အသုံးစရိတ်လျှော့ချခြင်းဖြင့် ငွေချွေတာစုဆောင်းနိုင်မယ့် အလေ့အကျင့် (၈) ခု

ဆောင်းပါးကို ဝေမျှရန်

ကိုယ့်ရဲ့အသုံးစရိတ်ကို အစီအစဉ်ချပြီး ချမှတ်ထားတဲ့ အစီစဉ်အတိုင်း လိုက်နာဆောင်ရွက်ဖို့က ခက်ခဲတယ်ဆိုတာ မှန်ပါတယ်။  ဒီလိုအလေ့အကျင့်ပြုလုပ်ဖို့လည်း အချိန်အတော်ယူပြီး ကြိုးစားရပါတယ်dingar။ ဒါပေမယ့် အလေ့အကျင့်ဖြစ်သွားတဲ့အခါ ဒီအလေ့အကျင့်ကနေ ဘဏ္ဍာရေးဆိုင်ရာ လုံခြုံစိတ်ချမှု အကျိုးကျေးဇူးတွေကို ရရှိခံစားရလာပါလိမ့်မယ်Cypher

အသုံးစရိတ်နဲ့ ချွေတာစုဆောင်းခြင်းကို ကောင်းစွာစီမံစေနိုင်မယ့် အလေ့အကျင့် (၈) ခုကို ဖော်ပြပေးထားပါတယ်Cypher

dingar။ ရေရှည်ပန်းတိုင်ထားပါ။

ကိုယ်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရေးမှတ်ထားပြီး မြင်သာထင်သာရှိတဲ့နေရာမှာ ထားပါdingar။ ထားရှိခဲ့တဲ့ ပန်းတိုင်ကို မမေ့အောင် အမြဲတမ်း ပြန်ကြည့်ပါdingar။ အမြဲပြန်လည် ဆန်းစစ်ပါ။  ဒီလို တိကျသေချာတဲ့ ပန်းတိုင်ထားရှိပြီး ကြိုးစားခြင်းဖြင့် လမ်းကြောင်းမှန်ပေါ်မှာ အမြဲရှိနေရုံသာမက ပန်းတိုင်ကို အမြန်ဆုံးရောက်အောင် ပြုလုပ်ပေးနိုင်ပါတယ်dingarစုငွေအတွက် ပန်းတိုင်ဘယ်လိုထားရမလဲဆိုတာ ဆက်လက်လေ့လာကြည့်ပါ။

dingar။ အသုံးစရိတ်ကို အချိန်ပေး စီစဉ်ပါ။

ကိုယ့်ရဲ့ ဝင်ငွေအပေါ်မူတည်ပြီး လစဉ်ဖြစ်စေ၊ တစ်ပတ်စီ ဖြစ်စေ စုဆောင်းမယ့် ငွေပမာဏ၊ အသုံးပြုမယ့် ငွေပမာဏ စသဖြင့် အသုံးစရိတ်ကို အချိန်ပေးပြီး စီစဉ်မယ်ဆိုရင် အသုံးစရိတ်ကို ချွေတာပြီး ပိုမိုစုဆောင်းနိုင်လာပါလိမ့်မယ်dingar။ ဒီလို စီစဉ်တဲ့အခါ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ လိုချင်တာကိုလည်း ကွဲကွဲပြားပြား သိဖို့လိုပါတယ်dingarအသုံးစရိတ် အစီအစဉ်ဆွဲခြင်းအကြောင်း ဆက်လက်ဖတ်ရှုနိုင်ပါတယ်Cypher

dingar။ စုတာ ပထမ၊ သုံးတာ ဒုတိယ

ငွေကို အရင်စုပါdingar။ ပိုတာကိုပဲ အသုံးပြုပါ။လစဉ် စုဆောင်းမယ့်ငွေကို အရင်ဖယ်ထားပါdingar။ ဖယ်ထားတဲ့ စုငွေကို မမြင်နိုင်မယ့်၊ အလွယ်တကူ ယူမသုံးမိနိုင်မယ့်နေရာမျိုးမှာ ထားပြီး စုငွေရှိတယ်ဆိုတာကို လကုန်တဲ့အထိ မေ့ထားပါdingar။ အမှုမဲ့ အမှတ်မဲ့နေပါ။  မမြင်နိုင်တဲ့ စာအိတ်ထဲမှာ ဖြစ်ဖြစ်၊ ငွေစုဘဏ်အပ်ငွေစာရင်းထဲမှာပဲဖြစ်ဖြစ် ထားခြင်းဖြင့် ကိုယ့်ရဲ့ငွေစုတဲ့ အလေ့အကျင့်ကိုလည်း ပိုမိုစွဲမြဲလာစေနိုင်ပါတယ်Cypher

dingar။ ငွေကို အချိန်အဖြစ် စဉ်းစားကြည့်ပါ။

ငွေကို လိုချင်တာအတွက် အသုံးပြုတော့မယ်ဆိုရင် ကိုယ်အသုံးပြုမယ့်ငွေကို ရရှိဖို့အတွက် ဘယ်နှ နာရီ၊ ဘယ်နှရက်၊ ဘယ်နှလလောက် အချိန်ကုန်ခံ၊ အပင်ပန်းခံပြီး အလုပ်လုပ်ခဲ့ရတယ်ဆိုတာကို ပြန်စဉ်းစားကြည့်ပါCypher

dingar။ ဝယ်စရာများအတွက် စာရင်းပြုစုပါ။ 

ဈေးဝယ်ထွက်တော့မယ်ဆိုရင် မသွားခင် ဝယ်ခြမ်းစရာတွေကို လိုချင်တာနဲ့ လိုအပ်တာခွဲပြီး စာရင်းပြုပါdingar။ ဒီလိုကြိုတင်စာရင်းပြုထားတဲ့အတွက် ကိုယ့်ရဲ့ အစီအစဉ်ချထားတဲ့ အသုံးစရိတ်အတိုင်းလည်း အသုံးပြုဖြစ်သွားမယ်၊ စာရင်းထဲမှာ မပါဘဲ ဝယ်ချင်တာတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း ဒီစာရင်းနဲ့ ထိန်းချုပ်နိုင်ပါလိမ့်မယ်Cypher

dingar။ အသုံးစရိတ်ခြေရာခံပါ။

အသုံးစရိတ်ကို ခြေရာမခံဖူးဘူးဆိုရင် တစ်ပတ် သို့မဟုတ် တစ်လ စပြီး ခြေရာခံကြည့်ပါdingar။ တစ်လပြည့်တဲ့အခါ ကိုယ်အသုံးပြုခဲ့သမျှကို ပြန်လည်ဆန်းစစ်ကြည့်ပါdingar။ ကိုယ့်ရဲ့ အသုံးစရိတ်အစီအစဉ်နဲ့ နှိုင်းယှဉ်ပြီး ကိုယ်အသုံးပြုချင်တာထက် ပိုပြီး အသုံးပြုခဲ့လား၊ ဒါမှမဟုတ် လျော့ပြီး အသုံးပြုခဲ့လားဆိုတာကို ကြည့်ပါdingar။ ကိုယ့်ပိုက်ဆံတွေကို ဘယ်မှာ ဘယ်လို သုံးပြီး ဘယ်ရောက်သွားတယ်ဆိုတာ မထင်မှတ်ထားတာတွေ တွေ့ရပါလိမ့်မယ်dingarအသုံးစရိတ်ခြေရာခံခြင်းအကြောင်း ဆက်လက်လေ့လာနိုင်ပါတယ်Cypher

dingar။ ၁၀၀ ဆယ်ခါဖြုန်း ၁၀၀၀။

အသေးအမွှားလို့ ထင်ထားတဲ့အရာတွေက တဖြည်းဖြည်းများလာတဲ့အခါ ပမာဏအများကြီး ဖြစ်သွားနိုင်တာကို အမြဲသတိရပါdingar။ တစ်ခါတစ်ရံ ဘတ်စ်ကားစီးမယ့်အစား တက္ကစီစီးလိုက်တာက အဆင်ပြေပေမယ့် အကြိမ်ရေများလာတဲ့အခါ တက္ကစီခ အများကြီးကုန်ကျခဲ့တာကို သတိထားမိမှာပါdingar။ ဆန့်ကျင်ဘက်အားဖြင့် နေ့တိုင်း နည်းနည်းစီစုသွားရင် စစချင်းတော့ သိပ်မသိသာပေမယ့် အချိန်ကြာလာတဲ့အခါ အများကြီးစုမိနေတာကို တွေ့ရပါလိမ့်မယ်Cypher

dingar။ ချရေးမှတ်ထားပါ။

ပန်းတိုင်ဖြစ်စေ၊ အသုံးစရိတ်ဖြစ်စေ၊ ဈေးဝယ်စာရင်းဖြစ်စေ၊ ဖြစ်နိုင်ရင် အားလုံးကို ချရေးမှတ်ထားသင့်ပါတယ်dingar။ ဒီလိုရေးမှတ်ထားခြင်းဖြင့် ကိုယ့်ကို ချွေတာစုဆောင်းခြင်း လမ်းကြောင်းမှန်ပေါ်ရောက်စေပြီး ကိုယ့်ရဲ့ဘဏ္ဍာရေး စီမံတဲ့နေရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။yes


အပေါ်မှာ ဖော်ပြခဲ့တဲ့ အလေ့အကျင့်တွေရှိလာပြီဆိုရင် မလိုအပ်တဲ့အရာတွေအတွက် အသုံးပြုခြင်း လျော့နည်းလာကာ ငွေတွေ ပိုမိုစုဆောင်းနိုင်လာပြီး ကိုယ့်ရဲ့ ပန်းတိုင်ကို ပိုမိုမြန်ဆန်စွာ ရောက်ရှိစေနိုင်ပါတယ်Cypher

အသုံးစရိတ်လျှော့ချခြင်း အသုံးစရိတ်လျှော့ခြင်း အသုံးစရိတ်လျော့ခြင်း အသုံးလျော့ ချွေတာခြင်း ချွေတာ ဘယ်လိုချွေတာ ချွေတာနည်း အသုံးစရိတ် လျှော့ချခြင်း ချွေတာခြင်း reducing waste how to save money saving reduce expense

ဆောင်းပါးကို ဝေမျှရန်
ထင်မြင်ချက် မျှဝေခဲ့ပါ။