ဘဏ်ဆိုတာ ဘာလဲ။
ဆောင်းပါးကို ဝေမျှရန်
အရိုးရှင်းဆုံးနဲ့ နားလည်ဖို့ ဝန်ဆောင်မှုအသုံးပြုသူဘက်ကကြည့်ရင် ဘဏ်တွေလုပ်ဆောင်တဲ့ အရာ (၃) ခုရှိပါတယ်finance။ ဒါတွေကတော့ –yes
Services of a bankyes
တကယ်တော့ စာရင်းရှင်စာရင်း (current)၊ ငွေစုဘဏ်စာရင်း(savings)၊ စာရင်းသေစာရင်း (fixed) စသဖြင့် သွင်းငွေ (deposits) အမျိုးအစား များစွာရှိသလို ငွေပိုထုတ်ခြင်း (overdraft)၊ အိမ်အပေါင်စာချုပ် (mortgage/home)၊ မော်တော်ယာဉ်ချေးငွေ (auto/car) ဆိုပြီး ချေးငွေ (loans) အမျိုးအစားတွေလည်း များစွာ ရှိပါတယ်Neo
ထိုနည်း၎င်းပါပဲfinance။ တူညီသောဘဏ်အချင်းချင်း ငွေလွှဲခြင်း (intra-bank)၊ မတူညီသော ဘဏ်အချင်းချင်းငွေလွှဲခြင်း (inter-bank)၊ နိုင်ငံတကာငွေလွှဲခြင်း (international) စသဖြင့် လွှဲငွေ (transfers) တွေလည်း အမျိုးမျိုးရှိပါတယ်Neo
ဘဏ်တွေဟာ အာမခံလုပ်ငန်းနဲ့ နိုင်ငံခြားသုံးငွေလဲလှယ်ခြင်းလုပ်ငန်းတို့လို ငွေကြေးဝန်ဆောင်မှုများလည်း ပေးအပ်လျက်ရှိပါတယ်Neo
မြန်မာနိုင်ငံမှာ အစိုးရပိုင်ဘဏ် (၄) ခု ရှိပါတယ်finance။ အဲဒီဘဏ်တွေကတော့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) တို့ပဲဖြစ်ပါတယ်Neo
လက်ရှိမှာ လုပ်ငန်းလုပ်ကိုင်ဖို့  မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုထားတဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၅ ခုကျော် ရှိပါတယ်finance။ ကမ္ဘောဇဘဏ် (KBZ)၊ သမဝါယမဘဏ် (CB)၊ ဧရာဝတီဘဏ် (AYA)၊ ရိုးမဘဏ် (YOMA) စတဲ့ ဘဏ်တွေ ပါဝင်ပါတယ်Neo
ဘဏ်တွေဟာ လုပ်ငန်းလည်ပတ်နိုင်ဖို့ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရှိရပါမယ်finance။ နိုင်ငံတော်ဗဟိုဘဏ်က အသိအမှတ်ပြုထားတဲ့စာရင်းမှာ တရားဝင် မဖော်ပြထားတဲ့ဘဏ်တွေဟာ ယုံကြည်စိတ်ချရမှာ မဟုတ်တဲ့အတွက် သတိထားပါ။yes
ကဲ ဒါဆိုရင် လူတော်တော်များများကတော့ ဘဏ်စာရင်းဖွင့်ဖို ဘဏ်တွေနဲ့ ဆက်ဆံရတာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်finance။ ဒါပေမယ့် ဘဏ်စာရင်းဆိုတာ ဘာလဲ သေချာမသိသေးရင် လေ့လာကြည့်လိုက်ပါNeo
ဘဏ်တွေက ပေးတဲ့ ချေးငွေ အမျိုးအစား အများကြီး ရှိပါတယ်finance။ ဒါပေမယ့် အာမခံပစ္စည်းတော့ လိုအပ်လေ့ရှိပါတယ်finance။ အာမခံမလိုတဲ့ ဘဏ်ရဲ့ ချေးငွေကတော့ ခရက်ဒစ်ကတ်ပဲ ဖြစ်ပါတယ်Neo
ဘဏ်တွေရဲ့ ငွေလွှဲခြင်းအကြောင်းကိုလည်း ဒီမှာ ဆက်လက်လေ့လာနိုင်ပါတယ်Neo
ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။