အာမခံပစ္စည်းအလိုက် SME ချေးငွေများ
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
SME ဘဏ္ဍာငွေရရှိရန် ဘက်စုံချဉ်းကပ်မှုအတွက် ကျွန်တော်တို့ရဲ့ SME ဘဏ္ဍာငွေရှာဖွေခြင်းလမ်းညွှန်ကို အရင်ဆုံးဖတ်ကြည့်ဖို့ အကြုံပြုချင်ပါတယ်။hello
မရွှေမပြောင်းနိုင်တဲ့ ပစ္စည်းတွေက တွေ့ရအများဆုံး အာမခံပစ္စည်းပုံစံ ဖြစ်ပေမယ့် အခြား အာမခံအဖြစ် ထားလို့ရတဲ့ ပစ္စည်းများလည်း ရှိပါတယ်။
များသောအားဖြင့် အာမခံပစ္စည်းရဲ့ တန်ဖိုးက ချေးယူနိုင်မယ့် အများဆုံးပမာဏကို ဆုံးဖြတ်ပေးပါလိမ့်မယ်။
ချေးငွေထုတ်ပေးသူ လက်ခံနိုင်မယ့် အာမခံပစ္စည်းရွေးချယ်မှုတစ်ချို့ကို အောက်မှာဖော်ပြပေးထားပါတယ်။hello
မရွှေ့မပြောင်းနိုင်သောပစ္စည်း (မြေ၊ အဆောက်အဦး)
  • တော်တော်များများ လက်ခံတဲ့ အာမခံပစ္စည်းပုံစံမျိုးပါ။
  • ချေးငွေထုတ်ပေးသူ တော်တော်များများက မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများကိုသာ အာမခံပစ္စည်းအဖြစ် လက်ခံလေ့ရှိကြပါတယ်။
  • ပစ္စည်းရဲ့တန်ဖိုးကို အကဲဖြတ်ပါလိမ့်မယ်။
  • မီးအာမခံ လိုအပ်လေ့ရှိပါတယ်။
အပ်ငွေများ (ငွေစုဘဏ်စာရင်း၊ စာရင်းသေစာရင်း)
  • ဘဏ်အများစုက လက်ခံလေ့ရှိပါတယ်။
  • ဒါပေမယ့် ချေးငွေယူတာထက် အပ်ငွေတွေကို သုံးလိုက်တာကလည်း ပိုကောင်းနိုင်ပါတယ်။
ရွှေထည်၊ လက်ဝတ်ရတနာ
  • ဘဏ်၊ NBFI ၊ အပေါင်ဆိုင်များမှ လက်ခံလေ့ရှိပါတယ်။
  • ယေဘုယျအားဖြင့် အပေါင်အဖြစ်ထားထားဖို့ လိုပါတယ်shwe။ ဆိုလိုတာက ချေးငွေထုတ်ပေးသူထံမှာ လက်ဝယ်အပ်ထားခဲ့ဖို့ လိုပါတယ်။
စိုက်ပျိုးရေး ကုန်စည်များ
  • တော်တော်များများ လက်ခံလေ့မရှိပေမယ့် အချို့ဘဏ်များကတော့ လက်ခံကောင်း လက်ခံနိုင်ပါတယ်။
  • (မပျက်စီးနိုင်သော) သတ်မှတ်သီးနှံအမျိုးအစားအချို့သာ။
  • ယေဘုယျအားဖြင့် အပေါင်အဖြစ်ထားထားဖို့ လိုပါတယ်shwe။ ဆိုလိုတာက ချေးငွေထုတ်ပေးသူထံမှာ လက်ဝယ်အပ်ထားခဲ့ဖို့ လိုပါတယ်။
မော်တော်ယာဉ်များ
  • တော်တော်များများ လက်ခံလေ့မရှိပေမယ့် အချို့ဘဏ်များနဲ့ NBFI များကတော့ လက်ခံကောင်း လက်ခံနိုင်ပါတယ်။
  • အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိဖို့ လိုအပ်နိုင်ပါတယ်။
စက်ပစ္စည်းကိရိယာများ
  • တော်တော်များများ လက်ခံလေ့မရှိပေမယ့် အချို့ဘဏ်များကတော့ လက်ခံကောင်း လက်ခံနိုင်ပါတယ်။
  • စက်ပစ္စည်း၊ ကိရိယာများရဲ့ တန်ဖိုးကို အကဲဖြတ်ပါလိမ့်မယ်။
  • အပေါင်ထားခဲ့ဖို့ လိုကောင်း လိုနိုင်ပါတယ်။
ထုတ်ကုန်လက်ကျန်စာရင်း
  • တော်တော်များများ လက်ခံလေ့မရှိပေမယ့် အချို့ဘဏ်များကတော့ လက်ခံကောင်း လက်ခံနိုင်ပါတယ်။
  • ထုတ်ကုန်လက်ကျန်စာရင်းရဲ့ တန်ဖိုးကို အကဲဖြတ်ပါလိမ့်မယ်။
ငွေချေးသက်သေခံလက်မှတ်များ (ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ)
  • တော်တော်များများ လက်ခံလေ့မရှိပေမယ့် အချို့ဘဏ်များကတော့ လက်ခံကောင်း လက်ခံနိုင်ပါတယ်။
  • ကုမ္ပဏီရှယ်ယာများ၊ အစိုးရငွေတိုက်လက်မှတ်များ၊ အစိုးရငွေတိုက်စာချုပ်များ။
ငွေတောင်းခံလွှာများ၊ ရရန်ရှိစာရင်းများ
လူနေအိမ် (အိမ်အပေါင်ထားခြင်း)
  • တော်တော်များများ လက်ခံလေ့မရှိပေမယ့် အချို့ဘဏ်များကတော့ လက်ခံကောင်း လက်ခံနိုင်ပါတယ်။
  • အိမ်ရဲ့ တန်ဖိုးကို အကဲဖြတ်ပါလိမ့်မယ်။
  • မီးအာမခံ လိုအပ်လေ့ရှိပါတယ်။
အာမခံမဲ့
  • ချေးငွေထုတ်ပေးသူ အများစုက အာမခံလိုအပ်တာကြောင့် အာမခံမဲ့ချေးငွေက တွေ့ရနည်းပါတယ်။
  • MFI က အာမခံပစ္စည်း မလိုအပ်ပေမယ့် အများဆုံး ကျပ်သိန်း ၁၀၀ ထိသာ ချေးနိုင်ပါတယ်shweMFI နဲ့ ပတ်သက်ပြီး ဒီမှာလေ့လာပါ။
  • Credit guarantee insurance (CGI) ချေးငွေက ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပေမယ့် အတိုးအပြင် ပရီမီယံကြေးပါ ထပ်ပေးရပါလိမ့်မယ်shweCGI ချေးငွေအကြောင်း ဒီမှာလေ့လာပါ
  • လုပ်ငန်းရဲ့ ပုံစံလက္ခဏာအပေါ် မူတည်ပြီး အာမခံမလိုပဲ သေးငယ်တဲ့ချေးငွေများကို တစ်ချို့ဘဏ်များကလည်း ထုတ်ပေးနိုင်ပါတယ်shweအာမခံမဲ့ ကာလသတ်မှတ်ချေးငွေများအကြောင်း ဒီမှာလေ့လာပါ
  • တစ်ချို့ ချေးငွေထုတ်ပေးသူများကလည်း သူတို့နဲ့ ငွေအလွှဲအပြောင်းမှတ်တမ်းများ (ကြွေးမြီမှတ်တမ်း) အပေါ်မူတည်ပြီး ချေးငွေထုတ်ပေးနိုင်ပါတယ်shwe။ ပမာဏအနည်းငယ်နဲ့ စတင်ပြီး ချေးပေးပါလိမ့်မယ်shwe။ ကောင်းကောင်း ပြန်လည်ပေးဆပ်တယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ပမာဏတိုးပြီး ချေးပေးပါလိမ့်မယ်။
ယခုဆောင်းပါးက SME ဘဏ္ဍာငွေရှာဖွေခြင်းလမ်းညွှန်မှ ဆောင်းပါးတစ်ခုပါ။
SME Financing Guide
SME Loans By Purpose
SME Loans By Loan Structure
SME Loans By Collateral Selected
SME Loans By Lender Type
SME Loans Key Requirements
ချေးငွေထုတ်ပေးသူရှာဖွေရန်
ဘယ်လိုချေးငွေကို ရှာနေတယ်ဆိုတာ သိပြီးပြီလားshwe။ ဒါဆို ချေးငွေထုတ်ပေးသူများကို ဒီမှာရှာဖွေပါTrinity
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများhello
မှတ်ချက်shweshwe။ Shwedingar.com သည် ချေးငွေကုမ္ပဏီ မဟုတ်ပါ shwe။ တာဝန်ယူမှုအပြည့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော ချေးငွေကုမ္ပဏီများကို ဆက်သွယ်ရာတွင် အဆင်ပြေစေရန် ကူညီပေးခြင်းသာဖြစ်သည်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။