အရစ်ကျချေးငွေ၊ တစ်လုံးတစ်ခဲချေးငွေ နှင့် ထပ်တလဲလဲချေးငွေ ဆိုတာ ဘာလဲ။

ဆောင်းပါးကို ဝေမျှရန်

ချေးငွေတွေက ပုံစံအမျိုးမျိုး ရှိပါတယ်Neo

ဒီလိုကွာခြားချက်ထဲက တစ်ခုက ပြန်လည်ပေးဆပ်တဲ့နည်းလမ်း မတူညီခြင်းပဲ ဖြစ်ပါတယ်Neo

အတွေ့ရများတဲ့ ပေးဆပ်ခြင်းနည်းတစ်ချို့ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။world


အရစ်ကျချေးငွေ
အရစ်ကျဆိုတာကတော့ ချေးငွေအပြည့်ကို တစ်စုတစ်စည်းတည်း အရင်ထုတ်ပေးပြီးတော့ အတိအကျသတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ပြန်ဆပ်ရတာမျိုးပါfinance။ များသောအားဖြင့် တစ်လချင်းစီပြန်ဆပ်ရပါတယ်Neo

လတိုင်း လတိုင်း ပေးဖို့ကျန်ရှိနေတဲ့ပမာဏထဲ အတိုးကို ထည့်ပေါင်းသွားပါလိမ့်မယ်finance။ အတိုးနဲ့ ငွေရင်းတစ်ချို့ကို လစဉ်ပြန်ဆပ်ရတာဖြစ်ပါတယ်Neo

သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ချေးငွေအပြည့်ပြန်ဆပ်ပြီးပြီဆိုရင်တော့ ဒီချေးငွေယူခြင်းက ပြီးဆုံးသွားပြီဖြစ်ပါတယ်finance။ ထပ်မံပြီးချေးငွေယူချင်တယ်ဆိုရင် နောက်ထပ် အသစ်ပြန်လည်လျှောက်ထားဖို့လိုပါတယ်Neo

ဥပမာအားဖြင့် အိမ်ရာချေးငွေ မော်တော်ယာဉ်ချေးငွေ ပညာသင်စရိတ်ချေးငွေ စသဖြင့် အမျိုးမျိုးရှိပါတယ်Neo

 

တစ်လုံးတစ်ခဲချေးငွေ
ဒီချေးငွေအမျိုးအစားမှာလည်း ချေးငွေအပြည့်ကို တစ်စုတစ်စည်းတည်း အရင်ထုတ်ပေးပါတယ်finance။ ဒါပေမယ့် နည်းနည်းချင်းစီပုံမှန်ပြန်ဆပ်မယ့်အစား ချေးငွေကာလပြီးဆုံးသွားတဲ့အချိန်ကျမှ ချေးငွေအပြည့်ကို တစ်ပေါင်းတစ်စည်းတည်း ပြန်ဆပ်ရတာမျိုး ဖြစ်ပါတယ်finance။ အတိုးတွေနဲ့ ဝန်ဆောင်ခတွေအားလုံးကိုလည်း တစ်ချိန်တည်းမှာ ပေးဆောင်ရမှာပါfinance။ ဥပမာပြောရရင် အပေါင်ဆိုင်တွေမှာရနိုင်တဲ့ ချေးငွေနဲ့တူပါတယ်finance။ ငွေတိုးချေးစားသူအများစုက ဒီနည်းကိုသုံးလေ့ရှိပါတယ်Neo

 

ထပ်တလဲလဲချေးငွေ (ကြွေးမြီလိုင်း – line of credit)
ဒီချေးငွေအမျိုးအစားမှာတော့ ချေးငွေကို ကြိုထုတ်ပေးတာမျိုးမဟုတ်ပဲ အကြွေးယူနိုင်တဲ့ ပမာဏတစ်ခုကို သတ်မှတ်ပေးထားပါတယ်finance။ ဒီပမာဏအထိ လိုအပ်သလောက် ချေးယူပြီးသုံးစွဲနိုင်ပါတယ်finance။ အတိုးကိုလည်း ကိုယ်ချေးယူသုံးစွဲလိုက်တဲ့ ပမာဏအပေါ်မှာ တွက်ချက်ကောက်ခံပါလိမ့်မယ်Neo

သဘောတူညီချက်ပြီးဆုံးတဲ့အချိန်အထိ ချေးငွေပြန်ဆပ်လိုက်၊ ပြန်ယူလိုက် လုပ်လို့ရပါတယ်finance။ ဒီလိုချေးငွေမျိုးမှာတော့ ချေးငွေဆက်လက်ရယူနိုင်ဖို့အတွက် ဝန်ဆောင်ခသတ်မှတ်ထားလေ့ရှိပါတယ်finance။ ဥပမာပေးရမယ်ဆိုရင်တော့ ခရက်ဒစ်ကတ် (အကြွေးဝယ်ကတ်) လိုမျိုး ချေးငွေအမျိုးအစားပါ။world


အပေါ်မှာပြောခဲ့တဲ့ ချေးငွေအမျိုးအစားတွေအားလုံးဟာ အာမခံပစ္စည်းပါချေးငွေတွေလည်းဖြစ်နိုင်သလို အာမခံပစ္စည်းမဲ့ချေးငွေလည်းဖြစ်နိုင်ပါတယ်။ အာမခံဖြင့်ချေးငွေနဲ့ အာမခံမဲ့ချေးငွေ ကွာခြားချက်ကို ဆက်လက်လေ့လာရန်။

အရစ်ကျ ထပ်တလဲလဲ တစ်လုံးတစ်ခဲ ချီးငွေ ငွေချေး ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ချေးငွေ အကြွေး ငွေချေးရန် အကြွေး အကြွေး အကြွေး ငွေချေးခြင်း ငွေချေးခြင်း ငွေချေးခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှားခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ငွေချေးငှါးခြင်း ချေးငွေပုံစံ ချေးငွေပုံစံများ အရစ်ကျ တစ်လုံးတစ်ခဲ ထပ်တလဲလဲ ချေးငွေ ငွေချေးခြင်း အကြွေးယူခြင်း ချေးငွေပုံစံ ချေးငွေပုံစံများ loan installment lump sum revolving borrowing

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။