ငွေရဲ့ အချိန်တန်ဖိုး (Time Value of Money)
ဆောင်းပါးကို ဝေမျှရန်
ဆောင်းပါးများ စုစည်းမှု –
ပြိုင်ပွဲတစ်ခုကို အနိုင်ရပြီး ဆုရွေးချယ်ခွင့် ရမယ်ဆိုရင်
shwe။ ငွေ ၁၀ သိန်းကို အခုချက်ချင်း လက်ခံ မလား။
shwe။ ငွေ ၁၀ သိန်းကို နောက် ၂ နှစ်အကြာမှ လက်ခံမလား။
ဘယ်တစ်ခုကို ရွေးချယ်မလဲ။
အများစုကတော့ ရွေးချယ်မှု (၁) အခုချက်ချင်းရမယ့် ငွေ ၁၀ သိန်းကို ရွေးချယ်ကြပါလိမ့်မယ်။
ကျွန်တော်တို့တော်တော်များများက ငွေရဲ့အချိန်တန်ဖိုးကို မသိစိတ်ကနေ သိထားကြပြီးဖြစ်ပါတယ်။
အဓိကအချက်များ
  • ဒီကနေ့ ရှိတဲ့ငွေက မနက်ဖြန်မှာရှိမယ့် တူညီတဲ့ငွေပမာဏထက် ပိုပြီးအဖိုးတန်ပါတယ်။
  • ဒီကနေ့ ရှိတဲ့ငွေနဲ့ အဲဒီငွေအပေါ်အတိုးရနိုင်သလို အမြတ်အစွန်းရဖို့လည်း ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။
  • ငွေရဲ့ အနာဂတ်တန်ဖိုးက လက်ရှိတန်ဖိုးထက် ပိုများပါတယ်။
  • ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ ငွေရဲ့အချိန်တန်ဖိုးက အရမ်းအရေးကြီးပါတယ်။
ငွေရဲ့အချိန်တန်ဖိုး ဆိုတာ ဘာလဲ။
ငွေရဲ့ အချိန်တန်ဖိုး ဆိုတာ အခုရှိနေတဲ့ငွေက နောင်တစ်ချိန်မှာ ရှိလာမယ့် ပမာဏတူညီတဲ့ငွေထက် ပိုပြီးအဖိုးတန်တယ် လို့ ဆိုလိုတဲ့ အတွေးအခေါ် ဖြစ်ပါတယ်။
ဒါကြောင့် လက်ရှိ ငွေ ၁၀ သိန်းက နောက် ၂ နှစ်အကြာမှာ ရှိမယ့် ငွေ ၁၀ သိန်းထက်ပိုပြီး အဖိုးတန်တာပေါ့။
ဒါပေမယ့် ဒါက တူညီတဲ့ပမာဏ (၁၀ သိန်း) ပါပဲshwe။ ဒါဆို ဘယ်လိုကြောင့် ပိုပြီးအဖိုးတန်တယ်လို့ ဆိုရတာလဲ။
လက်ရှိ ငွေ ၁၀ သိန်းက ဘာလို့ ပိုပြီးအဖိုးတန်တယ်ဆိုတာ သိဖို့အတွက် နည်းလမ်းတစ်ချို့ရှိပါတယ်။
  • အတိုး – အခုချိန်မှာ ငွေ ၁၀ သိန်းရှိရင် အတိုးရဖို့အတွက် ငွေစုဘဏ်စာရင်းထဲမှာ စုထားနိုင်တယ်shwe။ အတိုးနှုန်းက တစ်နှစ်လျှင် ၅% ဖြစ်မယ်ဆိုရင် အခုချိန်မှာ ၁၀ သိန်းဖြစ်နေပေမယ့် နောက် ၂ နှစ်ကြာတဲ့အခါ ၁၁ သိန်းကျော်အထိ တန်ဖိုးရှိလာပါလိမ့်မယ်။
  • ရင်းနှီးမှုအမြတ် – အခုချိန်မှာ ၁၀ သိန်းရှိတယ်ဆိုရင် ဒီငွေတွေကို ရင်းနှီးမြှုပ်နှံထားလို့ ရမယ်shwe။ အစုရှယ်ယာဝယ်ယူထားတာဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတစ်ခုထဲ ရင်းနှီးထားတာဖြစ်ဖြစ် ပြုလုပ်ပြီး ငွေတွေတိုးလာအောင် ပြုလုပ်နိုင်ပါတယ်။
  • ငွေကြေးဖောင်းပွမှု – ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်ဆိုရင် ဒီပမာဏတူညီတဲ့ငွေနဲ့ အနာဂတ်မှာ ဝယ်နိုင်မယ့်အရာက ပိုပြီးနည်းသွားပါလိမ့်မယ်။
  • ဆုံးရှုံးနိုင်ခြေ – အနာဂတ်ဆိုတာ မသေချာပါဘူးshwe။ အနာဂတ်မှာ ငွေ ၁၀ သိန်းရဖို့အတွက် ကတိပြုထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရတော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ငွေဝင်နိုင်ခြေအလားအလာ နဲ့ စောင့်ဆိုင်းမှုအတွက် ဆုံးရှုံးနိုင်ခြေတွေက ယခုလက်ရှိမှာ ရှိတဲ့ငွေက အနာဂတ်မှာ ရှိလာမယ့် တူညီတဲ့ငွေပမာဏထက် ပိုပြီး အဖိုးတန်တယ်ဆိုတာကို ဖော်ပြနေပါတယ်။world
Present value နဲ့ Future value
ငွေရဲ့ အချိန်တန်ဖိုးကို စဉ်းစားတဲ့အခါ “present value” နဲ့ “future value” ဆိုတဲ့ ဝေါဟာရ (၂) ခုကို တွေ့ရပါလိမ့်မယ်။
Present value ဆိုတာ လက်ရှိ ဒီကနေ့ရဲ့ ငွေတန်ဖိုးဖြစ်ပြီး Future value ဆိုတာက နောင်တစ်ချိန်မှာ ဖြစ်လာမယ့် ငွေရဲ့တန်ဖိုးပါ။
အပေါ်မှာ ပြထားတဲ့ ဥပမာအရ ရွေးချယ်မှုနံပါတ် (၁) (အခု ၁၀ သိန်း လက်ခံရရှိခြင်း) ရဲ့ လက်ရှိတန်ဖိုးဟာ ၁၀ သိန်း ဆိုတာ ရိုးရိုးလေးပါပဲ။
သို့သော်လည်း ဒီငွေ ၁၀ သိန်းရဲ့ တန်ဖိုးက နောင် ၂ နှစ်အကြာမှာ ဒီထက်ပိုပြီး များလာပါလိမ့်မယ်shwe။ တကယ်လို့ အတိုးနှုန်း တစ်နှစ် ၅% နဲ့ အတိုးရမယ်ဆိုရင် ဒီကနေ့ ရရှိမယ့် ငွေ ၁၀ သိန်းရဲ့ “အနာဂတ်တန်ဖိုး” က ၁၁ သိန်းလောက်ရှိပါတယ်။ 
ရွေးချယ်မှု နံပါတ် (၂) မှာက ငွေ ၁၀ သိန်းကို နောက် ၂ နှစ်အကြာမှာ ရရှိလိမ့်မယ်လို့ ပြထားပါတယ်shwe။ ဒီပမာဏကိုက အနာဂတ်တန်ဖိုး (Future value) ဖြစ်နေပါပြီ။
ဒါကြောင့် နောက်ပြန်စဉ်းစားကြည့်မယ်ဆိုရင် သူ့ရဲ့ Present value က ၁၀ သိန်းအောက် နည်းပါလိမ့်မယ်shwe။ တစ်နှစ်အတိုးနှုန်း ၅% နဲ့ပဲ စဉ်းစားကြည့်မယ်ဆိုရင် သူ့ရဲ့ Present value က ၉ သိန်းလောက်ပဲ ဖြစ်ပါမယ်။world
Time Value of Moneyworld
ဒီနေ့ ၁၀ သိန်း ရမယ်ဆိုရင် ကိုယ့်ရဲ့ Future value ကို အတိုးဖြင့်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံခြင်းဖြင့်ဖြစ်စေ တိုးများလာအောင် ပြုလုပ်နိုင်ပါတယ်။
ဒါပေမယ့် နောက် ၂ နှစ်ကြာမှ ငွေ ၁၀ သိန်းရရှိမယ်ဆိုရင် ကိုယ့်ဘက်မှာ ငွေကိုတိုးပွားအောင် ပြုလုပ်ဖို့အတွက် အချိန်မရှိပါဘူးshwe။ ရရှိမယ့် ငွေပမာဏက Future value ဖြစ်နေပြီးသားမို့လို့ပါ။
ဒီကနေ့ ၁၀ သိန်းရဲ့တန်ဖိုးနဲ့ နောင် ၂ နှစ်အကြာ ၁၀ သိန်းရဲ့ တန်ဖိုးက မတူဘူးဆိုတာကို တွေ့နိုင်ပါတယ်။world
ငွေရဲ့ အချိန်တန်ဖိုးက ဘာလို့ အရေးပါတာလဲ။
တစ်ကိုယ်ရေဘဏ္ဍာရေးအတွက်ဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းများအတွက်ဖြစ်ဖြစ် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ငွေရဲ့အချိန်တန်ဖိုးက အဓိက ကျပါတယ်။
အပေါ်က ဥပမာမှာဆိုရင် ရွေးချယ်မှုတွေက လွယ်ကူပါတယ်shwe။ ဒါပေမယ့် ရွေးချယ်မှုက ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ရော။
  • အခုချက်ချင်း ၁၀ သိန်းယူမလား။
  • နောက် ၁ နှစ်ကြာမှ ၁၁ သိန်းယူမလား။
ဒီမှာဆိုရင် ၁၁ သိန်းဆိုတာ ၁၀ သိန်းထက် ၁၀% ပိုများပါတယ်။
ဒါဆိုရင် အခုရှိတဲ့ငွေ ၁၀ သိန်းကို ရင်းနှီးမြှုပ်နှံပြီး ဆုံးရှုံးနိုင်ခြေနည်းနည်းနဲ့ ၁၀% ထက်ပိုပြီးရအောင် လုပ်နိုင်မလားဆိုတာ စဉ်းစားရပါမယ်shwe။ တကယ်လို့ ရအောင်လုပ်နိုင်တယ်ဆိုရင်တော့ အခုရတဲ့ ၁၀ သိန်းကို ရွေးချယ်တာဟာ ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ရင်းနှီးမြှုပ်နှံရမယ့် အကြံဥာဏ်ကောင်းကောင်း မရှိဘူးဆိုရင်တော့ နောက် ၁ နှစ်ကြာမှ ရမယ့် ငွေ ၁၁ သိန်းကို စောင့်ဖို့ ဆုံးဖြတ်ရပါလိမ့်မယ်။
မှတ်ချက် – ဆုံးရှုံးနိုင်ခြေက အရေးပါတဲ့အချက်တစ်ချက်ပါ။
လောင်းကစားပြုလုပ်ပြီး ငွေ ၁၀ သိန်းကို နှစ်ဆဖြစ်အောင် ပြုလုပ်နိုင်ပေမယ့် ရှိတဲ့ ၁၀ သိန်းပါ ပြောင်ပြီး ဘာမှပြန်မရနိုင်ခြေကလည်း တော်တော်များပါတယ်။
Present value နဲ့ Future value ကို နှိုင်းယှဉ်တဲ့အခါ ဆုံးရှုံးနိုင်ခြေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
တစ်ကိုယ်ရေဘဏ္ဍာရေးမှာဆိုရင် Present နဲ့ Future value ကို ငွေစုဘဏ်အပ်ငွေစာရင်းရဲ့ အတိုးနှုန်းနဲ့ တွက်လေ့ရှိကြပါတယ်shwe။ ဒါကတော့ လူတိုင်းလုပ်နိုင်ပြီး ဆုံးရှုံးနိုင်ခြေလည်း နည်းပါတယ်။
ငွေရဲ့ အချိန်တန်ဖိုး ဆိုတာ ခေတ်သစ်ဘဏ္ဍာရေးရဲ့ အဓိကကျတဲ့ ယူဆချက်တစ်ခု ဖြစ်ပါတယ်။
ရွေးချယ်မှုတွေရဲ့ Present value နဲ့ Future value ကို နားလည်ထားတယ်ဆိုရင် အတိုး၊ ငွေကြေးဖောင်းပွမှု၊ ကိုယ့်ရဲ့ဆုံးရှုံးခံနိုင်စွမ်း နဲ့ ခန့်မှန်းအမြတ်တွေအပေါ် မူတည်ပြီး ဘယ်ရွေးချယ်မှုက အကောင်းဆုံးဖြစ်မလဲဆိုတာကို ဆုံးဖြတ်ရာမှာ အထောက်အကူဖြစ်ပါလိမ့်မယ်။
Present value နဲ့ Future value ကို အသေးစိတ် တွက်ကြည့်ချင်တယ်ဆိုရင် Present value နဲ့ Future value တွက်ချက်ခြင်း မှာ လေ့လာနိုင်ပါတယ်။  world
ဆောင်းပါးများ စုစည်းမှု –
ငွေအကြောင်း နားလည်ခြင်း
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။