သင့်ရဲ့ SME လုပ်ငန်းအတွက် အခြေခံမှတ်တမ်းသိမ်းဆည်းခြင်း တည်ဆောက်ပုံ
ဆောင်းပါးကို ဝေမျှရန်
စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်တဲ့အခါ ဆောင်ရွက်ရမယ့်အရာတွေ အများကြီးရှိပါတယ်Cypher
မှတ်တမ်းသိမ်းဆည်းခြင်း (Record keeping) က အရေးကြီးတယ်ဆိုတာကို သိပြီးသားဖြစ်မှာပါshwedingar။ ဒါပေမယ့် ဒါကိုစလုပ်ဖို့ အချိန်မရှိသလိုဖြစ်နေလား ဒါမှမဟုတ် ဘယ်ကနေစရမှန်းမသိ ဖြစ်နေလား။
ဒီဆောင်းပါးလေးက အခြေခံ မှတ်တမ်းသိမ်းဆည်းခြင်းကို အစပြုနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။testing
အဓိကအချက်များ
  • မှတ်တမ်းသိမ်းဆည်းခြင်းဆိုတာ
    • လုပ်ငန်းရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်တဲ့ အချက်အလက်၊ အထောက်အထားများကို သိမ်းဆည်းခြင်း
    • အသုံးဝင်လာစေရန် အသေးစိတ် မှတ်တမ်းတင်ခြင်း
    • အထောက်အထားများကို ဖိုင်တွဲအလိုက် သိမ်းဆည်းခြင်း
  • မှတ်တမ်းတွေကို စနစ်တကျရှိစေဖို့ လုပ်ငန်းစဉ်များ ပြင်ဆင်ထားရှိခြင်း
မှတ်တမ်းသိမ်းဆည်းခြင်း (Record keeping) ဆိုတာ ဘာလဲ။
မှတ်တမ်းသိမ်းဆည်းခြင်းမှာ အဆင့်ဆင့်ရှိပါတယ်။
  • လုပ်ငန်းရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်တဲ့ အချက်အလက်၊ အထောက်အထားများကို သိမ်းဆည်းခြင်း။
  • အသုံးဝင်လာစေရန် အသေးစိတ် မှတ်တမ်းတင်ခြင်း။
  • အထောက်အထားများကို ဖိုင်တွဲအလိုက် သိမ်းဆည်းခြင်း။
ဥပမာ – ရောင်းချခြင်းက လုပ်ငန်းရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီးတော့ ဘာတွေရောင်းထွက်သွားလဲ၊ ဘယ်တုန်းကလဲ၊ ဘယ်လောက်ရောင်းထွက်လဲ စသဖြင့် မှတ်တမ်းတင်ဖို့ လိုပါတယ်shwedingar။ ဒီအတွက် အထောက်အထားကတော့ ရောင်းချမှုငွေတောင်းခံလွှာ (Sale invoice) ပါ။
ဘဏ္ဍာရေးငွေလွှဲပြောင်းမှု မှတ်တမ်းတွေပဲ မဟုတ်ပဲနဲ့ လုပ်ငန်းစာချုပ်များ၊ အခြားသက်ဆိုင်ရာများကိုလည်း မှတ်တမ်းသိမ်းဆည်းထားသင့်ပါတယ်။testing
အချက်အလက်နှင့် အထောက်အထားများ သိမ်းဆည်းခြင်း
ပထမဆုံးအဆင့်ကတော့ လုပ်ငန်းဆောင်ရွက်ချက်နဲ့ ပတ်သက်တဲ့ အချက်အလက်၊ အထောက်အထား မှတ်တမ်းများကို သိမ်းဆည်းရပါမယ်။
သိမ်းဆည်းဖို့လိုတဲ့ အချက်အလက်နဲ့ အထောက်အထားတစ်ချို့ကို ဥပမာအဖြစ် ဖော်ပြပေးထားပါတယ်shwedingar။ ဒါကလည်း လုံးဝပြည့်စုံနေတာမျိုးတော့ မဟုတ်ပါဘူးshwedingar။ ဒါကြောင့် မသေချာဘူးဆိုရင် အထောက်အထားတွေကိုလည်း သိမ်းထားပါ။
အမျိုးအစား အထောက်အထား ဥပမာ
ရောင်းချခြင်း ရောင်းချမှုငွေတောင်းခံလွှာ
ကုန်ကျစရိတ် ငွေဖြတ်ပိုင်း
လစာစာရင်း လစာဖြတ်ပိုင်း
ဝန်ထမ်းများ ဝန်ထမ်းခန့်အပ်စာချုပ်
အငှားစာချုပ် အငှားသဘောတူညီချက်များနှင့် ငွေပေးချေ ဖြတ်ပိုင်းများ
ဘဏ်စာရင်း လစဉ်ဘဏ်ရှင်းတမ်း
ချေးငွေများ ပြန်လည်ပေးဆပ်ခြင်းအစီအစဉ်အပါအဝင် ချေးငွေသဘောတူညီချက်များ
အခွန်များ အခွန်ပုံစံ၊ အခွန်ဖြတ်ပိုင်း
ကုမ္ပဏီအချက်အလက်များ ကုမ္ပဏီစာရင်းသွင်းထားကြောင်းထောက်ခံစာ၊ လိုင်စင်၊ ပါမစ်
ကုမ္ပဏီမှ ဆုံးဖြတ်ချက်များ ဘုတ်အဖွဲ့ အစည်းအဝေးမှတ်တမ်းများ
လုပ်ငန်းဆက်သွယ်မှုများ ဖောက်သည်နှင့် ပစ္စည်းသွင်းသူများနှင့် ဆက်သွယ်ထားသော အီးမေးလ်၊ စာတိုများ
အသုံးဝင်လာဖို့အတွက် အသေးစိတ်ကို မှတ်တမ်းတင်ထားပါ။
ဆောင်ရွက်ချက် အမျိုးမျိုးအတွက် အချက်အလက်တွေ တစ်စုတစ်စည်းတည်းဖြစ်ဖို့နဲ့ အသုံးဝင်ဖို့ အသေးစိတ်အချက်အလက်တွေကို Database ထဲမှာ ထည့်ထားနိုင်ပါတယ်။
အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာ ငွေအလွှဲအပြောင်းများအတွက် မှန်ပါတယ်shwedingar။ ဥပမာ – ရောင်းချမှုနဲ့ ဝယ်ယူမှုတွေအတွက် ငွေအလွှဲအပြောင်းလုပ်ထားတဲ့ ရက်စွဲ၊ ပမာဏများ အစရှိတဲ့ ဖော်ပြချက်များကို သိမ်းထားခြင်းက အသုံးဝင်ပါလိမ့်မယ်။
ရောင်းချမှု၊ အသုံးစရိတ်၊ ချေးငွေများနှင့် ပုံသေပိုင်ဆိုင်မှုပစ္စည်းများ အစရှိတဲ့ အခြေခံအချက်အလက် အမျိုးမျိုးကိုလည်း သိမ်းထားနိုင်ပါတယ်။
ဥပမာ – လက်လီရောင်းချသူတွေကတော့ အရောင်းအဝယ်များကို မှတ်တမ်းတင်ထားတဲ့ အရောင်းအဝယ်စနစ် (POS) အသုံးပြုနှင့်ပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လုပ်ငန်းက သေးငယ်တဲ့လုပ်ငန်းဆိုရင် ဘောပင်၊ စာရွက်တွေကို သုံးပြီး မှတ်သားနိုင်ပါတယ်shwedingar။ ဒါပေမယ့် လုပ်ငန်းကြီးလာတာနဲ့အမျှ စာရင်းဇယား (Spreadsheet) နဲ့ စာရင်းကိုင်ဆော့ဖ်ဝဲလ် (Bookkeeping software) များက ပိုပြီးအဆင်ပြေပါတယ်။
ဒီအခြေခံအချက်အလက်တွေက ကိုယ့်ရဲ့ လုပ်ငန်းကို ရှင်းလင်းစွာ မြင်သာစေပါတယ်။
လိုအပ်မယ့် အခြေခံအချက်အလက်တွေကို ကြည့်မယ်ဆိုရင် အောက်ပါ ဖိုင်တွဲစနစ်ဖြင့်ထားဖို့ စဉ်းစားကြည့်နိုင်ပါတယ်။testing
အထောက်အထားများကို ဖိုင်တွဲခြင်းနှင့် သိမ်းဆည်းခြင်း
အချက်အလက်များကို မှတ်တမ်းတင်ထားပြီးပြီဆိုရင် မူရင်းစာရွက်စာတမ်းများကို သက်သေအထောက်အထားအဖြစ် ဖိုင်တွဲထားပါ။
ကောင်းမွန်တဲ့ ဖိုင်တွဲစနစ်ရှိဖို့ အလွန်အရေးကြီးပါတယ်shwedingar။ ကိုယ့်ရဲ့ ဖိုင်များကို အစီအစဉ်တကျထားရှိဖို့လည်း နည်းလမ်းအမျိုးမျိုး ရှိပါတယ်shwedingar။ လုပ်ငန်းကလည်း အမျိုးမျိုးရှိတဲ့အတွက် ကိုယ်နဲ့ အဆင်ပြေမယ့်နည်းလမ်းတစ်ခုကို ရွေးချယ်ရှာဖွေပါ။
အောက်က ပုံထဲမှာ ဖိုင်တွဲစနစ် ဥပမာကို ဖော်ပြပေးထားပါတယ်။ testing
testing
ဘဏ္ဍာရေး မှတ်တမ်းများ
ရောင်းချမှု ပို့ပေးခဲ့တဲ့ ငွေတောင်းခံလွှာ မိတ္တူများအပါအဝင် ရောင်းချခဲ့သမျှ
ကုန်သွင်းသူ ကုန်သွင်းသူထံမှ ငွေတောင်းခံလွှာများ၊ ငွေပေးချေခြင်းအတွက် ဖြတ်ပိုင်းများshwedingar။ ရောင်းချမှုနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ကုန်ကြမ်းစတဲ့ အသုံးစရိတ်များ ပါဝင်ပါမယ်shwedingar။ အခြား မသိသာတဲ့ ကုန်ကျစရိတ်များကတော့  “အခြားကုန်ကျစရိတ်” ဖိုင်ထဲ ထည့်ပါ။
လစာ စာရင်း အလုပ်ဆင်းမှတ်တမ်း အပါအဝင် လစာဖြတ်ပိုင်းများ
ပုံသေပိုင်ပစ္စည်း ပုံသေပိုင်ပစ္စည်းဝယ်ယူမှုအတွက် ကုန်ပို့လွှာများနှင့် ငွေဖြတ်ပိုင်းများ (ဥပမာ – ကုန်ပစ္စည်း၊ ယာဉ်များ)
အငှားစာချုပ်များ ပြန်လည်ပေးဆပ်ခြင်း အစီအစဉ်နှင့် ပေးဆပ်ခဲ့သော ငွေဖြတ်ပိုင်းများ ပါဝင်တဲ့ အငှားစာချုပ် သဘောတူညီချက်များ (ဥပမာ – ရုံးခန်းငှားရမ်းခြင်း)
အခြားအသုံးစရိတ်များ အရောင်းမြင့်တင်ခြင်း၊ အသုံးအဆောင်များ၊ ဖုန်းဘေလ်များ၊ ပုံနှိပ်ခြင်း၊ စာရေးကိရိယာ အစရှိတဲ့ အခြား လုပ်ငန်းအသုံးစရိတ်များအားလုံး
ဘဏ်စာရင်း လစဉ်ဘဏ်ရှင်းတမ်း
ချေးငွေများ ပြန်လည်ပေးဆပ်ခြင်း အစီအစဉ်နှင့် အတိုးနှုန်းများ ပါဝင်တဲ့ ချေးငွေသဘောတူညီမှုများ
အခွန်များ အခွန်ဖြတ်ပိုင်း၊ အခွန်ဖိုင်တွဲများနှင့် အခြား အခွန်နှင့်ပတ်သက်သော ဆက်သွယ်စာများ
အုပ်ချုပ်မှုဆိုင်ရာ မှတ်တမ်းများ
လူ့စွမ်းအားအရင်းအမြစ် (HR) အလုပ်ခန့်စာချုပ်၊ လုပ်ဆောင်မှုစစ်ဆေးခြင်း၊ ဆက်သွယ်ရန်စာရင်း၊ ဖွဲ့စည်းပုံ
ကုမ္ပဏီစာရွက်စာတမ်းများ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ လိုင်စင်၊ ပါမစ်၊ ဘုတ်အဖွဲ့ အစည်းအဝေးမှတ်တမ်းများ
အာမခံ အာမခံ ပေါ်လစီများ
ပိုင်ဆိုင်မှု၊ မြေပိုင်ရှင် မြေပိုင်ဆိုင်မှု စတဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်းများ
လုပ်ငန်းဆက်သွယမှုများ စာချုပ်နှင့် မထုတ်ဖော်ရန် သဘောတူညီချက်များ (NDAs) စတဲ့ ပြင်ပလူများနဲ့ အဓိက ဆက်သွယ်မှုများ
ဘဏ္ဍာရေးမှတ်တမ်းတွေမှာ ယေဘုယျအားဖြင့် တွဲဖက် Database မှတ်တမ်း ပါဝင်ပါတယ်။
ငွေအလွှဲအပြောင်း စာရွက်စာတမ်းတွေကို နှစ်ကာလအစဉ်အလိုက် ဖိုင်တွဲဖြင့် ထားလေ့ရှိပါတယ်shwedingar။ အခြားစာရွက်စာတမ်းများကို နှစ်ကာလအလိုက် သို့မဟုတ် အက္ခရာစဉ်အလိုက် ဖိုင်တွဲဖြင့် ထားလို့ရပါတယ်shwedingar။ ကိုယ့်အတွက် အဆင်ပြေမယ့်တစ်ခုကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
လိုအပ်ရင် လိုအပ်သလို ဖိုင်အသစ်များ၊ ဖိုင်ခွဲခြင်းများ၊ ဖိုင်အသေးပြုလုပ်ခြင်းများကို ပြင်ဆင်ထားရှိပါshwedingar။ မှတ်တမ်းများကို ဖိုင်တွဲများဖြင့် ခွဲထားတယ်ဆိုရင် နောက်ပိုင်းအချိန်ကြာလာတဲ့အခါ ရှာရလည်းလွယ်ကူပြီး နားလည်ရလွယ်ကူစေပါလိမ့်မယ်။
ဒီဖိုင်တွဲနဲ့ မှတ်တမ်းတွေကို စာရွက်စာတမ်းဖြင့် သို့မဟုတ် ဒီဂျစ်တယ်နည်းဖြင့် သိမ်းနိုင်ပေမယ့် ဖြစ်နိုင်ရင်တော့ မူရင်းကို သိမ်းထားပါ။testing
လက်တွေ့လုပ်ဆောင်ပါ။
စုဆောင်းရမယ့်၊ မှတ်တမ်းတင်ရမယ့်၊ ဖိုင်တွဲထားရမယ့် အချက်အလက်တွေကို သိပြီဆိုတော့ လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပါပြီ။
ဒါတွေ ရှင်းရှင်းလင်းလင်းဖြစ်ဖို့နဲ့ ကိုယ့်ရဲ့ဝန်ထမ်းတွေကို လေ့ကျင့်ပေးဖို့အတွက် လုပ်ဆောင်ချက်တွေကို အစပြုပါshwedingar။ ဒါမှ ဝန်ထမ်းတွေကလည်း ဘာကိုလုပ်ဆောင်ရမယ်ဆိုတာ သိလာပါလိမ့်မယ်။
တစ်ချို့ မှတ်တမ်းတွေက အချိန်တိုင်း ပြုလုပ်နေဖို့ လိုအပ်တာလည်း ရှိသလို တစ်ချို့က တစ်နေ့တစ်ခါ၊ တစ်ချို့က တစ်ပတ်တစ်ခါသာ လုပ်ဆောင်ရတာလည်း ရှိပါတယ်။
လုပ်ငန်းတွေက အမျိုးမျိုးရှိပြီး လုပ်ငန်းတစ်ခုစီမှာလည်း သူ့လုပ်ဆောင်ပုံနဲ့သူ ရှိတာကြောင့် ကိုယ်နဲ့ ကိုယ့်အဖွဲ့သားတွေအတွက် အကောင်းဆုံးဖြစ်မယ့်နည်းကို ရွေးချယ်ပါ။testing
မှတ်တမ်းသိမ်းဆည်းခြင်းက စာရင်းကိုင်၊ စာရင်းအင်း၊ ဘဏ္ဍာရေးခွဲခြမ်းစိတ်ဖြာမှုနဲ့ အချက်အလက်အခြေခံ ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်းအတွက် အခြေခံအုတ်မြစ်ပါပဲ။
ကောင်းမွန်တဲ့ မှတ်တမ်းသိမ်းဆည်းခြင်းအတွက် အချိန်အနည်းငယ် ရင်းနှီးလိုက်ခြင်းဖြင့် နောင်တစ်ချိန်မှာ ကိုယ့်ရဲ့လုပ်ငန်းကို ပိုမိုကောင်းမွန်စွာ လည်ပတ်စေနိုင်မှာပါ။၊ 
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။