SME ကာလသတ်မှတ်ချေးငွေ (Term Loans) ရှာဖွေနှိုင်းယှဉ်ခြင်း
ဆောင်းပါးကို ဝေမျှရန်
(Updated အောက်တိုဘာ ၂၀၂၀)
SME ကာလသတ်မှတ်ချေးငွေ ထုတ်ပေးသူများကို အောက်မှာရှာဖွေနိုင်ပါတယ်shwedingar.com။ SME ဘဏ္ဍာငွေရှာဖွေခြင်းအကြောင်း ပိုမိုလေ့လာကြည့်ချင်တယ်ဆိုရင်တော့ SME ဘဏ္ဍာငွေရှာဖွေခြင်း လမ်းညွှန်မှာ ဖတ်ကြည့်နိုင်ပါတယ်။
ကာလသတ်မှတ်ချေးငွေ အများစုက အာမခံပစ္စည်း လိုအပ်ပေမယ့် တစ်ချို့ ချေးငွေထုတ်ပေးသူများက လျှောက်ထားချက်ခိုင်မာမှုရှိတဲ့ အခြေအနေတစ်ခုချင်းအတွက် အာမခံမဲ့ချေးငွေ ထုတ်ချေးဖို့ စဉ်းစားပေးကောင်း စဉ်းစားပေးပါလိမ့်မယ်shwedingar.com။ ဘဏ်တစ်ချို့က တိတိကျကျသတ်မှတ်ထားတဲ့ အာမခံမဲ့ချေးငွေများ ထုတ်ချေးပေးပါတယ်shwedingar.com။ အဲဒီချေးငွေတွေကို အောက်ပါနှိုင်းယှဉ်ချက်ထဲမှာ မှတ်ချက်ထည့်သွင်းထားပါတယ်။
အစိုးရပံ့ပိုးချေးငွေများ၊ MADB စိုက်ပျိုးရေးချေးငွေများ၊ အသေးစား (MFI) ချေးငွေများကိုတော့ မထည့်သွင်းထားပါဘူးshwedingar.com။ ဒီချေးငွေများအတွက်တော့ သက်ဆိုင်ရာလင့်ခ်ကို နှိပ်ကြည့်နိုင်ပါတယ်။
***ဖော်ပြပါ အချက်အလက်များက ရေးသားချိန်မှာ မှန်ကန်ပေမယ့် အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။123
SME ချေးငွေအမျိုးအစား
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများ123
စီစစ်ရန် စီရန်
A Bank Logo
A Bank
SME Term Loan
CB Bank Logo
CB
ကာလသတ်မှတ်ချေးငွေ
KBZ Bank Logo
KBZ
SME Term Loan
MAB Logo
MAB
SME Term Loan
MOB Bank Logo
MOB
SME Development Bank Logo
SMEDB
ပုံမှန်ချေးငွေ
SME Development Bank Logo
SMEDB
ငွေသားလည်ပတ်စီးဆင်းမှုချေးငွေ
အာမခံမဲ့ချေးငွေရနိုင်သည်။
Yoma Bank Logo
Yoma
လုပ်ငန်းသုံးချေးငွေ
Yoma Bank Logo
Yoma
SMART Credit Business
အာမခံမဲ့ချေးငွေရနိုင်သည်။
ကာလသတ်မှတ်ချေးငွေ (Term loan) ဆိုတာ ဘာလဲTank
ကာလသတ်မှတ်ချေးငွေတွေက ချေးငွေအမျိုးအစား များစွာပါဝင်တဲ့ ချေးငွေအုပ်စုဖြစ်ပြီး ချေးငွေနာမည်အမျိုးမျိုး ပေးနိုင်ပါတယ်shwedingar.com။ ဒါပေမယ့် ကာလသတ်မှတ်ချေးငွေတွေကို –
  • ပုံသေသတ်မှတ်ထားတဲ့ ကြိုတင်ထုတ်ချေးငွေပမာဏ
  • ပုံသေသတ်မှတ်ထားတဲ့ ချေးငွေကာလနဲ့ သက်တမ်းကုန်ဆုံးရက်
  • ပုံသေသတ်မှတ်ထားတဲ့ ပြန်လည်ပေးဆပ်ခြင်း အစီအစဉ် ဆိုပြီး ယေဘုယျခွဲခြားသတ်မှတ်ပါတယ်။
ကာလသတ်မှတ်ချေးငွေတွေကို ချေးယူသူရဲ့ လုပ်ငန်းအစီအမံနဲ့ ချေးငွေအသုံးပြုမှုရည်ရွယ်ချက်အပေါ်အခြေခံပြီး တည်ဆောက်ထားတာဖြစ်လို့ သတ်မှတ်ချက်တွေက တင်းကြပ်မှု သိပ်မရှိပါဘူး။123
ကာလသတ်မှတ်ချေးငွေများရဲ့ လက္ခဏာများ
ပမာဏ
လုပ်ငန်းအစီအမံအပေါ် မူတည်ပြီး ချေးငွေပမာဏက မြန်မာကျပ် သိန်း ၅,၀၀၀ မှ သိန်း ၁၀,၀၀၀ အထိ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ချေးငွေလျှောက်ထားသူရဲ့ အာမခံပစ္စည်းတန်ဖိုးက ချေးငွေပမာဏကို သတ်မှတ်ပေးပါလိမ့်မယ်။
သက်တမ်းကာလ
ချေးငွေလျှောက်ထားသူရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး သက်တမ်းကာလက ၃ နှစ်မှ ၅ နှစ်အထိ ဖြစ်နိုင်ပါတယ်။
အတိုးတွက်ချက်ခြင်း
အတိုးကို လက်ကျန်ဖြန့်ကျက်တွက်နည်း (Amortization Method) အသုံးပြုပြီး ယေဘုယျအားဖြင့် တွက်ချက်လေ့ရှိပါတယ်shwedingar.com။ နောက်ကျတဲ့ ပြန်လည်ပေးဆပ်မှုများအတွက် နောက်ကျကြေးနဲ့ ထပ်ဆောင်းအတိုးများ ရှိနိုင်ပါတယ်။
ပြန်လည်ပေးဆပ်ခြင်း
ပြန်လည်ပေးဆပ်ခြင်း အစီအစဉ်ကိုလည်း လုပ်ငန်းအစီအမံအပေါ် မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်ပါတယ်shwedingar.com။ ဥပမာ –
  • အတိုးနှင့်ငွေရင်း လစဉ်ဆပ်ခြင်း
  • အတိုးနှင့်ငွေရင်း သုံးလတစ်ခါဆပ်ခြင်း
  • အတိုးကို လစဉ်ဆပ်ပြီး ငွေရင်းကို တစ်နှစ်တစ်ခါဆပ်ခြင်း
အာမခံပစ္စည်း
ဘဏ်များနှင့် NBFI များမှ ကာလသတ်မှတ်ချေးငွေများအတွက် အာမခံပစ္စည်း လိုအပ်လေ့ရှိပါတယ်shwedingar.com။ ဒါပေမယ့် ချေးငွေထုတ်ပေးသူတစ်ချို့က လျှောက်ထားချက်ခိုင်မာမှုရှိတဲ့ အခြေအနေတစ်ခုချင်းအတွက် အာမခံမဲ့ချေးငွေ ထုတ်ချေးဖို့ စဉ်းစားပေးကောင်း စဉ်းစားပေးပါလိမ့်မယ်။
ဘဏ်တစ်ချို့က တိတိကျကျသတ်မှတ်ထားတဲ့ အာမခံမဲ့ချေးငွေများ ထုတ်ချေးပေးပါတယ်shwedingar.com။ အဲဒီချေးငွေတွေကို အထက်ပါနှိုင်းယှဉ်ချက်ထဲမှာ မှတ်ချက်ထည့်သွင်းထားပါတယ်။
MFI များက အာမခံမဲ့ ကာလသတ်မှတ်ချေးငွေများ ထုတ်ချေးပေးပေမယ့် ချေးငွေပမာဏပိုနည်းပြီး ကျပ်သိန်း ၁၀၀ အထိသာ ချေးပေးပါတယ်။ 
အနည်းငယ်ပိုများတဲ့ ချေးငွေပမာဏကို လျှောက်ထားလိုသူများအတွက် အာမခံပစ္စည်းမရှိတာဖြစ်စေ၊ ရှိတဲ့ပစ္စည်းကလည်း ကန့်သတ်ချက်ရှိတာဖြစ်စေ Credit Guarantee Insurance (CGI) ချေးငွေကို ကြိုးစားလျှောက်ထားကြည့်နိုင်ပါတယ်shwedingar.com။ ဒီချေးငွေက ထပ်ဆောင်းချေးငွေရရှိနိုင်ပေမယ့် ပရီမီယံကြေး (အာမခံကြေး) တော့ ပေးဆောင်ဖို့ လိုအပ်ပါလိမ့်မယ်shwedingar.comအစိုးရပံ့ပိုးချေးငွေများအကြောင်းမှာ လေ့လာပါ။
ချေးငွေထုတ်ပေးသူတွေ လက်ခံတဲ့ အာမခံပစ္စည်း တွေထဲမှာ ရွှေ့ပြောင်းလို့မရတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကတော့ တွေ့ရအများဆုံး အာမခံပစ္စည်းအမျိုးအစား ဖြစ်ပါတယ်shwedingar.com။ ရွှေထည် နဲ့ ဘဏ်အပ်ငွေ စတဲ့ အပေါင်ပစ္စည်းတွေကိုလည်း တစ်ချို့ကိစ္စရပ်တွေမှာ အသုံးပြုနိုင်ပါတယ်။
အသုံးပြုလေ့ရှိသော နေရာများ
ကာလသတ်မှတ်ချေးငွေများကို ပုံသေပိုင်ပစ္စည်း ဝယ်ယူမှုတွေနဲ့ လုပ်ငန်းတိုးချဲ့ခြင်းစီမံကိန်းတွေအတွက် အသုံးပြုလေ့ရှိပါတယ်shwedingar.com။ ကိစ္စရပ်တွေမှာ ရင်းနှီးငွေအသုံးစရိတ်အမြောက်အများလိုအပ်တဲ့ အစိတ်အပိုင်းတွေ ပါဝင်နိုင်ပါတယ်။
လုပ်ငန်းလည်ပတ်ရင်းနှီးငွေ ချေးငွေကိုလည်း ကာလသတ်မှတ်ချေးငွေအဖြစ် သတ်မှတ်နိုင်ပေမယ့် ပုံမှန်အားဖြင့် ချေးငွေသက်တမ်းက တစ်နှစ်ထက် ပိုနည်းလေ့ရှိပါတယ်။
ချေးငွေထုတ်ပေးသူများ
ဘဏ်များ၊ NBFI များ၊ MFI များကလည်း ကာလသတ်မှတ်ချေးငွေများအဖြစ် တည်ဆောက်ထားတဲ့ ချေးငွေတွေကို ထုတ်ချေးလေ့ရှိပါတယ်။
အဓိကလိုအပ်ချက်များ
ယေဘုယျအားဖြင့် အဓိကလိုအပ်ချက်တွေကတော့
  • လုပ်ငန်းလိုင်စင်၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ အခွန်ဖြတ်ပိုင်းများ တင်ပြဖို့လိုအပ်ပြီး လုပ်ငန်းက အနည်းဆုံး ၂ နှစ်မှ ၃ နှစ်အထိ လည်ပတ်ပြီးသားဖြစ်ရပါမယ်။
  • အဆိုပြုလျှောက်ထားတဲ့ ချေးငွေအသုံးပြုမှု အသေးစိတ်ဖော်ပြထားတဲ့ လုပ်ငန်းအစီအမံ လိုအပ်ပါတယ်။
  • လုပ်ငန်းက ၂၀၁၅ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အရ SME လုပ်ငန်းအဖြစ် သတ်မှတ်ခံရဖို့ လိုပါတယ်shwedingar.com။ (SME အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဒီမှာလေ့လာပါ။)
အခြားနည်းလမ်းများ
တကယ်လို့ တိကျတဲ့ ပိုင်ဆိုင်မှုပစ္စည်းတစ်စုံတစ်ခု ဝယ်ယူဖို့အတွက် ရှာဖွေနေတာဆိုရင်တော့ အငှားဝယ်စနစ် (Hire purchase) ချေးငွေကို စဉ်းစားကြည့်နိုင်ပါတယ်။
အတိုးနှုန်းများ
လျှောက်ထားမှုနဲ့ ချေးငွေထုတ်ပေးသူ အပေါ်မူတည်ပြီး အတိုးနှုန်းများ အမျိုးမျိုး ရှိနိုင်ပါတယ်Tank
  • ဘဏ်တွေကနေထုတ်ချေးတဲ့ အာမခံပစ္စည်းပါ ကာလသတ်မှတ်ချေးငွေတွေက အတိုးနှုန်း တစ်နှစ်လျှင် ၉% မှ ၁၀% ခန့် ရှိနိုင်ပါတယ်။
  • ဘဏ်တွေကနေထုတ်ချေးတဲ့ အာမခံမဲ့ ကာလသတ်မှတ်ချေးငွေတွေက အတိုးနှုန်း တစ်နှစ်လျှင် ၁၂% မှ ၁၄.၅% ခန့် ရှိနိုင်ပါတယ်။
  • NBFI ကာလသတ်မှတ်ချေးငွေတွေက အတိုးနှုန်း တစ်နှစ်လျှင် ၃၀% မှ ၃၆% ခန့် ရှိနိုင်ပါတယ်။
  • MFI ကာလသတ်မှတ်ချေးငွေတွေက အတိုးနှုန်း တစ်နှစ်လျှင် ၂၈% ခန့် ရှိနိုင်ပါတယ်။
ချေးငွေထုတ်ပေးသူများက အခြားအခကြေးများ (ဥပမာ – ဝန်ဆောင်ခ၊ နောက်ကျကြေး၊ ဒဏ်ကြေး) လည်း ကောက်ခံနိုင်တာကို သိထားဖို့ လိုပါတယ်။123
အခြား SME ချေးငွေအမျိုးအစားများ ရှာဖွေရန်
အစိုးရပံ့ပိုးချေးငွေများ | MADB စိုက်ပျိုးရေးချေးငွေများ | ကာလသတ်မှတ်ချေးငွေများ | စာရင်းပိုထုတ်ချေးငွေများ | အငှားဝယ်ယူစနစ်ချေးငွေများ | ငွေတောင်းခံလွှာချေးငွေများ | MFI ချေးငွေများ123
SME ဘဏ္ဍာငွေရှာဖွေခြင်း ရွေးချယ်မှုများ လေ့လာရန်
SME Financing Guide
SME Loans By Purpose
SME Loans By Loan Structure
SME Loans By Collateral
SME Loans By Lender Type
SME Loans Key Requirements
မှတ်ချက်shwedingar.comshwedingar.com။ Shwedingar.com သည် ချေးငွေကုမ္ပဏီ မဟုတ်ပါ shwedingar.com။ တာဝန်ယူမှုအပြည့်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသော ချေးငွေကုမ္ပဏီများကို ဆက်သွယ်ရာတွင် အဆင်ပြေစေရန် ကူညီပေးခြင်းသာဖြစ်သည်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။