အဆင့် (၁) ။ ။ ဇွဲ၊ လုံ့လရှိပါ။

ဆောင်းပါးကို ဝေမျှရန်

ဆောင်းပါးများ စုစည်းမှု –


အဓိကအချက်များ

  • ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှုဟာ အချိန်နဲ့အင်အားစိုက်ထုတ်ရပါတယ်။
  • ခက်ခဲတဲ့အပေးအယူတွေနဲ့ အနစ်နာခံပေးဆပ်မှုတွေ လုပ်ဖို့လိုအပ်တာမျိုးတွေရှိနိုင်ပါတယ်။
  • အထိန်းအကွပ်ရှိဖို့ ကိုယ့်ကိုယ်ကို ကတိကဝတ်ပြုထားဖို့လိုအပ်ပါတယ်။

အသုံးအဖြုန်းမှာ မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေလားdingar။ ငွေကြေးစီမံအဖွဲ့ကနေ ကြိုဆိုပါတယ်dingar။ ကျွန်တော်တို့တော်တော်များများဟာ ငွေရေးကြေးရေးနဲ့ပတ်သက်ရင် စီမံခန့်ခွဲမှု အခက်အခဲရှိကြတာချည်းပါပဲdingar။ ဒါ ပုံမှန်ပါပဲNeo

ကိုယ်ပိုင်ငွေကြေးစီမံရာမှာ ပထမဆုံးအဆင့်အနေနဲ့ အစီအစဉ်တကျရေးဆွဲချမှတ်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီး ကိုယ့်ကိုယ်ကို ကတိပြုထားဖို့ပဲဖြစ်ပါတယ်dingar။ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲတယ်ဆိုတာ အချိန်နဲ့အင်အားတော့ စိုက်ရပါတယ်Neo

ဒါပေမယ့်လည်း မကုန်သင့်တာမကုန်အောင်  ကိုယ့်ရဲ့ငွေကြေးကိုစီမံခန့်ခွဲတတ်ဖို့ အချိန်ယူတာဟာ ငွေကိုချွေတာစုဆောင်းတာပဲပေါ့dingar။ ငွေကြေးစီမံခန့်ခွဲတတ်တယ်ဆိုတာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခနှုန်းထားတွေ၊ နောက်ကျကြေးတွေ ပေးစရာမလိုတော့ပဲ ငွေကိုလည်း ပညာသားပါပါ သုံးစွဲနိုင်တာပေါ့dingar။ ပြောင်းပြန်အားဖြင့် ငွေကို ကောင်းကောင်းမစီမံနိုင်တာဟာ မကုန်သင့်ပဲ အကုန်အကျ များစေတာပါပဲNeo

အထိန်းအကွပ်ရှိအောင် ကြိုးစားလုပ်ဆောင်နေချိန်မှာ အခက်အခဲလေးတွေတော့ ရှိကောင်းရှိနေနိုင်ပါတယ်dingarခက်ခဲတဲ့အပေးအယူတွေနဲ့ အနစ်နာခံပေးဆပ်မှုတွေ လုပ်ဖို့လိုအပ်တာမျိုးတွေတောင် ဖြစ်လာနိုင်ပါတယ်Neo

ကိုယ့်အတွက် ဘယ်ဟာက မရှိမဖြစ်လိုအပ်တာတွေ၊ ဘယ်ဟာက မရှိလည်းဖြစ်တယ်ဆိုတာတွေ၊ ဘယ်ဟာကတော့ ကိုယ်ဝယ်ယူဖို့ မတတ်နိုင်တာတွေ အစရှိသဖြင့် ကိုယ့်ကိုယ်ကို အမှန်အတိုင်း ရိုးရိုးသားသားလက်ခံဖို့ လိုအပ်ပါတယ်Neo

ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲခြင်းဆိုတာ လွယ်ကူတဲ့အရာတော့ မဟုတ်ဘူးdingar။ ဒါပေမယ့်လည်း ဒီအတိုင်း ရေစုံမျောနေလိုက်လို့ ပြီးသွားတဲ့ ကိစ္စလည်းမဟုတ်ပြန်ဘူးdingar။ တဖြေးဖြေးနဲ့ အလေ့အထလေးဖြစ်လာပြီဆိုရင်တော့ ပိုပြီးလွယ်ကူလာသလို ကိုယ့်ကိုယ်ကိုလည်း စည်းနဲ့ဘောင်နဲ့ အထိန်းအကွပ်နဲ့ ဖြစ်လာပါလိမ့်မယ်Neo

အဲဒီတော့ အမှန်တကယ်ပဲ ကိုယ့်ရဲ့ ငွေအသုံးအဖြုန်းမှာ အထိန်းအကွပ်ရှိအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် နောက်မဆုတ်တမ်းလိုက်နာလုပ်ဆောင်ဖို့ ဇွဲ၊ လုံ့လ ရှိရပါမယ်။world


ကဲ … အထိန်းအကွပ်နဲ့ဖြစ်အောင်လုပ်ဖို့ အဆင်သင့်ဖြစ်ပြီလားNeo

ဒါဆို အဆင့် (၂) dingardingar။ ရည်မှန်းချက်တွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေအတွက် စုပါ ဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။world


ဆောင်းပါးများ စုစည်းမှု –

တစ်ကိုယ်ရေဘဏ္ဍာရေးစီမံခန့်ခွဲခြင်း

ငွေကြေးစီမံ ဘဏ္ဍာရေးစီမံ ဘဏ္ဍာရေး အဆင့်၁ အဆင့် ၁ ငွေကြေးစီမံခန့်ခွဲခြင်း ဇွဲ လုံ့လရှိခြင်း အထိန်းအကွပ် ဘဏ္ဍာရေးစီမံခန့်ခွဲ အဆင့်၁ managing money making commitment step 1

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။