ချေးငွေထုတ်ပေးသူများက သိချင်ကြပါတယ်။
အဓိကအကြောင်းရင်းကတော့ ချေးငွေလျှောက်ထားသူက ချေးငွေကို အမှန်တကယ် ပြန်ဆပ်နိုင်မလားဆိုတာ စိတ်ချရဖို့အတွက် ဖြစ်ပါတယ်။
လုပ်ငန်းအစီအမံမှာ ပါဝင်သင့်တဲ့ အဓိကအပိုင်းကတော့ ရင်းနှီးမြှုပ်နှံမှုမှ အမြတ်ရအောင် တွက်ချက်မှု ဖြစ်ပါတယ်shwedingar.com။ အဲဒီအပိုင်းမှာ ချေးငွေကို ဘယ်လိုအသုံးပြုမယ်၊ အနာဂတ်မှာ ဝင်ငွေ ဘယ်လိုတိုးအောင်လုပ်နိုင်မယ် စသဖြင့် အသေးစိတ်ရှင်းလင်းဖော်ပြချက် ပါဝင်ရပါမယ်။
လုပ်ငန်းလိုင်စင်
ချေးငွေထုတ်ပေးသူအများစုဆီမှာ ချေးငွေလျှောက်ထားမယ်ဆိုရင် ချေးငွေလျှောက်ထားတဲ့လုပ်ငန်းက သက်ဆိုင်ရာလုပ်ငန်းလိုင်စင် ရှိဖို့လိုပါတယ်။
လုပ်ငန်းလိုင်စင် မရှိသေးဘူးဆိုရင် လုပ်ငန်းလိုင်စင်လျှောက်ထားနည်းကို ဒီမှာလေ့လာနိုင်ပါတယ်
စိုက်ပျိုးရေး သို့မဟုတ် စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကတော့ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပါ တင်ပြဖို့ လိုအပ်နိုင်ပါတယ်။
အခွန်ဖြတ်ပိုင်း
ချေးငွေလျှောက်ထားသူက အဓိကအားဖြင့် ကော်ပိုရိတ်ကုမ္ပဏီဆိုရင် လုပ်ငန်းရဲ့ အခွန်ဖြတ်ပိုင်းတွေကိုတင်ပြဖို့ ချေးငွေထုတ်ပေးသူတစ်ချို့က တောင်းဆိုလေ့ရှိပါတယ်။
ကော်ပိုရိတ်ကုမ္ပဏီများအတွက် အခွန်ဖြတ်ပိုင်းတွေက ကုမ္ပဏီရဲ့ နာမည်နဲ့ ဆောင်ထားတဲ့ ဖြတ်ပိုင်းတွေဖြစ်ပါလိမ့်မယ်shwedingar.com။ တစ်နိုင်တစ်ပိုင်လုပ်ငန်းများအတွက်ဆိုရင် အခွန်များက တစ်ဦးချင်းပုဂ္ဂိုလ်အခွန်နဲ့အတူ ပေးဆောင်ရပါလိမ့်မယ်။
ကုမ္ပဏီမှတ်ပုံတင်ခြင်း (ကော်ပိုရိတ်ဖြစ်ခဲ့လျှင်)
ကုမ္ပဏီက ကော်ပိုရိတ်အဖြစ် ဖွဲ့စည်းထားတယ်ဆိုရင် ချေးငွေထုတ်ပေးသူက ကုမ္ပဏီမှတ်ပုံတင် အသေးစိတ်အချက်အလက်များကို တောင်းဆိုပါလိမ့်မယ်။
ကိုယ့်ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ ရှယ်ယာရှင် အသေးစိတ်များ ပါဝင်တဲ့ ဒီဂျစ်တယ် ကုမ္ပဏီထုတ်နုတ်ချက် (Company extract) ကို MyCO ဝက်ဘ်ဆိုက်မှာ ရယူနိုင်ပါတယ်။
ကုမ္ပဏီမှတ်ပုံတင်ခြင်းအကြောင်း ဒီမှာလေ့လာပါ။
ဘဏ်စာရင်း
လုပ်ငန်းအတွက် သီးခြားဘဏ်စာရင်းတစ်ခု မရှိသေးဘူးဆိုရင် ဘဏ်စာရင်း တစ်ခုဖွင့်တာလည်း ကောင်းတဲ့အကြံပါပဲ။
ကော်ပိုရိတ်ကုမ္ပဏီများအတွက် ကော်ပိုရိတ်ဘဏ်စာရင်း ဖွင့်နိုင်ပါတယ်။
တစ်ပိုင်တစ်နိုင်လုပ်ငန်းအတွက် ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာဘဏ်စာရင်းကနေ ခွဲပြီး သီးခြားဘဏ်စာရင်းတစ်ခု သပ်သပ်ဖွင့်တာ အကောင်းဆုံးပါshwedingar.com။ မိတ်ဖက်လုပ်ငန်းအမျိုးအစားအတွက်ဆိုရင် ချိတ်ဆက်ဘဏ်စာရင်း (Joint-account) ဖွင့်ဖို့ စဉ်းစားကြည့်နိုင်ပါတယ်။
ဘဏ္ဍာရေးရှင်းတမ်းများ
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရေးဆွဲထားတဲ့ ကုမ္ပဏီရဲ့ဘဏ္ဍာရေးရှင်းတမ်းများကို တင်ပြဖို့ ချေးငွေထုတ်ပေးသူ တော်တော်များများက တောင်းဆိုနိုင်ပါတယ်။
တကယ်လို့ ဘဏ္ဍာရေးမှတ်တမ်းမရှိသေးဘူးဆိုရင် အတတ်နိုင်ဆုံးချက်ချင်း စတင်မှတ်တမ်းတင်ထားသင့်ပါတယ်shwedingar.comအဓိကဘဏ္ဍာရေးရှင်းတမ်းများအကြောင်း ဒီမှာလေ့လာပါ။
အာမခံပစ္စည်း
ချေးငွေတော်တော်များများအတွက် အာမခံပစ္စည်းလိုအပ်ပါတယ်shwedingar.com။ အာမခံပစ္စည်းအတွက် ပိုင်ဆိုင်ကြောင်းသက်သေပြနိုင်ဖို့ လိုပါတယ်။ 
မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဆိုရင်တော့ ပိုင်ဆိုင်ကြောင်းစာချုပ်အထောက်အထား သို့မဟုတ် ဂရံရှိဖို့ လိုပါတယ်။
အာမခံပစ္စည်းရဲ့ မြေပုံနဲ့ ဓာတ်ပုံတို့လိုမျိုး တခြားတင်ပြချက်တွေကိုလည်း တောင်းဆိုနိုင်ပါတယ်။
ချေးငွေထုတ်ပေးသူ တော်တော်များများက အာမခံပစ္စည်းအတွက် အာမခံအကာအကွယ် (Insurance coverage) ထားရှိဖို့လည်း တောင်းဆိုနိုင်ပါတယ်shwedingar.com။ အဆောက်အဦးများအတွက် မီးအာမခံနဲ့ မော်တော်ယာဉ်များအတွက် အလုံးစုံမော်တော်ယာဉ်အာမခံများ ပါဝင်ပါတယ်။
လိုအပ်တဲ့ ဘဏ္ဍာငွေရှာဖွေခြင်းအတွက် အစီအစဉ်ကောင်း၊ အကြံကောင်းရပြီဆိုရင် ချေးငွေထုတ်ပေးသူတစ်ချို့နဲ့ စကားပြောကြည်ဖို့ ကောင်းပါတယ်shwedingar.com။ ဘယ်ချေးငွေက အသင့်တော်ဆုံးဖြစ်မလဲဆိုတာနဲ့ လျှောက်ထားမှုအတွက် နောက်ထပ်လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ချေးငွေထုတ်ပေးသူတွေအကြံပေးပြောပြနိုင်ပါလိမ့်မယ်။
နောက်ဆုံးမှာ တာဝန်ယူမှုရှိတဲ့ ချေးငွေထုတ်ပေးသူများက ပြန်ဆပ်နိုင်မယ်လို့ သူတို့ယုံကြည်တဲ့ ချေးငွေလျှောက်ထားသူများကို ချေးငွေထုတ်ချေးပေးပါလိမ့်မယ်shwedingar.com။ လုပ်ငန်းသုံးချေးငွေအတွက်ဆိုရင် အောင်မြင်တဲ့လုပ်ငန်းကို ထုတ်ချေးပေးလိမ့်မယ်လို့ ဆိုလိုပါတယ်။123
ယခုဆောင်းပါးက SME ဘဏ္ဍာငွေရှာဖွေခြင်းလမ်းညွှန်မှ ဆောင်းပါးတစ်ခုပါ။
SME Financing Guide
SME Loans By Purpose
SME Loans By Loan Structure
SME Loans By Collateral
SME Loans By Lender Type
SME Loans Key Requirements Selected
ချေးငွေလုပ်ငန်းစဉ်နဲ့ ချေးငွေရရှိနိုင်မယ့် အခွင်းအရေး ပိုများလာအောင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ ဆောင်းပါးများကိုလည်း ဖတ်ကြည့်နိုင်ပါတယ်Trinity
ဆောင်းပါးများ စုစည်းမှု –
ချေးငွေတစ်ခုလျှောက်ထားခြင်း
မှတ်ချက်shwedingar.comshwedingar.com။ Shwedingar.com သည် ချေးငွေကုမ္ပဏီ မဟုတ်ပါ shwedingar.com။ တာဝန်ယူမှုအပြည့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော ချေးငွေကုမ္ပဏီများကို ဆက်သွယ်ရာတွင် အဆင်ပြေစေရန် ကူညီပေးခြင်းသာဖြစ်သည်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။