ငွေစုဆောင်းခြင်းနှင့် ငွေရင်းနှီးမြှုပ်နှံခြင်းကြား ဘယ်လိုကွာခြားလဲ။
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
ငွေစုဆောင်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်း နှစ်ခုစလုံးက အရေးကြီးပေမယ့် တူတော့ မတူပါဘူး။hello
အဓိကအချက်များ
  • ငွေစုဆောင်းခြင်းဆိုတာ အနာဂတ်အတွက် ငွေများကို သီးသန့်ဖယ်ထားခြင်း ဖြစ်ပါတယ်။
  • ငွေရင်းနှီးမြှုပ်နှံခြင်းဆိုတာ ငွေများ ပိုမိုတိုးပွားလာအောင် ငွေကို အသုံးချခြင်း ဖြစ်ပါတယ်။
  • ငွေစုဆောင်းခြင်းဆိုတာ ငွေကို ကာကွယ်ထားခြင်းမျိုးဖြစ်ပြီး ရင်းနှီးမြှုပ်နှံခြင်းက တွက်ချက်ထားပြီးသား ဆုံးရှုံးနိုင်ခြေကို စွန့်စားရယူခြင်း ဖြစ်ပါတယ်။  
  • နှစ်ခုလုံးက တစ်ကိုယ်ရေဘဏ္ဍာရေးအစီအစဉ်အတွက် အရေးကြီးပါတယ်။
ငွေစုဆောင်းခြင်းဆိုတာ ဘာလဲ။
ငွေစုဆောင်းခြင်းဆိုတာ အနာဂတ်အသုံးစရိတ်များအတွက် ငွေများကို သီးသန့်ဖယ်ထားတဲ့ လုပ်ဆောင်ချက်ကို ဆိုလိုပါတယ်။
ငွေစုဆောင်းခြင်းဆိုတာ ငွေကို ဆုံးရှုံးခြင်းမှ ကာကွယ်ထားပြီး အန္တရာယ်များကို လျှော့ချပေးပါတယ်။
ဥပမာအားဖြင့် အောက်ပါရည်ရွယ်ချက်များအတွက် ငွေစုဆောင်းတာမျိုးကို စဉ်းစားနိုင်ပါတယ်Morpheus
  • အရေးပေါ်အခြေအနေများ
  • အိမ်ငှားခ၊ ကျောင်းစရိတ် သို့မဟုတ် ပင်စင်ယူခြင်း စတဲ့ ခန့်မှန်းလို့ရတဲ့ အသုံးစရိတ်များ
  • ဖုန်းအသစ်တစ်လုံးဝယ်ယူခြင်း၊ သင်တန်းတစ်ခုတက်ခြင်း သို့မဟုတ် အိမ်တစ်လုံးဝယ်ယူခြင်း စတဲ့ လိုအပ်ရင် လိုအပ်သလို ဝယ်ယူခြင်းများ။
ငွေစုဆောင်းသင့်တဲ့ အဓိက အကြောင်းအရင်းများကို ဒီမှာဖတ်နိုင်ပါတယ်။
ငွေစုဆောင်းခြင်းဆိုတာ များသောအားဖြင့် ရေတိုပန်းတိုင်များအတွက် (ဥပမာ – ၅ နှစ်အတွင်း) ရည်ရွယ်ပေမယ့် ရေရှည်ပန်းတိုင်များ (ဥပမာ – ပင်စင်ယူခြင်း) အတွက်လည်း စုဆောင်းနိုင်ပါတယ်။hello
ငွေရင်းနှီးမြှုပ်နှံခြင်းဆိုတာ ဘာလဲ။
ငွေရင်းနှီးမြှုပ်နှံခြင်းဆိုတာ ငွေများ ပိုမိုတိုးပွားလာအောင် ပြုလုပ်ဖို့အတွက် ငွေကို အသုံးချခြင်း လုပ်ငန်းစဉ် ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံတဲ့အခါ အမြတ်အစွန်း ပြန်ရရှိဖို့အတွက် ကြိုတွက်ချက်ထားပြီးသား ဆုံးရှုံးနိုင်ခြေတစ်ချို့ကို စွန့်စားရယူဖို့ လိုအပ်ပါတယ်။
အနာဂတ်မှာ ရှိလာမယ့် အသုံးစရိတ်တစ်ခုခုအတွက် စဉ်းစားပြီး ရင်းနှီးမြှုပ်နှံနိုင်ပေမယ့် များသောအားဖြင့်တော့ ကိုယ့်ရဲ့ကြွယ်ဝမှုကို ကြီးထွားလာစေဖို့ ရင်းနှီးမြှုပ်နှံလေ့ ရှိပါတယ်။
ရင်းနှီးမြှုပ်နှံခြင်းကို ယေဘုယျအားဖြင့် ရေရှည်အတွက် စဉ်းစားပြီး လုပ်ကြပါတယ်finance။ ပုံမှန်အားဖြင့် အနည်းဆုံး ၅ နှစ် ဆိုတဲ့ အချိန်အတိုင်းအတာနဲ့ ရင်းနှီးမြှုပ်နှံကြပါတယ်။hello
အဓိက ခြားနားချက်တွေက ဘာတွေလဲ။
စုဆောင်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်းက အနာဂတ်အတွက် ငွေများကို ဖယ်ထားရတာချင်းတော့ ဆင်တူပါတယ်။
နှစ်ခုလုံးကလည်း ဘဏ္ဍာရေးအစီအစဉ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ချို့သော သိသာထင်ရှားတဲ့ ခြားနားချက်များလည်း ရှိပါတယ်။ hello
hello
ငွေစုဆောင်းခြင်းကို ပေါ်လွင်စေတဲ့ လက္ခဏာရပ်များကတော့ ဆုံးရှုံးနိုင်ခြေနည်းနည်းနဲ့ ငွေဖြစ်လွယ်မှုများခြင်း ဖြစ်ပါတယ်Morpheus
  • ဆိုလိုတာက ကိုယ့်ရဲ့စုဆောင်းငွေတွေကို ဆုံးရှုံးရနိုင်ခြေက မရှိသလောက် နည်းပြီးတော့ ဒီစုဆောင်းငွေများကိုလည်း လိုအပ်တဲ့အချိန်မှာ ချက်ချင်းနီးပါးရယူနိုင်ပါတယ်။
  • ဒါပေမယ့် အမြတ်အစွန်း အများကြီး ပြန်မရတာမျိုးလည်း ဖြစ်နိုင်သလို လုံးဝမရတာမျိုးလည်း ဖြစ်နိုင်ပါတယ်finance။ အချက်ကျကျပြောရရင် ငွေကြေးဖောင်းပွမှု (Inflation) ကို ထည့်တွက်ကြည့်တဲ့အခါ အမြတ်အစွန်းက အနုတ်လက္ခဏာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်financeငွေကြေးဖောင်းပွမှု (Inflation) အကြောင်း ဒီမှာလေ့လာပါ။
ငွေရင်းနှီးမြှုပ်နှံခြင်းကို ပေါ်လွင်စေတဲ့ လက္ခဏာရပ်များကတော့ ရမယ့် အမြတ်အစွန်းများလေ စွန့်စားရမယ့် ဆုံးရှုံးနိုင်ခြေများလေ ဖြစ်ပါတယ်Morpheus
  • ရင်းနှီးမြှုပ်နှံခြင်းဆိုတာ အနည်းဆုံး ဆုံးရှုံးနိုင်ခြေကို စွန့်စားရယူခြင်း ဖြစ်ပါတယ်finance။ ဆိုလိုတာက ကိုယ့်ရဲ့ငွေကို တစ်ချို့တစ်ဝက်ဖြစ်စေ၊ အကုန်လုံးဖြစ်စေ ဆုံးရှုံးခံရနိုင်ပါတယ်။
  • ကိုယ့်ရဲ့ငွေတွေက ရင်းနှီးမြှုပ်နှံမှုတွေထဲမှာပဲ ပိတ်မိနေပြီး  လိုအပ်တဲ့အချိန်မှာ အလွယ်တကူမရနိုင်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။
  • ဒါကြောင့် ရင်းနှီးမြှုပ်နှံခြင်းဆိုတာ အချိန်ကာလအပိုင်းအခြားအကြာကြီးလို့ မှတ်ယူပြီး ဆောင်ရွက်သင့်တာဖြစ်ပါတယ်။
  • အလားအလာရှိတဲ့ အမြတ်အစွန်းများများရရှိဖို့အတွက်ဆိုရင် ဆုံးရှုံးနိုင်ခြေပိုများတဲ့ ရင်းနှီးမြှုပ်နှံခြင်းကို လက်ခံနိုင်မှပဲ ဖြစ်ပါလိမ့်မယ်။
ဘယ်တစ်ခုကို ရွေးချယ်ရမလဲ။
အလွယ်ဖြေရမယ်ဆိုရင်တော့ နှစ်ခုလုံးပါပဲ။
ငွေစုဆောင်းခြင်း နဲ့ ငွေရင်းနှီးမြှုပ်နှံခြင်းအတွက် ရွေးချယ်မှုက ဒွိဟဖြစ်စရာအကြောင်းတော့ မဟုတ်ပါဘူးfinance။ ကိုယ့်ရဲ့ ဘဏ္ဍာရေးအစီအစဉ်မှာ နှစ်ခုလုံး ပါသင့်ပါတယ်။
ကိုယ့်ရဲ့ တစ်ကိုယ်ရေဘဏ္ဍာရေးခရီးစဉ်ကို အခုမှစတင်တာ ဆိုရင်တော့ ငွေစုဆောင်းခြင်းဖြင့် အရင်ဆုံး စတင်ဖို့ အရေးကြီးပါတယ်။
ဘာလို့လဲဆိုရင် ရင်းနှီးမြှုပ်နှံခြင်းက ငွေတွေကို အလွယ်တကူပြန်လည် ထုတ်ယူအသုံးပြုဖို့ အဆင်ပြေစေမှာ မဟုတ်ပါဘူးfinance။ စုဆောင်းငွေမရှိပဲ ငွေရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် ငွေလိုအပ်လာတဲ့အခါ ငွေအလုံအလောက်မရှိတာမျိုး ဖြစ်နိုင်ပါတယ်finance။ (ဥပမာ – အရေးပေါ်အခြေအနေများမှာ)
ဒါ့အပြင် ဆုံးရှုံးဖို့ မတတ်နိုင်တဲ့ ငွေပမာဏကို ရင်းနှီးမြှုပ်နှံခြင်း မပြုလုပ်ပါနဲ့။
ဘယ်လောက်စုရမယ်၊ ဘယ်လောက်ရင်းနှီးမြှုပ်နှံရမယ်ဆိုတာကို ဒီမှာလေ့လာပါ။hello
ဘယ်လိုစုရမလဲ (သို့) ဘယ်လို ရင်းနှီးမြှုပ်နှံရမလဲ။
ငွေစုဆောင်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်းအတွက် ရွေးချယ်မှု အမျိုးမျိုး ရှိပါတယ်။
ဆုံးရှုံးနိုင်ခြေကို လျှော့ချဖို့အတွက် လမ်းကြောင်းအမျိုးမျိုးရောပြီး ဆောင်ရွက်တာကလည်း အကြံကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။
ငွေစုဆောင်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်း ရွေးချယ်မှုများကို ဒီမှာလေ့လာပါ။hello
ငွေစုဆောင်းခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်းမှာ ဆင်တူတာလေးတွေ ရှိပေမယ့် တကယ်တမ်းတော့ တော်တော် ကွာခြားပါတယ်။
နှစ်ခုလုံးကတော့ ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် အောင်မြင်စွာရောက်ရှိနိုင်ဖို့အတွက် ကူညီရာမှာ အရေးပါပါတယ်။hello
ဆောင်းပါးများ စုစည်းမှု –
ငွေစုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။