ဘဏ်မှတစ်ဆင့်ငွေလွှဲခြင်း

ဆောင်းပါးကို ဝေမျှရန်

တစ်ယောက်ယောက်ဆီကို ဘဏ်ခွဲတစ်ခုခုကနေတစ်ဆင့် ငွေလွှဲတဲ့နည်းလမ်းဟာ မိရိုးဖလာငွေလွှဲခြင်းလမ်းကြောင်းတစ်ခုဖြစ်ပါတယ်finance။ တစ်ယောက်ယောက်ရဲ့ ဘဏ်အကောင့်ထဲကို တိုက်ရိုက်ငွေသွင်းလိုက်လို့ရသလို သူတို့ရဲ့မှတ်ပုံတင်နံပါတ်နဲ့လည်း လွှဲပို့နိုင်ပါတယ်။ ငွေလွှဲနိုင်တဲ့နည်းလမ်းအမျိုးမျိုးကို ဒီမှာ လေ့လာပါ။

Mobile banking တွေ Mobile wallet တွေက အဆင်ပြေမှုတွေ ပိုပြီး ပေးစွမ်းနိုင်တယ်ဆိုပေမယ့် အမြဲတမ်းရွေးချယ်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်မနေပြန်ပါဘူးfinance။ ဥပမာပြရရင် –

  • ငွေလက်ခံမယ့်သူရဲ့ဘဏ်အကောင့်က ကိုယ်အကောင့်ဖွင့်ထားတဲ့ဘဏ်နဲ့မတူတဲ့အခါ (အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ ဘယ်ဘဏ်အကောင့်ကိုပဲ ငွေလွှဲပေးရမယ်လို့ သတ်မှတ်ထားလေ့ရှိပါတယ်။)
  • Mobile banking တွေ၊ Mobile wallet တွေက သတ်မှတ်ထားတဲ့ တစ်ရက်အတွင်းလွှဲပို့နိုင်တဲ့ ကန့်သတ်ပမာဏထက် ပိုလွှဲလိုတဲ့အခါ (ပုံမှန်အားဖြင့် ကျပ်ငွေ ၁၀ သိန်း သတ်မှတ်ထားလေ့ရှိပါတယ်။)

ဒီလို အခြေအနေမျိုးမှာ Mobile banking နဲ့ Mobile wallet နည်းလမ်းကို ရွေးချယ်လို့ အဆင်မပြေနိုင်ပါဘူးfinanceMobile banking ဖြင့် ငွေလွှဲနည်း နဲ့ Internet banking ဖြင့် ငွေလွှဲနည်းကို ဒီမှာ လေ့လာပါNeo

ဘဏ် နဲ့ Mobile wallet ရဲ့ လုပ်ဆောင်ချက်တွေ မတူပါဘူးfinanceသူတို့ရဲ့ ကွာခြားချက်ကို ဒီမှာလေ့လာနိုင်ပါတယ်Neo

ငွေလက်ခံမယ့်သူနဲ့ ဘဏ်တူ အကောင့်မရှိဘူးဆိုရင် ကိုယ်ကလည်းအဲဒီဘဏ်မှာ အကောင့်မဖွင့်ချင်ဘူးဆိုရင်တော့ အဲဒီဘဏ်ရဲ့ ဘဏ်ခွဲတစ်ခုခုကို လွှဲချင်တဲ့ငွေပမာဏယူဆောင်ပြီး သွားလွှဲမှပဲရပါမယ်Neo

လက်ရှိအချိန်မှာ မတူတဲ့ဘဏ်အားလုံးနီးပါးက သူတို့အချင်းချင်းကြား ငွေလွှဲခွင့် မပြုထားပါဘူးfinance။ (ကိုယ့်မှာ စာရင်းရှင်စာရင်း (Current account) ရှိရင်တော့ ချက်လက်မှတ်ထုတ်ပေးလို့တော့ရပါလိမ့်မယ်။)

ဘယ်လိုပဲဆိုဆို ငွေလွှဲတဲ့အခါ ဘယ်ဘဏ်က ဝန်ဆောင်ခ ဘယ်လိုရှိလဲဆိုတာကိုတော့ သိထားတာ ကောင်းပါတယ်။ ငွေလွှဲတဲ့အခါ တခြားသတိပြုရမယ့်အချက်လေးတွေကိုလည်း ဒီမှာ လေ့လာနိုင်ပါတယ်။
testing


ဘဏ်တွေရဲ့ ငွေလွှဲဝန်ဆောင်ခနှုန်းထားမျာ(မေလ၊ ၂၀၁၉)
testing


ဘယ်နည်းလမ်းကို ရွေးရမှန်းမသိဘူးဆိုရင် Shwedingar.com မှ ရွေးချယ်ထားသော ထိပ်ဆုံးမှငွေလွှဲဝန်ဆောင်မှုများကို လေ့လာကြည့်ပါ။

ဘဏ်မှငွေလွှဲခြင်း ငွေလွှဲ ငွေလွှဲနည်း ငွေလွှဲခြင်း ဘဏ်မှငွေလွှဲခြင်း ways to transfer from bank

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။