ဘဏ်ဖွင့်ချိန်နှင့် ဘဏ်ပိတ်ရက်များ
ဆောင်းပါးကို ဝေမျှရန်
ဘဏ်ဖွင့်ချိန်
ဘဏ်များက ပုံမှန်အားဖြင့် ရုံးဖွင့်ရက်တိုင်း မနက် ၉ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ ဖွင့်ပါတယ်Neo
ဒါပေမယ့် လစာထုတ်ရက်၊ လ တစ်လရဲ့ နောက်ဆုံး အလုပ်လုပ်ရက်များမှာတော့ မွန်းလွဲ ၂ နာရီမှာ စောပြီး ပိတ်ပါတယ်dingar။ တစ်ချို့ဘဏ်တွေကလည်း ဒီလိုနေ့မျိုးမှာ မနက် ၈ နာရီခွဲကနေ စပြီး အနည်းငယ် စောဖွင့်နိုင်ပါတယ်Neo
ATM ဝန်ဆောင်မှုတွေကတော့ ပုံမှန်အားဖြင့် ၂၄ နာရီ ဝန်ဆောင်မှု ဖြစ်ပါတယ်Neo
အဓိကဘဏ်တွေရဲ့ ဖုန်းခေါ်ဆိုမေးမြန်းမှုစင်တာ (Call center) တွေက ၂၄ နာရီ ဝန်ဆောင်မှု ပေးပါတယ်Neo
ပုဂ္ဂလိကဘဏ်များအကြောင်း ဒီမှာလေ့လာပါ။hello
ဘဏ်ပိတ်ရက်များ
၂၀၂၁ ခုနှစ်အတွက် ဘဏ်ပိတ်ရက်များကတော့
ဇန်နဝါရီလ ၁ ရက် နိုင်ငံတကာနှစ်သစ်ကူးနေ့
ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့
ဇန်နဝါရီလ ၁၃ ရက် ကရင်နှစ်သစ်ကူးနေ့
ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့
မတ်လ ၂ ရက် တောင်သူလယ်သမားနေ့
မတ်လ ၂၆ ရက် တပေါင်းလပြည့်နေ့ အစားထိုးရုံးပိတ်ရက်
မတ်လ ၂၇ ရက် တပေါင်းလပြည့်နေ့၊ တပ်မတော်နေ့
မတ်လ၂၉ ရက် တပ်မတော်နေ့ အစားထိုးရုံးပိတ်ရက်
ဧပြီလ ၁ ရက် ဘဏ်အားလပ်ရက်
ဧပြီလ ၁၃ ရက်မှ ၁၉ ရက်အထိ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်
ဧပြီလ ၃၀ ရက် အလုပ်သမားနေ့ အစားထိုးရုံးပိတ်ရက်
မေလ ၁ ရက် အလုပ်သမားနေ့
မေလ ၂၅ ရက် ကဆုန်လပြည့်နေ့
ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့
(မကြေညာသေးပါ) အီးဒ်နေ့
ဇူလိုင်လ ၂၃ ရက် ဝါဆိုလပြည့် ဓမ္မစကြာနေ့
အောက်တိုဘာလ ၁ ရက် ဘဏ်အားလပ်ရက်
အောက်တိုဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ သီတင်းကျွတ်ရုံးပိတ်ရက်
နိုဝင်ဘာလ ၁၇ ရက်မှ ၁၈ ရက်အထိ တန်ဆောင်တိုင်ရုံးပိတ်ရက်
(မကြေညာသေးပါ) ဒီပါဝလီနေ့
နိုဝင်ဘာလ ၂၈ ရက် အမျိုးသားနေ့
နိုဝင်ဘာလ ၂၉ ရက် အမျိုးသားနေ့ အစားထိုးရုံးပိတ်ရက်
ဒီဇင်ဘာလ ၂၄ ရက် ခရစ္စမတ်နေ့ အစားထိုး ရုံးပိတ်ရက်
ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့
ဒီဇင်ဘာလ ၃၁ ရက် နိုင်ငံတကာနှစ်သစ်ကူးအကြိုနေ့
မှတ်ချက် – တစ်ချို့ဘဏ်ပိတ်ရက်များကို အနီးကပ်မှ ကြေညာတာမျိုးလည်း ရှိနိုင်ပါတယ်။
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။