ဗီဒီယို – [အပိုင်း – ၂] ပြန်လည်သုံးသပ်ချက်များ – ငွေကြေးကျန်းမာရေး စစ်ဆေးခြင်း

အပိုင်း (၁) မှာ တုန်းက မေးခွန်းတွေနဲ့ ရွေးစရာအဖြေတွေအပေါ် ရှင်းလင်းချက်တွေကို ဖော်ပြထားပေးပြီး ဖြစ်ပါတယ်။ ဒီအပိုင်း (၂) မှာတော့ အပိုင်း (၁) မှာ ဖော်ပြထားတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို … ဆက်လက်ဖတ်ရှုရန်

ဗီဒီယို – [အပိုင်း – ၁] မေးခွန်းများ – ငွေကြေးကျန်းမာရေး စစ်ဆေးခြင်း

ကျနော်တို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေး အရေးကြီးသလိုပဲ ကျနော်တို့ရဲ့ ငွေကြေးကျန်းမာရေးကိုလည်း ပုံမှန်စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ဒီအပိုင်း (၁) မှာ ကိုယ့်ရဲ့တစ်ကိုယ်ရေဘဏ္ဍာရေးအတွက် ငွေကြေးကျန်းမာရေးကို စစ်ဆေးဖို့ အထောက်အကူဖြစ်စေမယ့် ရိုးရှင်းတဲ့ အဖြေမှန်ရွေး မေးခွန်း ၁၀ … ဆက်လက်ဖတ်ရှုရန်

ဗီဒီယို – တစ်ကိုယ်ရေဘဏ္ဍာရေး ဆိုတာဘာလဲ။ ဘာကြောင့် အရေးပါတာလဲ။

ကျနော်တို့ရဲ့ တစ်ကိုယ်ရေဘဏ္ဍာရေးကို စီမံခန့်ခွဲဖို့ အရေးကြီးတယ်ဆိုတာ အများစုက သိထားပြီးသား ဆိုပေမယ့် များသောအားဖြင့် အဲဒီဘက်ကို အချိန်ပေးပြီး အာရုံသိပ်မစိုက်ဖြစ်ကြပါဘူး။ တကယ်တော့ တစ်ခါတလေမှာ ဘယ်ကနေစလုပ်ရမှန်းတောင် သေချာမသိတာတွေ ရှိပါတယ်။ တစ်ကိုယ်ရေဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး … ဆက်လက်ဖတ်ရှုရန်

စီးပွားရေးအကျပ်အတည်းအတွင်း ငွေဖြစ်လွယ်မှုကို စီမံခန့်ခွဲခြင်း

ဆောင်းပါးများ စုစည်းမှု – SME အတွက် စီးပွားကပ်ကာလစီမံခန့်ခွဲမှု စီးပွားကပ်ကာလမှာ ချက်ချင်းလုပ်ရန်အဆင့်များ စီးပွားကပ်ကာလအတွက် လမ်းညွှန်နိယာမများ စီးပွားကပ်ကာလစီမံခန့်ခွဲရေး ဆောင်ရွက်ရန်စာရင်း စီးပွားကပ်ကာလအတွင်း ငွေဖြစ်လွယ်မှုစီမံနည်း စီးပွားရေးအကျပ်အတည်းဖြစ်ပြီဆိုရင် ငွေဖြစ်လွယ်မှုက ခန်းခြောက်ရပ်ဆိုင်းနိုင်ပါတယ်။ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်ခဲ့မယ်ဆိုရင် … ဆက်လက်ဖတ်ရှုရန်

အလုပ်အကိုင်ဆုံးရှုံးရတဲ့အခါ ဘာတွေလုပ်သင့်သလဲ။

အလုပ်အကိုင်ဆုံးရှုံးရတယ်ဆိုတာ ကိုယ့်အတွက် အဆိုးရွားဆုံးအရာ တွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်အပြစ်လည်း မဟုတ်ပဲ အလုပ်ဆုံးရှုံးတဲ့အချိန်မျိုးပေါ့။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အလုပ်ဆုံးရှုံးခြင်းက ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ ဘဝပန်းတိုင်တွေကို ပြန်လည်ချင့်ချိန်သုံးသပ်ကြည့်ဖို့အတွက် အခွင့်အလမ်းကောင်းတစ်ခု လည်း မှတ်ယူနိုင်ပါတယ်။ … ဆက်လက်ဖတ်ရှုရန်

စီးပွားရေးကျဆင်းချိန်မှာ ကိုယ်ပိုင်ဘဏ္ဍာရေးကို ဘယ်လိုစီမံမလဲ။

ပုံမှန်အချိန်တွေမှာ ကိုယ်ပိုင်ဘဏ္ဍာရေးကို စီမံတာ အရေးကြီးသလို စီးပွားရေးကျဆင်းနေတဲ့အချိန်မှာ ကိုယ်ပိုင်ဘဏ္ဍာရေးစီမံရတာ သေရေးရှင်ရေးသမျှ အရေးကြီးပါတယ်။ ဒီလို စီးပွားရေးကျဆင်းချိန်တွေကို ဖြတ်ကျော်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကြိုတင်ပြင်ဆင်ထားခြင်းပါပဲ။ ပုံမှန်အဆင်ပြေနေတဲ့အချိန်တွေမှာ ဘဏ္ဍာရေးကို ကောင်းကောင်းစီမံပြီး ငွေတွေစုဆောင်းထားမယ်ဆိုရင်တော့ ဒီလိုအခြေအနေတွေကို … ဆက်လက်ဖတ်ရှုရန်

၅၀/၃၀/၂၀ စည်းမျဉ်း

၅၀/၃၀/၂၀ စည်းမျဉ်းက အသုံးစရိတ် တွက်ရလွယ်ကူပြီး ထိရောက်တဲ့နည်းလမ်းကို လိုချင်တဲ့ လူတိုင်းအတွက် ရိုးရှင်းပြီး လက်တွေ့ကျတဲ့ စည်းမျဉ်းတစ်ခုပါ။ ဒီစည်းမျဉ်းလေးအတိုင်း လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့ ဝင်ငွေကို စိတ်တိုင်းကျသုံးနိုင်ရုံသာမက တစ်ဖက်မှာလည်း ငွေကို အလိုအလျောက် … ဆက်လက်ဖတ်ရှုရန်

Quick Budget Calculator

အသုံးစရိတ်တွက်စက် – တစ်ရက်ကို ပိုက်ဆံဘယ်လောက်သုံးရမလဲ။

အပတ်စဉ်၊ နေ့စဉ် အသုံးစရိတ်ကို အကန့်အသတ် ဘယ်လောက်ထားမလဲဆိုတာကို တွက်ချက်တဲ့ ဂဏန်းတွက်စက်ဖြစ်ပါတယ်။ ဒီလိုတွက်ခြင်းအားဖြင့် တစ်လတစ်လ သုံးလိုက်တဲ့ အသုံးစရိတ်ကို သိရှိနိုင်ပြီး ငွေစုဖို့အတွက်လည်း သိရှိစေနိုင်ပါတယ်။ တစ်ပတ်ကို အများဆုံး ဘယ်လောက်သုံးရမလဲ။ တစ်ရက်ကို … ဆက်လက်ဖတ်ရှုရန်

Step 2 Know your Aspirations

အဆင့် (၂) ။ ။ ရည်မှန်းချက် ရှိပါ။

ငွေကြေးအခက်အခဲကြောင့် လောလောဆယ် ရရှိပိုင်ဆိုင်ဖို့ မတတ်နိုင်သေးတဲ့ ရည်မှန်းချက်တွေ ရှိကြမှာပါ။ ဥပမာ – ကားတစ်စီးဝယ်ဖို့၊ အိမ်တစ်ဆောင်ပိုင်ဆိုင်ဖို့၊ အပန်းဖြေခရီးထွက်ဖို့၊ လုပ်ငန်းတစ်ခုစတင်ဖို့၊ သင်တန်းတစ်ခုခုတက်ဖို့ စတဲ့ရည်မှန်းချက်တွေရှိတယ်ဆိုပါစို့။ အဲဒီလို အရာတွေအတွက် ငွေစုတာက အရေးကြီးတာပေါ့။ မဟုတ်ရင် ဘယ်တော့မှ တတ်နိုင်မှာ မဟုတ်တော့ဘူးလေ။ သူများဆီကပိုက်ဆံချေးပြီးမှ ဝယ်မယ်ဆိုရင်လည်း အတိုးများများနဲ့ အကြွေးတင်ရုံပဲ ရှိမှာပေါ့။

Step 3 Keep Track of Your Situation

အဆင့် (၃) ။ ။ ငွေစီးကြောင်းတွေကို သိထားပါ။

စုဖို့တော့ ကြိုးစားနေတယ် ဒါပေမယ့် ဘယ်တော့မှ အကောင်အထည်မဖော်နိုင် ဖြစ်နေတယ်။ ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပါလိမ့် ဆိုပြီး စဉ်းစားယူနေရတယ်။ ခင်ဗျား အဲလိုတွေ ဖြစ်နေပြီဆိုရင်တော့ ကိုယ့်ရဲ့ငွေထွက်လမ်းကြောင်းကို သိဖို့အချိန်တန်ပါပြီ။ကျွန်တော်တို့တွေ တော်တော်များများက ကိုယ့်ရဲ့ဝင်ငွေဘယ်လောက်ရှိလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါပေမယ့် အသုံးအစွဲနဲ့ ပတ်သက်ရင်တော့ ဘယ်သူမှ အဲလောက်ထိ စေ့စပ်သေချာတာ သိပ်မရှိကြပါဘူး။ အိမ်ငှားခလို အကြီးစား အသုံးစရိတ်ကိုတော့ သိချင်သိနိုင်ပေမယ့် ဖုန်းဘေလ်လိုမျိုး အသေးအဖွဲလေးတွေကို မစဉ်းစားမိကြပါဘူး။

Step 4 Plan your Budget

အဆင့် (၄) ။ ။ အသုံးစရိတ်အစီအစဉ်ရေးဆွဲပါ။

ကိုယ့်ရဲ့ငွေကြေးကို ထိန်းချုပ်နိုင်ဖို့ အစီအစဉ်ရေးဆွဲထားရပါတယ်။ ဒါကို “ဘတ်ဂျက်” ရေးဆွဲသတ်မှတ်တယ်လို့ ခေါ်တယ်။ ဘတ်ဂျက်ရေးဆွဲဖို့ဆိုတာ မှန်ကန်တဲ့နည်းလမ်းတစ်ခုတည်း ရှိတာတော့မဟုတ်ဘူး။ ရည်ရွယ်ချက်ကတော့ အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့အရာကို ရည်မှန်းချက်ကြီးကြီးနဲ့ ပန်းတိုင်ထားရှိဖို့ပါပဲ။ပြီးတော့ တစ်လချင်းစီကို ပိုက်ဆံစုဆောင်းနိုင်ဖို့ အစီအစဉ်ရေးဆွဲရခြင်းပဲဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်ရတဲ့ငွေထက် လျော့သုံးဖို့ပဲဖြစ်ပါတယ်။အသုံးစရိတ်အစီအစဉ်ထဲမှာ အသုံးစရိတ်အမျိုးအစား ၃ မျိုးခွဲထားပါတယ်။

Step 5 Stick to the Plan

အဆင့် (၅) ။ ။ လိုက်နာဆောင်ရွက်ပါ။

အခု အသုံးစရိတ်ဘတ်ဂျက်တွေလည်း ချမှတ်ထားပြီးပြီဆိုတော့ လိုက်နာဆောင်ရွက်ဖို့ပဲ ကျန်တော့တယ်။ စည်းကမ်း ရှိဖို့တော့ လိုအပ်တာပေါ့လေ။ အဆင့် (၁) မှာ ကိုယ့်ရဲ့ငွေရေးကြေးရေးကို အထိန်းအကွပ်ရယူဖို့ ကတိပြုထားပြီးသားဆိုတာကို သတိရဖို့ နောက်တစ်ကြိမ် အသိပေးချင်ပါတယ်။ကိုယ့်ရဲ့ သတ်မှတ်ထားတဲ့ ဘတ်ဂျက်ကို သိရှိပြီး ကိုယ့်ရဲ့အသုံးစရိတ်ကို အမြဲသတိပြုပါ။ အဆင့် (၃) မှာ ပြောထားတဲ့အတိုင်းပဲ ကိုယ့်ပိုက်ဆံတွေ ဘယ်ရောက်ကုန်လဲဆိုတာ သိဖို့ အရမ်းအရေးကြီးပါတယ်။ အဲလိုမှ မသိရင်တော့ ဆက်ပြီး ပရမ်းပတာ ဖြစ်နေဦးမှာပဲ။

5 Steps to Taking Control of Your Finances

တစ်ကိုယ်ရေဘဏ္ဍာရေး စီမံခန့်ခွဲခြင်း အဆင့် (၅) ဆင့်

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်ပိုင်ဘဏ္ဍာရေးထက် အရေးပါတာဆိုလို့ အနည်းအကျဉ်းပဲရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့တော်တော်များများဟာ ဒီအချက်ကို သိပ်ပြီးအာရုံမစိုက်ဖြစ်ကြပါဘူး။ ကိုယ့်ရဲ့ ငွေကြေးတွေကို အထိန်းအကွပ်ရှိအောင် ဘယ်လိုစပြီးလုပ်ရမလဲ ဆိုတာကို အဆင့် (၅) ဆင့်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

Step 1 Making a Commitment

အဆင့် (၁) ။ ။ ဇွဲ၊ လုံ့လရှိပါ။

အသုံးအဖြုန်းမှာ အထိန်းအကွပ်မရှိ ဖြစ်နေလား။ ဒါဆိုရင်တော့ ပရမ်းပတာအဖွဲ့ကနေ ကြိုဆိုပါတယ်။ ကျွန်တော်တို့တော်တော်များများဟာ ငွေရေးကြေးရေးနဲ့ပတ်သက်ရင် စီမံခန့်ခွဲမှုအပိုင်းမှာ အခက်အခဲရှိကြတာချည်းပါပဲ။ ဒါ ပုံမှန်ပါပဲ။ကိုယ်ပိုင်ငွေကြေးစီမံရာမှာ ပထမဆုံးအဆင့်အနေနဲ့ အစီအစဉ်တကျရေးဆွဲချမှတ်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီး ကိုယ့်ကိုယ်ကို ကတိပြုထားဖို့ပဲဖြစ်ပါတယ်။ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲတယ်ဆိုတာ အချိန်နဲ့အင်အားတော့ စိုက်ရပါတယ်။