အပိုဝင်ငွေရှာခြင်း – ဝင်ငွေလမ်းကြောင်း တိုးများလာအောင် ပြုလုပ်ခြင်း

ဆောင်းပါးကို ဝေမျှရန်

ကျွန်တော်တို့ တော်တော်များများက လိုချင်တဲ့အရာ တစ်စုံတစ်ခု ဝယ်ယူဖို့ဖြစ်ဖြစ်၊ အကြွေးတွေ ဆပ်ချင်လို့ပဲ ဖြစ်ဖြစ်၊  ဘဝကို ပိုပြီး တိုးတက်ကောင်းမွန်အောင် လုပ်ချင်လို့ပဲဖြစ်ဖြစ် အပိုဝင်ငွေကို အနည်းနဲ့အများတော့ ရှာနိုင်ကြပါတယ်။

ဝင်ငွေတိုးများလာအောင် လုပ်ဖို့အတွက် စဉ်းစားရမယ့် မေးခွန်း (၂) ခု ရှိပါတယ်။

  • အဓိကဝင်ငွေလမ်းကြောင်းကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ။
  • ဝင်ငွေလမ်းကြောင်းတွေ ထပ်ပြီးများလာအောင် ဘယ်လိုဖန်တီးမလဲ။

ဒီနေရာမှာတော့ ဒုတိယအချက်ကို ပိုပြီးအဓိကထားချင်ပါတယ်။


ဝင်ငွေလမ်းကြောင်း တိုးများလာအောင် ပြုလုပ်ခြင်း

ဝင်ငွေလမ်းကြောင်းတွေ များလာအောင် ပြုလုပ်တဲ့အခါမှာ ဝင်ငွေလမ်းကြောင်း (၇) ခုကို ပြန်လည်လေ့လာကြည့်သင့်ပါတယ်။ အပိုဝင်ငွေကို ကိုယ့်ရဲ့ အဓိကဝင်ငွေလမ်းကြောင်းကနေ ရရှိနိုင်သလို အခြားဝင်ငွေလမ်းကြောင်းကနေလည်း ရရှိနိုင်ပါတယ်။

ဥပမာ ပြောရရင် ကိုယ့်ရဲ့ အဓိကဝင်ငွေလမ်းကြောင်းက ရုံးတက်ရက်တွေမှာ အလုပ်လုပ်ခြင်းဖြင့် ရရှိတဲ့ လစာ၊ လုပ်အားခဝင်ငွေဖြစ်တယ်ဆိုရင် ရုံးပိတ်ရက်တွေမှာ အချိန်ပိုင်းအလုပ်လုပ်ခြင်းဖြင့်လည်း အပိုလုပ်အားခဝင်ငွေကို  ရရှိနိုင်ပါတယ်။

ဒီလိုပဲ ကိုယ့်ရဲ့အချိန်တွေကို အခြားကိုယ်ပိုင်လုပ်ငန်း သေးသေးလေးတစ်ခုမှာ အသုံးချပြီး အကျိုးအမြတ်ဝင်ငွေ ရရှိအောင်လည်း ပြုလုပ်နိုင်ပါတယ်။

ဝင်ငွေလမ်းကြောင်း (၇) ခုကို ပြန်လည်လေ့လာပြီး ဒါလေးတွေကို စဉ်းစားကြည့်ပါ။

  • ဘယ်အပိုင်းမှာ ကျွမ်းကျင်လဲ။
  • ဘယ်လိုအလုပ်ဆိုရင်  လုပ်ပျော်လဲ။
  • အချိန် ဘယ်လောက်ပေးနိုင်လဲ။
  • ရင်းနှီးဖို့ငွေ ဘယ်လောက်ရှိလဲ။
  • ဝင်ငွေတိုးအောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းရှိလား။

ဒါတွေအပေါ်မူတည်ပြီး တစ်ချို့ဝင်ငွေလမ်းကြောင်းတွေက  တခြားလမ်းကြောင်းတွေထက် ပိုပြီး အဓိပ္ပာယ်ရှိတာမျိုးလည်း ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဝင်ငွေလမ်းကြောင်း တော်တော်များများက ဝင်ငွေရရှိအောင် မလုပ်နိုင်ခင်မှာ ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှု၊ အချိန်နဲ့ အားထုတ်မှုတွေ လိုအပ်ပါတယ်။

ဝင်ငွေလမ်းကြောင်း ထပ်မံတိုးပွားလာအောင် ပြုလုပ်တဲ့အခါမှာ ကိုယ့်ရဲ့လက်ရှိအလုပ် သို့မဟုတ် အဓိကဝင်ငွေလမ်းကြောင်းကို မထိခိုက်အောင် ဂရုစိုက်ဖို့တော့ လိုပါတယ်။

အပိုဝင်ငွေရအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို ဆက်လက်လေ့လာကြည့်ပါ။

အပိုဝင်ငွေ ဝင်ငွေ အပိုဝင်ငွေဘယ်လိုရှာ အပိုဝင်ငွေရရှိရန် အပိုငွေ ငွေပို အပိုဝင်ငွေရှာနည်း အပိုဝင်ငွေဘယ်လိုရနိုင်လဲ ဝင်ငွေတိုးပွားနည်း အပိုဝင်ငွေရှာခြင်း အပိုဝင်ငွေရှာခြင် လုပ်ငန်း လုပ်ငန်းများ အသေးစားလုပ်ငန်းများ အသေးစားလုပ်ငန်း အပိုဝင်ငွေရှာခြင်း ဝင်ငွေတိုးပွားနည်း လုပ်ငန်း လုပ်ငန်းများ အသေးစားလုပ်ငန်းများ အသေးစားလုပ်ငန်း making extra money business

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။