ငွေကို လုံခြုံအောင် ထိန်းသိမ်းပါ – ရှောင်ရှားရမယ့် လိမ်လည်မှု ဥပမာများ
ဆောင်းပါးကို ဝေမျှရန်
နည်းပညာက ကျွန်တော်တို့ရဲ့ ဘဝတွေကို ပိုပြီး သက်သာလွယ်ကူလုံခြုံပြီး ပျော်ရွင်မှုကို ပေးပါတယ်Cypher
ဒါပေမယ့် ဒီနည်းပညာတွေကို အသုံးချပြီး လိမ်လည်ဖို့၊ အခွင့်ကောင်းယူဖို့ ကြံစည်နေတဲ့သူတစ်ချို့လည်း ရှိပါတယ်Cypher
မသမာသူတွေကတော့ ရှိနေမှာပါပဲshwedingar။ ကျွန်တော်တို့ဖက်က ငွေတွေလုံခြုံအောင်ထားတတ်ဖို့ လိုပါတယ်။testing
အဓိကအချက်များ
  • မသမာသူတွေက ငွေပို့ပေးဖို့ သို့မဟုတ် ကိုယ်ရေးအချက်အလက်တွေကို ပြောပြဖို့ စည်းရုံးတာတွေရှိတတ်ပါတယ်။
  • ကိုယ့်ရဲ့ အားနည်းချက်ကို ရှာပြီး အရေးကြီးကိစ္စလိုမျိုး ဟန်ဆောင်တာတွေလည်း ဖြစ်နိုင်ပါတယ်။
  • တစ်ခုခုပြန်ပေးဖို့ ကတိပြုရင်တောင် ကိုယ်နဲ့မသိတဲ့သူတွေကို ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်ဖြစ်စေ၊ ငွေဖြစ်စေ ဘယ်တော့မှ မပို့ပေးပါနဲ့။
မသမာသူတွေ ငွေလိမ်လည်နိုင်တဲ့ အဓိကနည်းလမ်း (၂) ခုရှိပါတယ်။
shwedingar။ သူတို့ကို ငွေပို့ပေးဖို့ စည်းရုံးသိမ်းသွင်းခြင်း
shwedingar။ ငွေခိုးယူဖို့အတွက် ကိုယ်ရေးအချက်အလက်များ တောင်းခြင်း
တတ်ကျွမ်းတဲ့ မသမာသူတွေဆိုရင် နေရာအမျိုးမျိုးမှ ရရှိထားတဲ့ အချက်အလက်တွေကို စုပေါင်းပြီး လိမ်လည်နိုင်သလို အခြေအနေအမျိုးမျိုးကနေလည်း လိမ်လည်ခိုးယူဖို့အတွက် ကြိုးစားနိုင်ပါတယ်shwedingarကိုယ်ရေးအချက်အလက်တွေကို လုံခြုံစွာထိန်းသိမ်းဖို့ ဘာလို့ လိုတာလဲဆိုတာ ဒီမှာလေ့လာပါtesting
လိမ်လည်မှု ဥပမာတစ်ချို့ကတော့
သင်ကံထူးသွားပါပြီ။
“သင် အိုင်ဖုန်း ကံထူးပါတယ်” သို့မဟုတ် “သင် ထီပေါက်သွားပါပြီ”shwedingar။ ဒါပေမယ့် ဘယ်တုန်းက ပြိုင်ခဲ့တဲ့ပွဲမှန်းလည်း မမှတ်မိဘူး၊ ဘယ်ကပေးတဲ့ ဆုမှန်းလည်း မသိတာမျိုး ဖြစ်ပါလိမ့်မယ်။
“ဒီအခမဲ့ဆုကို ရရှိဖို့အတွက် ပို့ဆောင်ခငွေကို အရင်ပို့ပေးပါ” သို့မဟုတ် “အခမဲ့ဆုကို ရရှိဖို့အတွက် နာမည်အပြည့်အစုံ၊ မှတ်ပုံတင်၊ မွေးနေ့၊ ဖုန်းနံပါတ်ကို ပို့ပေးပါ”။
ဒီလိုလိမ်လည်မှုတွေကို အင်တာနက်အသုံးပြုနေတုန်း သို့မဟုတ် မက်ဆင်ဂျာ (Messenger)၊ Viber မှစာများ၊ စာတိုများရောက်လာတဲ့အချိန်တွေမှာ ပေါ်လာတာကို တွေ့ဖူးကြမှာပါ။
လောဘမကြီးပါနဲ့shwedingar။ အလကားရလိုစိတ်နဲ့ ကိုယ့်ရဲ့ငွေတွေ၊ ကိုယ်ရေးအချက်အလက်တွေကို မပေးပို့မိပါစေနဲ့။
အချိန်ကန့်သတ်ထားသည်၊ ယခုပဲရယူလိုက်ပါ။
“သင်ကံထူးသွားပါပြီ” ဆိုသလိုပါပဲshwedingar။ ဒါပေမယ့် ဒီနေရာမှာ အခမဲ့ဆုအစား မသမာသူတွေက အံ့အားသင့်ဖို့ကောင်းလောက်တဲ့ အပေးအယူတစ်ချို့ ပြုလုပ်ပါလိမ့်မယ်။
အရေးကြီးတယ်ထင်ရအောင် အချိန်အကန့်အသတ်တစ်ချို့ ထားထားပါလိမ့်မယ်shwedingar။ ဒါမှ ကျွန်တော်တို့ သေချာမစဉ်စားနိုင်ခင်မှာ စည်းရုံးသိမ်းသွင်းနိုင်မှာ ဖြစ်ပါတယ်shwedingar။ “အခုဝယ်မယ်ဆိုရင် ၉၀% လျှော့ဈေး” သို့မဟုတ် “ပထမဆုံး အယောက် ၂၀ သာရမယ့်အခွင့်အရေးကို လက်လွတ်မခံပါနဲ့၊ အခုပဲ စာရင်းသွင်းလိုက်ပါ။” 
အလောတကြီး မဆုံးဖြတ်ပါနဲ့shwedingar။ အမှန်တကယ်ဖြစ်ဖို့ အရမ်းကောင်းနေတဲ့ အပေးအယူဆိုရင် ဒါက လိမ်လည်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။
အယောင်ဆောင်ချေးငှားသူများ
သက်သာလွယ်ကူလျင်မြန်တဲ့ ချေးငွေတွေပေးတဲ့ အယောင်ဆောင်ချေးငှားသူတွေ အများကြီးရှိပါတယ်shwedingar။ ငွေလိုအပ်နေတဲ့အချိန်မျိုးဆိုရင် ပစ်မှတ်ထားတတ်ပါတယ်shwedingar။ ကနဦးသွင်းငွေတစ်ချို့ပေးသွင်းပြီးတာနဲ့ ချေးငွေထုတ်ပေးဖို့ကို ကတိပေးတတ်ပါတယ်။
ဒါပေမယ့် ငွေလွဲပို့ပေးပြီးတာနဲ့ ပျောက်သွားပါလိမ့်မယ်shwedingar။ တစ်ခါတစ်လေ ပမာဏအများကြီးကို ပစ်မှတ်ထားတဲ့အခါမျိုးကျရင် ကြီးမားတဲ့ချေးငွေအတွက် ကနဦးပေးငွေအများကြီး မသွင်းခိုင်းခင်မှာ သေးငယ်တဲ့ချေးငွေတွေပေးပြီး ယုံကြည်မှုကို အရင်ဆုံးတည်ဆောက်တတ်ပါတယ်။
တစ်ချို့ကိစ္စတွေမှာကျတော့ ဒီမသမာသူတွေက ရိုးသားတဲ့သူများကို သူတို့ရဲ့ မိသားစု၊ သူငယ်ချင်းများကို ချေးငွေဖြင့် ကူညီပေးဖို့ စာရင်းသွင်းထားပြီး ချေးယူသူတွေထံမှ ကနဦးပေးသွင်းငွေတွေရတဲ့အခါ ဒီငွေတွေနဲ့ ပျောက်သွားတာမျိုးဖြစ်တတ်ပါတယ်။
လိုင်စင်ရှိတဲ့၊ လူသိများတဲ့ ချေးငွေထုတ်ပေးသူတွေဆီကပဲ ချေးယူပါshwedingarငွေချေးယူတဲ့အခါ အလိမ်မခံရအောင် ပြုလုပ်နည်းများကို ဒီမှာလေ့လာပါ
အယောင်ဆောင်အေးဂျင့်များ
တစ်ခါတစ်လေကျရင် မသမာသူတွေက လူသိများတဲ့ကုမ္ပဏီတွေရဲ့ အေးဂျင့်ကဲ့သို့ အယောင်ဆောင်တတ်ပါတယ်shwedingar။ ဘဏ်ရဲ့အေးဂျင့်၊ အသေးစားငွေချေးလုပ်ငန်းရဲ့အေးဂျင့် သို့မဟုတ် လူသိများတဲ့ ကုမ္ပဏီရဲ့အေးဂျင့် စသဖြင့် အယောင်ဆောင်နိုင်ပါတယ်။
ကုန်ပစ္စည်း၊ ဝန်ဆောင်မှု သို့မဟုတ် ငွေစုစာရင်းများနဲ့ ပက်သက်တဲ့ပြဿနာတစ်ချို့ကြောင့် ဖုန်းဖြင့်ဖြစ်စေ၊ စာတိုဖြင့်ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
ပြဿနာကို ဖြေရှင်းပေးသလို အယောင်ဆောင်ပြီး ဘဏ်စာရင်းနံပါတ်၊ အသုံးပြုသူအိုင်ဒီ သို့မဟုတ် လျှို့ဝှက်နံပါတ်နဲ့ ပင်နံပါတ်တွေကို မေးမြန်းနိုင်ပါတယ်။ 
အသေးစိတ်အချက်အလက်တွေကို မပေးခင်မှာ ကုမ္ပဏီရဲ့ ခေါ်ဆိုမှုစင်တာ (Call center) သို့မဟုတ် ရုံးခန်းကို အရင်ဆုံး ဆက်သွယ်စုံးစမ်းကြည့်ပါshwedingarလျှို့ဝှက်နံပါတ်၊ ပင်နံပါတ် သို့မဟုတ် တစ်ကြိမ်သုံးပင်နံပါတ်များကို ဘယ်သူ့ကိုမှ မပြောပြသင့်တဲ့အကြောင်း ဒီမှာလေ့လာပါ။
တရားဝင်သယောင်ထင်ရပေမယ့် ကိုယ်ရေးအချက်အလက်တွေကို လိမ်လည်တောင်းဆိုတတ်တဲ့ ဖေ့စ်ဘုတ်ပေ့ခ်ျ (Facebook page) များကိုလည်း သတိထားပါ။ 
အယောင်ဆောင်ဝန်ထမ်း
အယောင်ဆောင်အေးဂျင့်များထက် အနည်းငယ်ပိုပြီး ဆိုးရွားတဲ့မသမာသူတွေကလည်း ရဲစခန်း (သို့) အခွန်ရုံးမှ ဝန်ထမ်းယောင်ဆောင်ပြီး ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းများ ပြုလုပ်နိုင်ပါတယ်။
ကိုယ့်ဆီက လျော်ကြေး (သို့) ကိုယ်ရေးအချက်အလက် ရရှိဖို့အတွက် ကိုယ်က ပြဿနာတက်နေပြီဆိုပြီး ပြောနိုင်ပါတယ်။
ဒီလိုကြုံရပြီဆိုရင် သူတို့ပြောတဲ့ရုံးကို ဆက်သွယ်ပြီး အဲ့ဒီဝန်ထမ်းရဲ့ နာမည်နဲ့ အိုင်ဒီကို စစ်ဆေးကြည့်ပါ။
သင့်သမီးအကူအညီလိုနေပြီ
အဆိုးရွားဆုံးလိမ်လည်မှုတွေထဲက တစ်ခုကတော့ ကိုယ်သိတဲ့သူတစ်ယောက်ယောက်က အရေးတကြီးအကူအညီလိုနေတယ်ဆိုပြီး ပြောတတ်ပါတယ်။
ကိုယ့်အမေက မတော်တဆမှုကြုံပြီး ဆေးရုံကို အခုချက်ချင်း ပို့ပေးဖို့အတွက် ငွေအနည်းငယ်လွှဲပေးဖို့လိုတယ်ဆိုပြီး ပြောနိုင်ပါတယ်။
ဒါမှမဟုတ် ကိုယ့်သားသမီးထံမှ အခြားနံပါတ်အသစ်တစ်ခုနဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်ပျောက်သွားလို့ ငွေအရေးတကြီးလိုအပ်တယ်ဆိုပြီး စာတိုဝင်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးဆို ကျွန်တော်တို့က စဉ်းတောင်မစဉ်းစားတော့ပဲ ကူညီတတ်ပါတယ်shwedingar။ ဒါပေမယ့် အခက်အခဲဖြစ်နေတယ်ဆိုတဲ့သူကို ဆက်သွယ်ကြည့်ပါshwedingar။ သူနဲ့တွဲသွားတွဲလာရှိတဲ့သူတွေကို မေးကြည့်ပါshwedingar။ ဒါမှမဟုတ် သူတို့ပြောတဲ့ ရုံးခန်းကို ဆက်သွယ်စုံစမ်းကြည့်ပါ။
ပိရမစ်ပုံစံ ဆင့်ပွားစနစ် (Pyramid schemes)
အထူးအခွင့်အရေး တစ်စုံတစ်ခုရဖို့အတွက် သင်တန်းကြေး (သို့) အဖွဲ့ဝင်ကြေးပေးဆောင်ရတဲ့ လိမ်လည်မှုမျိုး ဖြစ်ပါတယ်shwedingar။ စာရင်းသွင်းတဲ့သူတစ်ဦးစီအတွက် ပွဲခပေးမယ်ဆိုပြီး ကတိပြုထားပါလိမ့်မယ်။
အဖွဲ့ဝင်အသစ်တွေကလည်း သင်တန်းကြေး (သို့) အဖွဲ့ဝင်ကြေးပေးဆောင်ရတဲ့အပြင် အဖွဲ့ဝင်အသစ်တွေကို စာရင်းသွင်းခိုင်းဖို့ ပြောပါလိမ့်မယ်shwedingar။ အဖွဲ့ဝင်အသစ်တွေက အဖွဲ့ဝင်ဟောင်းတွေအတွက် ငွေသွင်းပေးသလိုပါပဲ။
နောက်ဆုံးမှာ ဘာကုန်ပစ္စည်း၊ ဝန်ဆောင်မှုမှလည်း မရှိပါဘူး။
မသမာသူတွေက နည်းလမ်းအမျိုးမျိုး ဖန်တီးပြီး ကျွန်တော်တို့ကို လိမ်လည်ဖို့ ကြိုးစားနိုင်ပါတယ်။
လိမ်လည်မှုတွေကို ရှောင်နိုင်မယ့် နည်းလမ်းတစ်ချို့ကတော့
    • မသိစိတ်ကို လက်ခံလိုက်ပါ – အမှန်တကယ်ဖြစ်ဖို့အတွက် တအားကောင်းနေတဲ့အရာဆိုရင် ဒါမှမဟုတ် မမှန်လောက်ဘူးလို့ စိတ်ထင်နေတယ်ဆိုရင် ပြန်လည်စစ်ဆေးကြည့်ပါ။
    • အလျင်မလိုပါနဲ့ – မသမာသူတွေက အလျင်စလိုဖြစ်အောင်လုပ်ပြီး လိမ်လည်နိုင်ပါတယ်shwedingar။ ငွေပေးဖို့၊ ကိုယ်ရေးအချက်အလက်ပေးဖို့အတွက် အလျင်စလိုမလုပ်ပါနဲ့shwedingar။ ပုံမှန်အားဖြင့် တရားဝင်တဲ့ အပေးအယူဆိုရင်တော့ စောင့်ပေးပါတယ်။
    • ပြန်စစ်ဆေးပါ – ရုံးခန်း၊ ခေါ်ဆိုမှုစင်တာကို ဆက်သွယ်စစ်ဆေးပါ။
    • အသေးစိတ်မေးမြန်းပါ – မသမာသူတွေက များသောအားဖြင့် ကုမ္ပဏီ၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ ပက်သက်တဲ့ သာမန်မေးခွန်းတွေကိုတောင် ဖြေနိုင်မှာမဟုတ်ပါဘူး။
    • ခိုင်မာတဲ့ လျှို့ဝှက်နံပါတ်နှင့် နှစ်ဆင့်ခံလုံခြုံရေးစနစ် (2FA) – ခိုင်မာတဲ့ လျှို့ဝှက်နံပါတ်များ (ဥပမာ – အနည်းဆုံး စာလုံး ၈ လုံးရှိရမှာဖြစ်ပြီး ဂဏန်းနှင့် သင်္ကေတများ ရောနှောထားတဲ့ လျှို့ဝှက်နံပါတ်များ) ကို အသုံးပြုပါshwedingar။ ဖြစ်နိုင်မယ်ဆိုရင် Two-factor authentication (2FA) လို့ခေါ်တဲ့ နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို ပြုလုပ်ထားပါ။
မသမာသူတွေက အားနည်းချက်ရှိတဲ့သူများ၊ နည်းပညာနဲ့ သိပ်မရင်းနှီးတဲ့သူများကို ပစ်မှတ်ထားတတ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ မိဘ၊ သားသမီးများကို ဒီလိုမသမာသူတွေရဲ့ အန္တရာယ်ပြောပြထားပြီး မသမာသူလို့ သံသယရှိတယ်ဆိုရင် ပြန်လည်စစ်ဆေးဖို့ကို သင်ပေးထားဖို့ လိုပါတယ်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။