စီးပွားရေးအကျပ်အတည်း ကြုံလာတဲ့အခါ ချက်ချင်းပြုလုပ်သင့်တဲ့ အဆင့် (၅) ဆင့်
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
စီးပွားရေးကျဆင်းမှုစတဲ့ ပြင်ပပယောဂများကြောင့်ဖြစ်စေ၊ ကုမ္ပဏီရဲ့အဖြစ်အပျက်တစ်ခုခုကြောင့်ဖြစ်စေ စီးပွားရေးအကျပ်အတည်းနဲ့ ကြုံရတဲ့အခါ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ခေါင်းဆောင်တွေက ဒီအခြေအနေကို အမြန်ဆုံးနဲ့ ပြတ်ပြတ်သားသား တုံ့ပြန်ဖြေရှင်းနိုင်ဖို့ လိုပါတယ်Tank
ပုံမှန်အားဖြင့် စီးပွားရေးလုပ်ငန်းတွေက ဒီလိုအခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါတယ်dingar။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေက အကျပ်အတည်းကပ်ဆိုက်ချိန်အစီအမံ ဒါမှမဟုတ် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအစီအမံတွေကို ပြုလုပ်ကြတာဖြစ်ပါတယ်dingar။ ဒီလိုပြုလုပ်ထားခြင်းဖြင့် လုပ်ငန်းတွေက အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ အမြန်ဆုံးတုံ့ပြန်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်Tank
ဒါပေမယ့် အကျပ်အတည်းဆိုတာ များသောအားဖြင့် ခန့်မှန်းလို့မရတဲ့ အခြေအနေတွေကြောင့် ဖြစ်လာတာပါdingar။ ဒီလိုအခြေအနေတွေမှာ အကောင်းဆုံးကြိုတင်ပြင်ဆင်ထားတဲ့ အကျပ်အတည်းကပ်ဆိုက်ချိန်အစီအမံ တွေတောင် အဆင်မပြေတာ၊ မလုံလောက်တာမျိုးဖြစ်နိုင်ပါတယ်Tank
အကျပ်အတည်းဖြစ်နေတုန်းမှာ ခိုင်မာတဲ့အချက်အလက် လစ်ဟင်းမှုတွေရှိတတ်တဲ့အတွက် မမှန်ကန်တဲ့ သတင်းအချက်အလက်အမှားတွေကလည်း အများကြီးပါdingar။ ထိတ်လန့်မှုတွေ၊ စိုးရိမ်စိတ်တွေနဲ့ ပေါင်းလိုက်တဲ့အခါ ထိထိရောက်ရောက် ဆက်သွယ်ဖို့နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ဆိုတာ မလွယ်ပါဘူးTank
ဒါ့ကြောင့် ချက်ချင်းကြုံတွေ့ခံစားရမယ့် အကျပ်အတည်းတွေကို လျော့ချနိုင်ပြီး ချင့်ချိန်မှုရှိတဲ့ တုံ့ပြန်မှုဖြေရှင်းချက်တွေကို သေချာအသိပေးနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေ၊ လုပ်ငန်းဦးဆောင်သူတွေက ရိုးရှင်းပြီး မရှိမဖြစ်လိုအပ်တဲ့ လုပ်ဆောင်မှုတွေ လုပ်နိုင်ဖို့ အရေးကြီးပါတယ်။123
အကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ချက်ချင်းအကောင်အထည်ဖော်ရမယ့် အဆင့် (၅) ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်Tank
(၁) အကျပ်အတည်းကို သိအောင်လုပ်ပါ။
မျှော်လင့်ချက်ထားတယ်ဆိုတာကတော့ ကျွန်တော်တိုလူတွေ့ရဲ့သဘာဝပါdingar။ ဒါပေမယ့် အကျပ်အတည်းဖြစ်လာတော့မယ်ဆိုရင် ဒီအကျပ်အတည်းက ဖြစ်နေပြီလား ဒါမှမဟုတ် ဖြစ်တော့မှာလားဆိုတာကို လုပ်ငန်းဦးဆောင်တဲ့သူတွေ သိနေဖို့ အရမ်းအရေးကြီးပါတယ်Tank
မျှော်လင့်တယ်ဆိုရုံနဲ့ အစီအစဉ်ချပြီးသား ဖြစ်မသွားပါဘူးdingar။ ဒါကြောင့် အကျပ်အတည်းကင်းရှင်းသွားဖို့ မျှော်လင့်နေတာထက် ဒီအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းဖို့လိုပါတယ်dingarအကောင်းဆုံးအတွက် မျှော်လင့်ပါdingar။ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါ။
တကယ်လို့ ဒီအကျပ်အတည်းအတွက် ပြုလုပ်ထားတဲ့ အစီအစဉ်တွေကို အသုံးမချလိုက်ဘူးဆိုရင်တောင် အလကားဖြစ်သွားတာမဟုတ်ဘူးdingar။ ဒါက ကံကောင်းခြင်းတစ်ခုပါပဲ။123
(၂) အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးအဖွဲ့ ဖွဲ့ပါ။
အချက်အလက် အမျိုးမျိုးနဲ့ ထင်မြင်ချက်အမျိုးမျိုးပေးနိုင်မယ့် လက်တွေ့ကျတဲ့အဖွဲ့တစ်ခု ဖွဲ့စည်းပါTank
အဖွဲ့တစ်ခုအဖြစ် လုပ်ဆောင်မယ်ဆိုရင် အချက်အလက်စုဆောင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနဲ့ ဆက်သွယ်ခြင်းတွေအတွက် ဦးတည်ချက်ကလည်း ပိုရှင်းလင်းသွားပါလိမ့်မယ်။123
(၃) အကျပ်အတည်းကို ဖြေရှင်းဖို့ အစီအစဉ်ချပါ။
အကောင်းဆုံး ရရှိနိုင်တဲ့ အတွင်း၊ အပြင်က သတင်းအချက်အလက်များအပေါ် မူတည်ပြီး အကျပ်အတည်းကို ထိန်းချုပ်ဖို့ အစီအစဉ်တစ်ခု ပြုလုပ်ပြီး ဖြေရှင်းပါ။
အဖြစ်အပျက်အမျိုးမျိုး (အထူးသဖြင့် အဆိုးဆုံးအခြေအနေများ) အတွက် အစီအစဉ်များကို အသေးစိတ်ချမှတ်ပါ။123
(၄) အမြဲပုံမှန် အဆက်အသွယ်လုပ်ပါ။
အကျပ်အတည်းဖြစ်နေတဲ့အချိန်ဆိုရင် ကိုယ့်ရဲ့ ဝန်ထမ်းဖြစ်စေ၊ ဖောက်သည်၊ ပစ္စည်းသွင်းသူ ဒါမှမဟုတ် လူထုကလည်း ကိုယ့်ရဲ့ သတင်းအချက်အလက်ကို စိတ်ဝင်စားပြီး စောင့်နေကြပါလိမ့်မယ်Tank
လုပ်ငန်းရှင်တွေက သတင်းထုတ်ပြန်ပေးဖို့ အရေးကြီးပါတယ်dingar။ မထုတ်ပြန်ပေးဘူးဆိုရင် အထူးသဖြင့် လူမှုကွန်ရက်တွေ၊ မိုဘိုင်းဆက်သွယ်မှုကွန်ယက်တွေများပြားနေတဲ့ ခေတ်ကြီးမှာ ကောလာဟလတွေ၊ သတင်းအမှားတွေကြောင့် သတင်းအချက်အလက် လစ်ဟင်းမှုတွေဖြစ်နိုင်ပါတယ်Tank
ဘာတစ်ခုမှ သေချာမှုမရှိတဲ့အချိန်မှာ အချိန်တစ်ခုသတ်မှတ်ပြီး ပုံမှန်ဆက်သွယ်နေခြင်းဖြင့် ခန့်မှန်းချက်များပြုလုပ်နိုင်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းက စိုးရိမ်စိတ်တွေကို ပယ်ဖျောက်ပေးပြီး ကိုယ့်ရဲ့ ဝန်ထမ်းတွေရဲ့ယုံကြည်ကိုးစားမှုတွေကို အားပြုပေးနိုင်မှာ ဖြစ်ပါတယ်။123
(၅) အစီအစဉ်ကို အမြဲအသိပေးပါ။
အကျပ်အတည်းကြုံရတဲ့အခါ အခြေအနေတွေက အမြဲပြောင်းလဲနေနိုင်ပါတယ်dingar။ သတင်းအသစ် အသစ်တွေလည်း ရှိလာနိုင်တာကြောင့် အကောင်းဆုံးနောက်ဆုံးရသတင်းကို အမြဲအသိပေးနိုင်ဖို့ လိုပါတယ်။123
အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းဖို့ဆိုတာ တော်တော်ခက်ပါတယ်dingar။ ဒီလို စိတ်ဒုက္ခရောက်တဲ့အချိန်တွေအတွက် ရိုးရှင်းတဲ့အစီစဉ်လေးထားရှိထားတာက ဆက်လက်ရပ်တည်နိုင်မှုနဲ့ ကျဆုံးမှုကို ခွဲခြားပေးပါတယ်Tank
အကျပ်အတည်းတွေ ဖြစ်မလာဖို့အတွက် မျှော်လင့်နေသလိုပဲ ဒီလိုအချိန်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုပါတယ်Tank
အကျပ်အတည်းဖြစ်လာပြီဆိုရင်လည်း ဒီကျပ်တည်းချိန်အတွင်း လုပ်ငန်းတွေအတွက် လမ်းညွှန်ပေးနိုင်မယ့် နိယာမ (၆) ခုကို ဒီမှာလေ့လာနိုင်ပါတယ်။123
ဆောင်းပါးများ စုစည်းမှု –
SME အတွက် စီးပွားကပ်ကာလစီမံခန့်ခွဲမှု
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။