ဘဏ်စာအုပ် ပျက်စီးပျောက်ဆုံးသွားခဲ့ရင်

ဆောင်းပါးကို ဝေမျှရန်

ဘဏ်စာအုပ် (Passbook) ပျောက်ဖူးပါသလား။
ဘယ်မှာသိမ်းထားမိမှန်းမသိဘူး ဖြစ်နေလား။
ရန်သူမျိုးငါးပါးကြောင့် ပျက်စီးသွားပါသလားTank

ငွေစုဘဏ်အပ်ငွေစာရင်း (Savings Account) ဖွင့်လိုက်ပြီဆိုတာနဲ့ ဘဏ်တော်တော်များများက ဘဏ်စာအုပ် (Passbook) ကိုထုတ်ပေးလေ့ရှိပါတယ်financeဘဏ်စာအုပ်အကြောင်း ဒီမှာလေ့လာပါTank

ဒီဘဏ်စာအုပ်လေးက ကိုယ့်ဘဏ်အကောင့်ရဲ့ ငွေသွင်းငွေထုတ်ကိစ္စမှန်သမျှကို မှတ်တမ်းတင်ပေးထားမှာဖြစ်ပါတယ်finance။ ကိုယ့်စာရင်းထဲက ငွေကို ဘဏ်ကနေထုတ်တော့မယ်ဆိုရင် မှတ်ပုံတင်နဲ့ ဒီဘဏ်စာအုပ်လေးကို ယူသွားဖို့ လိုအပ်ပါတယ်financeATM စက်ကနေ ATM ကတ်နဲ့ ထုတ်မယ်ဆိုရင်တော့ ဘဏ်စာအုပ် ယူသွားဖို့ မလိုပါဘူးTank

တကယ်လို့အကြောင်းအမျိုးမျိုးကြောင့် ဘဏ်စာအုပ်ပျောက်သွားခဲ့ရင်ပဲဖြစ်ဖြစ်၊ ပျက်စီးသွားခဲ့ရင်ပဲဖြစ်ဖြစ် ဘဏ်မှာပြန်လျှောက်ထားလို့ရပါတယ်Tank

ဒီလို ဘဏ်စာအုပ် ပျက်စီးပျောက်ဆုံးသွားတဲ့အခါ လုပ်ဆောင်ရမယ့်အချက်တစ်ချို့ကတော့ –

finance။ စာအုပ်ပျောက်တာကို သိသိချင်း ဘဏ်ကိုဖုန်းဆက် အကြောင်းကြားထားရပါမယ်Tank

finance။ ရဲစခန်းမှာ ဘဏ်စာအုပ်ပျောက်ဆုံးကြောင်းထောက်ခံစာသွားယူရပါမယ်Tank

finance။ ပြီးရင်တော့ ကိုယ်ဘဏ်စာရင်းဖွင့်ခဲ့တဲ့ ဘဏ်ခွဲကို မှတ်ပုံတင်မူရင်း၊ ပျောက်ဆုံးကြောင်းရဲစခန်းထောက်ခံစာနဲ့အတူ ဘဏ်ကို လူကိုယ်တိုင်သွားပြီး ဘဏ်စာအုပ် အသစ်ပြန်လည်လျှောက်ထားရမှာပဲဖြစ်ပါတယ်Tank

finance။ စာအုပ်ပြန်လည်လျှောက်ထားခြင်းအတွက် ပြန်လည်လျှောက်ထားခြင်းဝန်ဆောင်ခ ပေးဆောင်ရလေ့ရှိပါတယ်။
ဘဏ်အချို့ရဲ့ ဘဏ်ကတ်၊ ဘဏ်စာအုပ် ပျောက်ပျက် ပြန်လည်လျှောက်ထားခနှုန်းထားများကို ဒီမှာ နှိုင်းယှဉ်ဖော်ပြပေးထားပါတယ်။

ငွေထုတ်တဲ့ အခါတိုင်း ဘဏ်အကောင့်ပိုင်ရှင်ရဲ့ မှတ်ပုံတင်၊ လက်မှတ်၊ ဘဏ်စာအုပ်တို့ လိုအပ်တာဖြစ်တဲ့အတွက် ဘဏ်စာအုပ်ပျောက်သွားခဲ့ရင်လည်း ကိုယ့်အကောင့်ထဲကငွေကို တခြားသူတစ်ယောက်က အလွယ်တကူထုတ်ယူလို့ မရနိုင်ပါဘူးTank

အထိုက်အလျောက် လုံခြုံမှုရှိတယ်ဆိုပေမယ့် ၁၀၀ ရာခိုင်နှုန်းလုံခြုံပါတယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူးfinance။ ဒါကြောင့် ကိုယ့်ရဲ့ဘဏ်စာအုပ်ကို မပျက်စီးမပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရင်တော့ အကောင်းဆုံးပါ။testing


ဘဏ်ဝန်ဆောင်မှုတွေ၊ ဘဏ်စာရင်းတွေအကြောင်းနဲ့ပတ်သက်ပြီး ဒီမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

ဘဏ်စာအုပ်ပျက်စီးသွားရင် ဘဏ်စာအုပ်ပျောက်ဆုံးသွားရင် ဘဏ်စာအုပ် ငွေစုစာအုပ်ပျောက်ဆုံးပျက်စီးသွားရင်ဘယ်လိုလုပ်မလဲ what to do when you lost your bank passbook

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။