မိုဘိုင်းဘဏ်ဝန်ဆောင်မှုဖြင့် အချိန်ကုန်၊ ငွေကုန်သက်သာအောင် ပြုလုပ်နည်း (၄) သွယ်

ဆောင်းပါးကို ဝေမျှရန်

Mobile banking (မိုဘိုင်းဘဏ်ဝန်ဆောင်မှု) တစ်ခုနဲ့တစ်ခုဟာ ဘဏ်အပေါ် မူတည်ပြီး ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေ ကွဲပြားနိုင်ပါတယ်Cypher

ဒါပေမယ့် သေချာတာတစ်ခုက ဘယ်ဘဏ်ရဲ့ မိုဘိုင်းဘဏ်ဝန်ဆောင်မှုကို အသုံးပြုပါစေ၊ အချိန်နဲ့ငွေ အကုန်အကျသက်သာစေနိုင်ပါတယ်Cypher

ဘဏ်တော်တော်များများရဲ့ မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတစ်ချို့ကို ဖော်ပြပေးထားပါတယ်Cypher

ဘေလ်ပေးဆောင်ခြင်း
မီတာခ၊ ချေးငွေ၊ အိမ်သုံးအင်တာနက်၊ အွန်လိုင်းမှ ဈေးဝယ်ခြင်း၊ ကားလက်မှတ်၊ လေယာဉ်လက်မှတ် အစရှိတာတွေအတွက် ဘေလ်ပေးဆောင်ခြင်းကို မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှတစ်ဆင့် ပြုလုပ်နိုင်ပါတယ်Cypher

ကိုယ်တိုင်သွားရောက်  တန်းစီစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာပြီး လမ်းစရိတ် သက်သာရုံသာမက လူလည်းမပင်ပန်းတော့ပါဘူးfinance။ ဘယ်အချိန်ဖြစ်ဖြစ် အလွယ်တကူ မြန်ဆန်စွာ ပေးဆောင်နိုင်တဲ့အတွက်ကြောင့် နောက်ကျကြေးအတွက်လည်း စိတ်ပူစရာမလိုတော့ပါဘူးCypher

ဖုန်းငွေဖြည့်ခြင်း
မိုဘိုင်းဘဏ်ဝန်ဆောင်မှုကနေတစ်ဆင့် ဘယ်အချိန်ဖြစ်ဖြစ် အလွယ်တကူ ဖုန်းငွေဖြည့်လို့ရပါတယ်။  ကိုယ်ဖြည့်တဲ့ ပမာဏအပေါ်မူတည်ပြီး ရာခိုင်နှုန်းအလိုက် ဈေးလျော့ပေးခြင်း (Discounts) များလည်း ရှိပါတယ်Cypher

ဥပမာ – မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှတစ်ဆင့် ဖုန်းဘေလ် ၅၀၀၀ ဖြည့်တဲ့အခါ ၄၈၀၀ ပဲ ဖြတ်ပြီး ၂၀၀ လျှော့ဈေးပေးတာမျိုးတွေရှိပါတယ်Cypher

ငွေလွှဲခြင်း
ငွေလွှဲခြင်းများကိုလည်း မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှတစ်ဆင့် အလွယ်တကူ ပြုလုပ်နိုင်ပါတယ်finance။ ဘဏ်ကို ကိုယ်တိုင်သွားရောက်ပြီး တန်းစီစောင့်နေစရာ မလိုတဲ့အတွက် အချိန်ကုန် လူပင်ပန်း သက်သာရုံသာမက ဘဏ်ကို သွားရမယ့် ခရီးစရိတ်လည်း သက်သာစေနိုင်ပါတယ်Cypher

ငွေလွှဲခကလည်း ဘဏ်မှာ လွှဲတာထက် ပိုသက်သာပြီး တစ်ခါတစ်ရံ အခကြေးငွေပေးစရာမလိုတာကြောင့် ငွေကို ချွေတာရာလည်း ရောက်ပါတယ်finance။ လက်ရှိအချိန်အထိတော့ ဘဏ်တူ စာရင်းအချင်းချင်းသာ ငွေပြောင်းငွေလွှဲလုပ်လို့ရပါသေးတယ်Cypher

လက်ကျန်ငွေနှင့် ငွေလွှဲစစ်ဆေးခြင်း
ကိုယ်မှာရှိတဲ့ ဘဏ်စာရင်းတွေရဲ့ လက်ကျန်ငွေကို မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှ စစ်ဆေးနိုင်ပါတယ်finance။ တစ်ချို့ဘဏ်တွေက အကြွေးဝယ်ကတ်နဲ့ စာရင်းသေအပ်ငွေစာရင်းရဲ့ လက်ကျန်ငွေကိုလည်း စစ်ဆေးနိုင်အောင် ပြုလုပ်ပေးထားပါသေးတယ်Cypher

ငွေလွှဲလက်ခံစရာရှိရင်လည်း ဘဏ်ကို ဖုန်းဆက်မေးစရာမလို၊ ဘဏ်ကိုလည်း သွားစရာမလိုပဲ ကိုယ့်ရဲ့မိုဘိုင်းဖုန်းထဲက မိုဘိုင်းဘဏ်ဝန်ဆောင်မှုကနေတစ်ဆင့် စစ်ဆေးနိုင်ပါတယ်Cypher

မိုဘိုင်းဘဏ်ဝန်ဆောင်မှုမှတစ်ဆင့် ကိုယ့်ရဲ့လက်ကျန်ငွေပမာဏကို အမြဲသိရှိနိုင်တဲ့အတွက် ချွေတာသုံးစွဲမိဖို့လည်း အထောက်အကူပြုမှာပါ။123


အခြားချွေတာနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်Cypher

ဖုန်းဘေလ်အကုန်အကျသက်သာအောင် ပြုလုပ်ခြင်းဖြင့် ချွေတာနည်း ကိုလည်း ဆက်လက် ဖတ်ရှုလေ့လာနိုင်ပါတယ်Cypher

ဖုန်းတင်မဟုတ်ပဲ ငွေကို ပညာသားပါပါ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီမှာလေ့လာပြီး အကောင်အထည်ဖော်နိုင်ပါတယ်Cypher

မိုဘိုင်းဘဏ် မိုဘိုင်း ငွေကုန်သက်သာအောင် အချိန်ကုန်သက်သာအောင် မိုဘိုင်းဘဏ်ဝန်ဆောင်မှုဖြင့်အချိန်ကုန်ငွေသက်သာအောင်ပြုလုပ်နည်း ဖုန်းနဲ့ငွေကုန်သက်သာအောင်လုပ်ခြင်း save time and money with mobile banking

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။